မန္တလေးမြို့ အိမ်ခြံမြေရာဖြတ်တန်ဖိုး စံနှုန်းသတ်မှတ်ချက်သစ်များ ယခုလအတွင်း ထုတ်ပြန်မည်

မန္တလေးမြို့ အိမ်ခြံမြေရာဖြတ်တန်ဖိုး စံနှုန်းသတ်မှတ်ချက်သစ်များ ယခုလအတွင်း ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
8 Jun 2015 10:23 am တွင် တင်ခဲ့သည်
945 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအ ၀ယ်လုပ်ကိုင်ရာတွင် အခွန်ပေး ဆောင်ရန် ရာဖြတ်တန်ဖိုး စံနှုန်း သတ်မှတ်ချက်အသစ်များကို ဇွန် လမကုန်မီ ထုတ်ပြန်ပေးမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။

ယခုနှစ်အတွက် သတ်မှတ်ထားသည့် စံနှုန်းများသည် ယခင်နှစ်ထက် အနည်းငယ်လျော့ကျ မည်ဟု ဒေါက်တာမြင့်ကြူက ဆိုသည်။ ၂၀၁၄ အတွင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်ထုတ်ပြန်ခဲ့သည့် အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်များမှာ ဈေးနှုန်းအလွန်မြင့်မားနေပြီး ပြည်သူလူထုက အခွန်ဆောင်ရာတွင် ယင်းသတ်မှတ်စံနှုန်းများဖြင့် တွက်ချက်ကောက်ခံ၍ အများပြည်သူနစ်နာရသကဲ့သို့ အိမ်ခြံမြေအရောင်းအ၀ယ်ဈေးတွင်ပါ ရိုက်ခတ်မှုရှိခဲ့သည်ဟု မန္တလေးမြို့ခံအိမ်ခြံမြေအကျိုးဆောင်များ က ပြောသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်ထုတ်ပြန်ခဲ့သည့် အိမ်ခြံ မြေစံနှုန်းများတွင် ချမ်းမြသာစည် မြို့နယ် မြို့သစ်(၁)ရပ်ကွက် သိပ္ပံလမ်းပေါ်ရှိ မြေတစ်ဧကလျှင် အမြင့်ဆုံးဈေး ကျပ်သိန်းသုံးသိန်း ခြောက်သောင်းနှင့် ချမ်းအေးသာ စံမြို့နယ် လမ်း ၈၀ နှင့် ၂၆×၂၇ လမ်းများရှိ မြေကွက်များကို တစ် ဧကလျှင် ကျပ်သိန်းပေါင်း နှစ် သိန်းနှင့် သုံးသိန်းကြား သတ်မှတ် ခဲ့သည်။

အိမ်ခြံမြေစံနှုန်း သတ်မှတ် ချက်များသည် ပြင်ပပေါက်ဈေး ထက် များပြားနေကြောင်း၊ အ ချက်အလက် အထောက်အထား များဖြင့် တင်ပြကန့်ကွက်လာပါ က ပြန်လည်စိစစ်ကာ မှန်ကန် လျှင် ဈေးနှုန်းပြန်လည် လျှော့ချပေးမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ကြူက ပြောသည်။ ပြီးခဲ့သည့်နှစ်က ချမ်းမြသာစည်နှင့် ပြည်ကြီးတံ ခွန်မြို့နယ်တို့အတွက် ဈေးနှုန်း များ ပြန်လည်လျှော့ချသတ်မှတ် ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိ မန္တလေးမြို့၏ အိမ် ခြံမြေအရောင်းအ၀ယ် ဈေးကွက် မှာ သိသိသာသာ ကျဆင်းနေ သည်ဟု မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ စံနှုန်းသတ်မှတ်ချက်အသစ်များ သည် အခွန်ဆောင်သူများအ တွက် သင့်တင့်သည့် နှုန်းထား တစ်ရပ်ဖြစ်ပါက အရောင်းအ ၀ယ် အနည်းငယ် ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ရပြီး အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ငန်း များတွင် အခွန်ရှောင်သူနည်း သွားကာ အခွန်ဆောင်သူ ပိုမိုများပြားလာနိုင်ဖွယ်ရှိသည်ဟု ၀ါရင့် အိမ်ခြံမြေအကျိုးဆောင်တစ် ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျပ်သိန်း တစ်သောင်းခွဲအထက် တန်ဖိုးရှိ သော အိမ်ခြံမြေ (သို့မဟုတ်) အခြားပစ္စည်းတစ်ခုခု အရောင်း အ၀ယ်ပြုလုပ်ပါက ၂၀၁၅-၁၆ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ၀င်ငွေခွန် ၃၀ ရာခိုင် နှုန်းနှင့် တံဆိပ်ခေါင်းခွန် ၅ ရာ ခိုင်နှုန်း ပေးဆောင်ရမည်ဖြစ် ကြောင်း ပြဋ္ဌာန်းထားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေရာဖြတ်တန်ဖိုး စံဈေး နှုန်း သတ်မှတ်ခြင်းကို ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် စတင်ခဲ့သည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service