ရန်ကုန်မြို့တွင် နေထိုင်သူ နိုင်ငံခြားသားအများစုမှာ ကွန်ဒိုတိုက်ခန်းများ ငှားရမ်းနေထိုင်မှုထက် အိမ်လုံးချင်းများ ငှားရမ်းနေထိုင်မှု မြင့်တက်လာကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များထံမှ သတင်းရရှိသည်။ အထူးသဖြင့် လှိုင်သာယာ ကဲ့သို့ စက်မှုဇုန်များနှင့် နီးသည့် နေရာများတွင် လုပ်ကိုင်သူများမှာ လုပ်ငန်းခွင်နှင့် နီးစပ်ရာ အိမ် ရာများ၌ ပိုမို
ငှားရမ်းနေထိုင်ကြကြောင်း သိရသည်။
‘‘ဒီရက်ပိုင်းထဲ ကိုရီးယား တွေ၊ တရုတ်တွေ လုပ်ငန်းရှင် တော်တော်များများကို လှိုင်သာယာဘက်က အဆင့်မြင့်အိမ်ရာတွေထဲမှာ ငှားပေးနေရတယ်’’ဟုမြင့်မိုရ်မင်း အိမ်ခြံမြေ
လုပ်ငန်းရှင် ကပြောသည်။ အိမ်လုံးချင်းများ ငှားရမ်း ရာတွင် တစ်လလျှင် ကျပ် သိန်း၅၀ မှ ကျပ် သိန်း ၁၀၀ အထိ ဈေးကောင်းပေး ငှားရမ်းနေကြပြီး ရန်ကင်းမြို့နယ်ရှိ အိမ်လုံးချင်းများ အငှားလိုက်နေကြောင်း သိရသည်။
အိမ်ခြံမြေဈေးကွက်တွင် အ ရောင်းအ၀ယ်ပါးနေချိန်၊ ဆောက် လုပ်ရေးလုပ်ငန်းများ ငွေလည် ပတ်မှုနည်းပါးနေချိန်တွင် ငှားရမ်းမှုက အလုပ်ဖြစ်နေသေးကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းပိုင်ရှင်က ဆိုသည်။
နိုင်ငံခြားသား လုပ်ငန်းရှင် အများစုက ကွန်ဒိုတိုက်ခန်းများကို ငှားရမ်းမှုနည်းပါးလာခြင်းမှာ အိမ်လုံးချင်းထက် ကွန်ဒိုတိုက်ခန်းက ဈေးသက်သာသော်လည်း
ယခု လက်ရှိငှားရမ်းနေသည့် ကွန်ဒို တိုက်ခန်းများမှာ ကွန်ဒိုအင်္ဂါရပ် နှင့် မညီညွတ်၍ စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။
နိုင်ငံခြားသားအများစုက အိမ်လုံးချင်းကို ငှားရမ်းရာတွင် အိမ်ထောင်ပရိဘောဂအစုံအ လင်ပါဝင်သည့် အိမ်များကို ပိုမို သဘောကျပြီး ကွန်ဒိုတိုက်ခန်းများထက်
ပိုမိုဈေးကြီးသော်လည်း အိမ်လုံးချင်းများမှာ ရုံးခန်းနှင့် တွဲ ဖက်ဖွင့်လှစ်၍ရသောကြောင့် အများစုက ငှားရမ်းနေထိုင်ကြ သည်ဟု အိမ်ခြံမြေအကျိုးဆောင် များကဆိုသည်။
‘‘အိမ်ခြံမြေဈေးကွက် အတွင်းမှာ စီးပွားရေးလုပ်ငန်းသုံး နေရာတွေအတွက် အငှားကတော့ ပုံမှန်ပါပဲ။ အရောင်းကတော့ ဈေးကွက်အခြေအနေပေါ်မူတည်ပြီး နည်းနည်းတော့ ကျဆင်းသွားပါတယ်’’ဟု MKT Construction ၏ ဒါရိုက်တာ ဦးမင်းခန့်သော်က ပြောကြားသည်။
ရန်ကုန်မြို့တွင် နိုင်ငံတကာ စံချိန်စံညွှန်းပြည့်မီသော စီးပွားရေး လုပ်ငန်းသုံး နေရာများမှာ အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးပြီး
ဈေးကွက်၏ တောင်းဆိုချက်များ ကို ဖြည့်ဆည်းပေးနိုင်မှုမရှိသေး ပေ။ ဆောက်လုပ်ရေးလုပ်ငန်း ကြီးများမှာ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅နှစ်ကုန်ပိုင်းတွင် စီမံကိန်း အများစု ပြီးဆုံးကြမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။
မြန်မာနိုင်ငံ၌ အိမ်ခြံမြေ ဆိုင်ရာလုပ်ငန်းကို လာရောက် လုပ်ကိုင်နေသည့် Colliers Inter-national ၏ ၂၀၁၄-၁၅ ဘဏ္ဍာ နှစ် အစီရင်ခံစာထုတ်ပြန်မှုတွင်
ယင်းစီမံကိန်း အများစုမှာ သတ်မှတ်ထားသည့် ကာလအတွင်း ပြီးဆုံးနိုင်ဖွယ်မရှိကြောင်း ပါဝင်ခဲ့သည်။
ထို့ကြောင့်စီးပွားရေး လုပ်ငန်းသုံးနေရာပမာဏတိုးချဲ့မှုမှာ ၂၀၁၃ ၏ ၃၁,၀၀၀ စတုရန်းမီတာအောက် အနည်းငယ် လျော့နည်းမည်ဖြစ်ကြောင်း ခန့်မှန်းထားခဲ့သည်။
Credit: 7Day News