နိုင်ငံတော်မျက်နှာ အိုးမဲမသုတ်စေချင်ပါ

နိုင်ငံတော်မျက်နှာ အိုးမဲမသုတ်စေချင်ပါ - Property News in Myanmar from iMyanmarHouse.com
30 Jun 2015 11:08 am တွင် တင်ခဲ့သည်
1718 ကြိမ် ကြည့်ရှု့ပြီး
ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀က ကျောင်းသွားကျောင်းပြန် ပြည်လမ်းပေါ်ကနေ ဘတ်စ်ကားဖြတ် သွားတိုင်း ပြည်သူ့ရင်ပြင်ကိုဖြတ်ပြီး ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြင်လိုက်ရတဲ့အခါတိုင်း ကျွန်တော့်အတွေး အာရုံထဲမှာ စကားလုံးတစ်လုံး ထင်ဟပ်လာတယ်။ အဲဒီစကားလုံးက နိုင်ငံတော်မျက်နှာ ဆိုတဲ့ စကားလုံးပဲ ဖြစ် ပါတယ်။ ဒီစကားလုံးက ကျွန်တော်တို့မြန်မာစာဌာနရဲ့ အငြိမ်းစားပါမောက္ခ ဆရာဦးမောင်မောင်ကြီး ပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။ ကျွန်တော်တို့ တတိယနှစ်မြန်မာစာအထူးပြုကျောင်းသားတွေ သင်ခဲ့ရတဲ့ဆောင်းပါးပါ။ အဲဒီ ဆောင်းပါး သင်ပြီး၊ ဖတ်ပြီးတဲ့အချိန်ကစလို့ ကျွန်တော့်အာရုံထဲမှာ ရွှေတိဂုံစေတီတော်ပေါ်လာတိုင်း အဲဒီ နိုင်ငံတော်မျက်နှာ ရယ်လို့ ဆရာဦးမောင်မောင်ကြီး (တက္ကသိုလ်မောင်မောင်ကြီး) ကင်ပွန်းတပ်ခဲ့တဲ့ ဂုဏ်ပုဒ်က အလိုလိုတွဲဖက်ပေါ်ပေါက်လာစမြဲပါ။

ရွှေတိဂုံစေတီတော်အနီးမှာ အထပ်မြင့်လူနေအဆောက်အအုံတွေ ဆောက်လုပ်မယ်ဆိုတဲ့သတင်း ကြားတော့ ပထမပိုင်းမှာ မုဒိတာတော့ ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာတွေက နဂိုကတည်းက အင်မတန်တန်ဖိုးကြီးတဲ့နေရာတွေ ဆိုတော့ ကိုယ် သွားဝယ်မနေနိုင်ပေမယ့်လည်း နေနိုင်တဲ့သူတွေ နေကြမှာ တွေးပြီး ၀မ်းမြောက်မိတာပါ။ ဒါပေမဲ့ သိပ်မြင့်တဲ့အထပ်တွေဆောက်မှာဆိုတော့ စေတီတော်ကို အဝေးကြည့်အမြင်အရ ကွယ်သွားနိုင်တယ်ဆိုတာ ဆက်တွေးမိပြီး နည်းနည်းတော့ မုဒိတာအားပျော့လာတယ်။ ဒီ့ထက်ဆိုးတာက ဒဂုံစီးတီးကြော်ငြာ တီဗီကလာ တဲ့အချိန်မှာ ကိုယ့်စိတ်ခံစားချက်နဲ့သတ်မှတ်ထားခဲ့တဲ့ နိုင်ငံတော်မျက်နှာ အိုးမဲအသုတ်ခံရတော့မယ့်အရေး တွေးပြီး ရင်လေးစပြုလာတယ်။ ကြော်ငြာမှာက နိုင်ငံခြားသားရဲ့ဇနီး မြန်မာတိုင်းရင်းသူက သူတို့မင်္ဂလာသက် အထိမ်းအမှတ်နေ့မှာ ခင်ပွန်းဖြစ်သူနိုင်ငံခြားသားပြန်အလာကို ၀ရန်တာက ထွက်မျှော်နေပြီး နိုင်ငံခြားသားက မီးပုံးပျံကြီးစီးပြီးသကာလ အဲဒီအိမ်ရာရဲ့အပေါ်ဆုံးထပ်က ၀ရန်တာဆီ မျောလွင့်ရောက်လာပြီး ဇနီးသည်ကို ပန်းစည်းလေးပေးလိုက်တဲ့ ပြကွက်ပါ။ ပြကွက်က ကြည်ကြည်နူးနူးဖန်တီးထားပေမယ့် မြန်မာလူမျိုး ဗုဒ္ဒဘာသာဖြစ်တဲ့ ကျွန်တော့်အတွက်တော့ တော်တော်လေးရင်နင့်သွားရပါတယ်။ နိုင်ငံခြားသားစီးလာတဲ့ မီးပုံးပျံကြီးက ကျွန်တော်တို့နိုင်ငံရဲ့ အထိမ်းအမှတ် မျက်နှာဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့အထက် ကောင်းကင်ယံကနေ လွင့်မျောလာသကိုး။ အဲဒီလို ဘုရားအထက်က မြိန့်မြိန့်ကြီးစီးနင်းလိုက်ပါတော်မူလာတဲ့ နိုင်ငံခြားသားကို ပြုံးရွင်သောမျက်နှာနဲ့ ကြိုဆိုနေတဲ့ ဇနီးသည်က ကိုယ့်မြန်မာမိန်းကလေး။ ဘယ်လောက်များ နိုင်ငံတော်ရဲ့မျက်နှာကို နှစ်ထပ်ကွမ်းအိုးမဲသုတ်လိုက်သလဲလို့။

