ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြသနာများစွာ ရှိနေခြင်းကြောင့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်သည့်အပြင်
ပြည်သူများလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအကြံပေး
မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ် က ပြောသည်။
ရန်ကုန်မြို့သည် ဘာသာပေါင်းစုံ၊
လူမျိုးပေါင်းစုံရောနှောနေထိုင်လျှက်ရှိသည့် စီးပွားရေးမြို့တော် ဖြစ်ခြင်းကြောင့် အမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းရေးနှင့်
မြို့ပြလူထု ရင်ဆိုင်နေရသော ပြသနာများဖြစ်သည့် အမှိုက်စွန့်ပစ်ရေး၊ ရေပေးဝေမှု၊ လျှပ်စစ်ပံ့ပိုးမှု၊ ယာဉ်ကြောပိတ်ဆို့မှု၊မြေအသုံးချမှုနှင့် အိမ်ရာမလုံလောက်မှုပြသနာများကို ဖြေရှင်းရမည်ဟု ၎င်းကပြောသည်။
” ရန်ကုန်မြို့မှာ ရင်ဆိုင်နေရတဲ့ပြသနာတွေက အများကြီး ရှိပါတယ်။ ဒါတွေ ပြေပျောက်ဖို့ ချက်ချင်းကြီး မန်းမှုတ်လို့ မရပါဘူး။ယာဉ်ကြောပိတ်ဆို့မှုအပိုင်းမှာဆိုရင် ပြည်သူလူထု ကိုယ်တိုင်ကလည်းကားတွေစည်းကမ်းရှိအောင် မောင်းနှင်ဖို့ လိုပါတယ်။ ရေပေးဝေမှုမှာဆိုရင်ရန်ကုန်မြို့ လူဦးရေ၏ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။
ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဆိပ်ကြီးခနောင်တို၊
မြို့နယ် ၄ ခုကို ရေပေးဝေမှု စနစ်မရှိသလောက်ပါပဲ ” ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့၏ လူဦးရေသည် လက်ရှိ၌ ၇ သန်း ရှိသော်လည်း ပြောင်းရွှေ့အခြေချမှုများ၊ စီးပွားရေးအခွင့်အလမ်းများကြောင့် ၂၀၄၀ ခုနှစ်၌ ၁၁.၇၃ သန်းအထိ ရှိလာနိုင်မည်ဟုခန့််မှန်းထားသည်။
” မြို့ပြစီမံကိန်းဆိုတာ အခြေခံအဆောက်အအုံတွေပေါင်းပြီး စီမံဆောင်ရွက်ရတာပါ။ တိုးတက်လာမယ့်
လူဦးရေပေါ်မူတည်ပြီး အခြေခံအဆောက်အအုံတွေ လိုအပ်လာမှာပါ။ နေထိုင်သူတွေအပေါ် မူတည်ပြီး လူမှုရေးဆိုင်ရာအဆောက်အအုံတွေဖြစ်တဲ့ ကျောင်း၊ ဆေးခန်း စတာတွေကို ထိန်းသိမ်းတွက်ချက်ပြီး လုပ်ဆောင်ရမှာပါ ” ဟု ၎င်းကပြောသည်။
Credit : ရွှေဆဌဂံ