ကန်ထရိုက်များအား ဂရန်မူရင်းများပေးထားခြင်းကြောင့် ပြသနာများဖြစ်ပေါ်နိုင်

ကန်ထရိုက်များအား ဂရန်မူရင်းများပေးထားခြင်းကြောင့် ပြသနာများဖြစ်ပေါ်နိုင် - Property News in Myanmar from iMyanmarHouse.com
29 Jun 2015 10:24 am တွင် တင်ခဲ့သည်
922 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်းအဆောက်အအုံများ ဆောက်လုပ်ရာတွင် ကန်ထရိုက်တာများနှင့်ကိုယ်စားလှယ်ရယူ ထားသူများက မြေပိုင်ရှင်များထံမှ ဂရန်မူရင်းကို ရယူထားမှုကြောင့် မြေရှင်နှင့်ကန်ထရိုက်တာကြားမလိုလားအပ်သော ပြသနာများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် မြေရှင်များ
အနေဖြင့်ဂရန်မူရင်းကိုကန်ထရိုက်များထံ ပေးထားရန်မ
လိုကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နှီယာဌာန (အဆောက်အအုံ) မှ သိရသည်။ ”

ကန်ထရိုက်တာတွေကို ဂရန်မူရင်းတွေ
အပ်နှံထားဖို့ ဌာနအနေနဲ့ ညွှန်ကြားထားတာ မရှိပါဘူး။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန( အဆောက်အအုံ) အနေနဲ့ အိမ်ရာဆောက်လုပ်ခွင့်တွေကို ခွင့်ပြုပေးနိုင်ဖို့ စိစစ်ရာမှာ ပိုင်ဆိုင်မှုအထောက်အထားဖြစ်တဲ့ ဂရန်မိတ္ထူနဲ့ မူရင်းကို တစ်ကြိမ်သာ တိုက်ဆိုင်စစ်ဆေးပါတယ်။ စစ်ဆေးပြီးတာနဲ့ ဂရန်မူရင်းကို မြေရှင်ကသာ ပြန်သိမ်းထားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မသိနားမလည်တဲ့ မြေရှင်တွေက ကန်ထရိုက်တာတွေနဲ့ ကိုယ်စားလွှဲအပ်ထားသူများထံမှာ ဂရန်မူရင်းတွေကို အပ်နှံထားတဲ့အတွက် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်နိုင်လို့
မြေရှင်တွေအနေနဲ့ သတိပြုကြဖို့ လိုပါတယ် ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန( အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကန်ထရိုက်တာများနှင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကိုယ်စားလှယ်ရယူထားသူများအနေဖြင့် မြေရှင်များထံမှ ဂရန်မူရင်းကို ရယူထားပြီးနောက် အခြားတစ်နေရာတွင် ပေါင်နှံခြင်း၊ ဂရန်ဖြင့် ငွေချေးမှုများပြုလုပ်ခြင်း၊ အခြားနည်းများဖြင့် အလွဲသုံစားလုပ်ခြင်းများဖြစ်နိုင်ပြီး ထိုသို့လုပ်ထားခြင်းကြောင့် အဆောက်အအုံဆောက်လုပ်ခွင့် ကျသော်လည်း ဆောက်လုပ်ခြင်းမပြုနိုင်ဘဲ အချိန်ဆွဲထားခြင်းစသည့် ပြသနာများဖြစ်ပေါ်နေသည်ကို
တွေ့ရကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရန်အတွက် မြေရှင်များအနေဖြင့် ဂရန်မူရင်းများကို ကန်ထရိုက်တာများနှင့် ကိုယ်စားလှယ်များထံ အပ်နှံထားခြင်း မပြုကြရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားသည်။

Credit: မြန်မာ့အလင်း

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service