အဲဒီကြော်ငြာလာတိုင်း ကျွန်တော်ကတော့ ချယ်နယ်ပြောင်းပြောင်းပစ်ပါတယ်။ ဒီကြော်ငြာလွှင့်ဖို့ ခွင့်ပြုတဲ့ သူတွေက ဘယ်လိုစိတ်ထားတွေနဲ့ခွင့်ပြုတယ်ဆိုတာ မသိရပေမယ့် ကျွန်တော့်အတွက်တော့ နှမြောတသ ယူကျုံးမရခြင်း စေတသိက်တွေရဲ့ ဖိစီးမှုကြောင့် ဒီမြင်ကွင်းကို ဆက်မခံစားနိုင်ပါဘူး။ တကယ်လို့ ဒီအိမ်ရာစီမံ ကိန်းကြီး ပြီးသွားတဲ့အခါ ဒီကြော်ငြာထဲကလို မီးပုံးပျံကြီး စီးနင်းမလာဘူးပဲထား၊ အိမ်ရှေ့ဝရန်တာမှာ နိုင်ငံခြားသားခင်ပွန်းက ဘုရားဘက်ခြေဆင်းပြီး ဇိမ်ကျကျထိုင်နေမယ်၊ ဒါကို မြန်မာဇနီးသည်က ခင်ပွန်းဘေးကနေ တီတီတာတာ စကားတွေ ပြောပြီး အတူအပန်းဖြေနေမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ ကျွန်တော် စိတ်ကူးကြည့်တာနဲ့တင် ရင်တွေမော၊ ဇောချွေးတွေပြန်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်း မိတဲ့အကြိမ်တွေ မနည်းခဲ့ပါဘူး။

အဲဒီနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အဲဒီအိမ်ရာစီမံကိန်းနဲ့ပတ်သက်လို့ ကန့်ကွက်ထောက်ပြ တာတွေ တဖြည်းဖြည်းတွေ့လာရတယ်။ နိုင်ငံတော်မျက်နှာ ရွှေတိဂုံစေတီတော်ကြီးကို နှမြောစိတ်ဝင်နေမိတဲ့ ကျွန်တော် အဲဒီပို့စ်တွေကို သေသေချာချာဖတ်ဖြစ်သွားတယ်။ ပညာရှင်အမြင်တွေနဲ့ ထောက်ပြသွားတဲ့ ပို့စ်တင် သူတွေကို အလွန်တရာလေးစားသွားမိတယ်။ ကျွန်တော် စိုးရိမ်ပူပန်တာက စေတီတော်ကို မြင်ကွင်းပိတ်သွား မှာနဲ့ စေတီတော်အပေါ် အဂါရ၀ဖြစ်မယ့် အပြုအမူတွေလောက်ပဲ မြင်မိတာကိုး။ ပညာရှင်တွေထောက်ပြချက် အရ ရွှေတိဂုံစေတီတော်ရဲ့ ဇီ၀၀ိညာဉ် ချုပ်ငြိမ်းတဲ့အထိ ဖြစ်လာလောက်တယ်ဆိုသကိုး။ ပြောကြတဲ့သူတွေက လည်း ပညာရှင်တွေပီပီ အချက်နဲ့အလက်နဲ့ ကြောင်းကျိုးကျကျ စနစ်တကျပြောကြတာဆိုတော့ သူတို့ကို ထောက်ခံတဲ့ မြန်မာနိုင်ငံသား ဗုဒ္ဒဘာသာဝင်တွေကလည်း တစ်နေ့တခြား များမှများ။
ကျွန်တော်က အင်ဂျင်နီယာလည်းမဟုတ်ပါဘူး၊ ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်သူလည်း မဟုတ်ပါဘူး၊ လူနေအိမ်ခြေတွေနဲ့ လူဦးရေထူထပ်သိပ်သည်းမှုကို သုံးသပ်ရလောက်အောင်လည်း မပြည့်ဝပါဘူး။ သာမန် အလုပ်လုပ်တဲ့ လုပ်သားပြည်သူတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်တောင် ရွှေတိဂုံစေတီတော်ရဲ့ ကျန်းမာရေး မကောင်းဖြစ်လာမယ့်အငွေ့အသက်တွေ ရှူရှိုက်မိနေသေးရင် ကျွန်တော့်ထက်ပိုပြီး အသိတွေ၊ အတွေ့အကြုံ တွေ များတဲ့ ပညာရှင်တွေက ပိုပြီးတော့တောင် သိမြင်သုံးသပ်နိုင်ကြမှာပါ။
အခုနောက်ဆုံးအနေအထားအရ ဒီစီမံကိန်းကိုရပ်ဆိုင်းဖို့ တိုင်းမှူးနဲ့တကွ တာဝန်ရှိသူတွေ သဘောတူကြပြီဆို ပေမယ့် စီမံကိန်းအတွက် တင်ဒါရထားတဲ့ ကုမ္ပဏီတွေဘက်တော့ ရပ်ဆိုင်းဖို့သဘောမတူကြဘူးတဲ့။ သူတို့က ကြိုပွိုင့်စနစ်နဲ့ အခန်းတွေကြိုရောင်းထားပြီးပြီဆိုပဲ။ ဒီငွေတွေကို ပြန်အမ်းဖို့ အခက်အခဲရှိဆိုလား။ ဒီတော့ သူတို့ ဘက်က တော်တော်နဲ့လက်မလျှော့နိုင်တဲ့သဘော ဖြစ်နေတယ်။ အဲဒီအားပြိုင်ပွဲမှာ ငွေကြေးလက်လွန်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတစ်ဖက်၊ ဘာသာသာသနာကို အထိအခိုက်မခံချင်တဲ့ ဗုဒ္ဒဘာသာဝင်တွေက တစ်ဖက် လွန်ဆွဲနေကြတဲ့သဘော ဖြစ်နေတယ်။ အုပ်ချုပ်သူတွေ၊ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေ၊ စီမံခန့်ခွဲ သူတွေ၊ အမိန့်ချမှတ်သူတွေ ထူထပ်ပျစ်ခဲနေအောင် ပါဝင်အသုံးတော်ခံနေတဲ့ ဒီပြဇာတ်မှာ သာမန်ပြည်သူတစ် ဦးအနေနဲ့ ဘာအကြံပြုချက်တွေမှ ထွေထွေထူးထူး ပေးမနေချင်ပါဘူး။ မြန်မာနိုင်ငံသား ထေရ၀ါဒဗုဒ္ဒဘာသာ ၀င် တစ်ယောက် အနေနဲ့ ကိုယ့်ဘာသာသာသနာရဲ့ အထွတ်အမြတ် ပရိဘောဂစေတီဖြစ်တဲ့ ရွှေတိဂုံစေတီ တော်နဲ့ စေတီတော်တည်ရှိရာ သိင်္ဂုတ္တရကုန်းမြေ ယိုယွင်းပျက်စီးတာကို မမြင်ချင်တာပဲရှိပါတယ်။

တကယ်တော့ ရွှေတိဂုံစေတီတော်ဟာ ဆရာတက္ကသိုလ်မောင်မောင်ကြီး ကင်ပွန်းတပ်ခဲ့တဲ့ နိုင်ငံတော်မျက်နှာ ဆိုတဲ့ နာမပညတ်ထက် ပိုသင့်တော်တဲ့ နာမည် မရှိတော့ဘူးလို့ ကျွန်တော်တော့ ထင်ပါတယ်။ နိုင်ငံရပ်ခြားက နေ လာတဲ့အခါ မြန်မာနယ်နိမိတ်ထဲမှာ ထီးထီးမားမား မြင်ရတာက ရွှေတိဂုံစေတီတော်ကြီး ဖြစ်ပါသတဲ့။ နိုင်ငံ ခြားက ပြန်လာတဲ့ မြန်မာပြည်သားတွေဟာ အဲဒီ ရွှေတိဂုံစေတီတော်ကြီးကို လေယာဉ်ပေါ်ကနေ လှမ်းမြင်လိုက် တာနဲ့ ကိုယ့်ရေကိုယ့်မြေ ကိုယ့်ဇာတိဒေသကို ပြန်ရောက်လာပြီဆိုတဲ့အတွေးနဲ့ ကြည်နူးမျက်ရည်တွေဝေပြီး စေတီတော်ကြီးကိုရည်မှန်းလို့ လက်အုပ်အလိုလိုချီမိကြပါသတဲ့။ နိုင်ငံခြားသားတွေအနေနဲ့လည်း ရွှေတိဂုံစေတီ တော်ကြီးကို မြင်လိုက်တာနဲ့ မြန်မာနယ်နိမိတ်ထဲရောက်လာပြီဆိုပြီး အသိအမှတ်ပြုကြပါသတဲ့။ ဒီတော့ မြန်မာ နဲ့ ရွှေတိဂုံ၊ ရွှေတိဂုံနဲ့ မြန်မာဟာ ရေကိုသားလို့ အကြားမထင်သလို တစ်သားတည်းရှိနေတဲ့ ပုံရိပ်တွေ ဖြစ်နေ တာ မြေကြီးလက်ခတ်မလွဲပဲပေါ့။ ကမ္ဘာ့အလယ်မှာ Golden Land ရယ်လို့ မြန်မာနိုင်ငံကို တင်စားခေါ်ဝေါ်ကြ တာကလည်း ရွှေရောင်တ၀င်းဝင်းနဲ့ အဝေးကပင်လှမ်းမြင်နိုင်တဲ့ ရွှေတိဂုံစေတီတော်ကြီးကြောင့်လို့ ပြောစမှတ် ဖြစ်ခဲ့တယ်လေ။

ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။ အဓိကအကြောင်းကတော့ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့၊ မြန်မာကို ကိုယ်စားပြုတဲ့၊ ထေရ၀ါဒဗုဒ္ဒဘာသာကို ကိုယ်စားပြုတဲ့၊ မြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကို ကိုယ်စားပြုတဲ့ နိုင်ငံတော်မျက်နှာကို ဘယ်လိုမက်လုံး၊ ဘယ်လိုအကျိုးခံစားခွင့်တွေနဲ့မှ မလဲနိုင်ပါဘူး။ နိုင်ငံတော်မျက်နှာက လွဲလို့ ဘယ်မျက်နှာကိုမှ မကြည့်စေချင်ပါဘူး။ တိုင်းပြည်အတွက်လိုအပ်နေတဲ့ အကျိုးခံစားခွင့်တွေ ရှာဖွေ တဲ့နေရာမှာ နိုင်ငံတော်မျက်နှာပျက်စေမယ့် အကျိုးခံစားခွင့်မျိုးဆိုရင် မစားဘဲ စွန့်နိုင်စေချင်ပါတယ်။ စွန့်ရဲတဲ့ သတ္တိ ရှိစေချင်ပါတယ်။ နိုင်ငံတော်မျက်နှာကို အိုးမဲမသုတ်စေချင်ပါဘူး။ နိုင်ငံတော်မျက်နှာကိုအိုးမဲသုတ်ဖို့ ရွယ်လာတဲ့ လက်တွေကိုလည်း တားဆီးကာကွယ်ပေးစေချင်ပါတယ်။ ဒါ မြန်မာလူမျိုး ဗုဒ္ဒဘာသာဝင် အလုပ် လုပ်သော သာမန်ပြည်သူတစ်ယောက်ရဲ့ ရင်ထဲက ပြင်းပြလေးနက်တဲ့ တကယ့်ဆန္ဒဖြစ်ပါတယ်။

ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service