၂၀၁၅ ရွေးကောက်ပွဲကိုစောင့်ကြည့်နေသည့် စက်မှုဇုန်မြေကွက်များ

၂၀၁၅ ရွေးကောက်ပွဲကိုစောင့်ကြည့်နေသည့် စက်မှုဇုန်မြေကွက်များ - Property News in Myanmar from iMyanmarHouse.com
9 Apr 2015 10:19 am တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး
ယခုတလော ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေအရောင်း၊အဝယ်အေးနေသော်လည်း နိုင်ငံတော်အစိုးရမှ ချမှတ်သောမူဝါဒများကြောင့် အိမ်ခြံမြေဈေးနှုန်းများမှာ အတက်အကျမတည်မငြိမ်ဖြစ်နေ လေသည်။ အိမ်ခြံမြေအရောင်းအဝယ် ပါးသော်လည်း အစိုးရမှုဝါဒထုတ်ပြန်မှုက အိမ်ခြံမြေဈေးကိုလှုပ်ခတ်စေ ခဲ့ခြင်းလည်းဖြစ်သည်။ လတ်တလောတွင် အစိုးရ၏အမိန့်ထုတ်ပြန်မှုကြောင့် ဈေးနှုန်းသိသိသာသာကျဆင်းသွား သည်မှာ စက်မှုဇုန်မြေဈေးကွက်ပင်ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အများအပြားဝင်ရောက်လာခဲ့သည့်အတွက် ပြည်တွင်းစက်မှုဇုန်မြေကွက်များ ဝယ်လိုအားမြင့်တက်လာခဲ့သည်။

ထို့အတွက် လည်းပြည်တွင်းအိမ်ခြံမြေသိုလှောင်သူတို့သည် အဆိုပါစက်မှုဇုန်မြေကွက်များကို ဝယ်ယူသိုလှောင်လာကြရာ စက်မှုဇုန်မြေကွက်ဈေးနှုန်းများမှာ မြင့်တက်လာခဲ့သည်။ ယင်းကြောင့်အစိုးရမှလည်း စက်မှုဇုန်မြေကွက်ဈေးနှုန်း များမြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် အဆောက်အဦး၊လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော စက်မှုမြေကွက် များကို ပြည်သူပိုင်သိမ်းဆည်းမည်ဟုကြေညာခဲ့သည့်အတွက် စက်မှုဇုန်မြေကွက်သိုလှောင်သူတို့ နစ်နာခဲ့ ကြသည်။

စက်မှုဇုန်ဟုဆိုရာ၌ မြစ်ကမ်းနဘေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုလွယ်ကူသောနေရာများကို လုပ်ငန်းရှင်တို့မြင်ကြမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်တို့သည် မိမိလုပ်ငန်းအတွက် ကုန်သွယ်မှုလွယ်ကူစေ သည့်နေရာများကိုသာအဓိကဦးစားပေးရွေးချယ်လျက်ရှိကြသည်။ ထို့အတွက်လည်း စက်မှုဇုန်ဆိုသည်နေရာ များကို မြစ်ကမ်းနဘေးတည်ဆောက်လာကြသည်။ ယင်းကဲ့သို့ စက်မှုဇုန်များကို မြစ်ကမ်းနဘေးတွင် တည်ခဲ့သည့်အတွက် မြစ်ကမ်းနဘေးရှိ လယ်ယာမြေများကိုသိမ်းဆည်းခဲ့ရာ မြေရာပြဿနာများလည်း ပေါ်ပေါက်ခဲ့လေသည်။

ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှုဆောင်ရွက်စဉ် နိုင်ငံတော်၏ရေရှည်စီမံကိန်း၊ နှစ်ရှည်စီမံကိန်းများကို အစိုးရ နှင့်နီးစပ် သူစီးပွားရေးလုပ်ငန်းများနှင့်တပ်မတော်အရာရှိကြီးများသာ သိရှိကြခြင်းကြောင့် စီမံကိန်းအရစက်မှုဇုန် မြေကွက်များအား အိုးအိမ်မြေပုံအရ အစိုးရမှသတ်မှတ်သောသက်သာသောဈေးဖြင့်၎င်းတို့မှဝယ်ယူစုဆောင်း ခဲ့ကြသည်။ ပြည်ပရင်းနှီးမြှုပ်နှံသူတို့ပြည်တွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံလာရာတွင် အဆိုပါမြေကွက်များကို အမြင့်ဈေးနှင့်ပြန်လည်ရောင်းချခဲ့ကြသည်။

ယင်းကြောင့်စက်မှုဇုန်မြေကွက်ရောင်းချမှုသည် အမြတ်အစွန်းများ စွာရရှိသည့်အတွက် ပြည်တွင်းရှိရင်းနှီးမြှုပ်နှံသူတို့သည်
လည်း စက်မှုဇုန်မြေကွက်များကိုဝယ်ယူသိုလှောင် လာခဲ့ကြခြင်းဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့သည် ရင်းနှီးမြှုပ်နှံမှုဖြင့် အကြောင်းအမျိုးမျိုးပြကာ MOU လက်မှတ်ရေးထိုးပြီး စီးပွားရေး ဈေးကွက်အတွက်ထိုမြေယာများကို မြေယာပိုင်ဆိုင်သူများထံမှ တစ်ဆင့် ပြန်လည်ဝယ်ယူကြရသည်။ ယင်းကဲ့သို့ စက်မှုဇုန်မြေကွက်များသည် တစ်ဆင့်တစ်ဆင့်ကူးပြောင်းလာ သော်လည်း အမှန်တကယ်လုပ်ကိုင်သူတို့သည် အဆိုပါမြေကွက်များကို ဈေးကြီးကြီးဖြင့်ဝယ်ယူနေရသည်။ ထို့အတွက်ကြောင့် စက်မှုဇုန်မြေကွက်ဈေးနှုန်းမှာ မြင့်သထက်မြင့်ခဲ့ရသည်။

သို့သော် ယင်းအကြောင်း အရာများကို အစိုးရမှ မသိ၍ပင်လား၊ မသိချင်ယောင်ဆောင်၍ပင်လားမသိ အဆိုပါ ဝယ်ယူထားသော စက်မှုဇုန်မြေကွက်တွင် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိပါက၊ အဆောက်အအုံမရှိပါက ယင်းမြေအား ပြန်လည် သိမ်းဆည်းမည်ဟုဆိုလာပြန်သဖြင့် မြေပိုင်ရှင်တို့သည် မြေများအလျှင်အမြန်ရောင်းဝယ်လိုခြင်း မြေပေါ်တွင် ဂိုဒေါင်များဆောက်လုပ်ခြင်းဖြင့် မိမိပိုင်မြေအားမဆုံးစေရန်ကြံဆောင်လာကြသည်။

“ ကျွန်တော်တို့အကျိုးဆောင်ရုံးမှာ အရှေ့ ဒဂုံမြို့ နယ်ကစက်မှုဇုန်မြေကွက် 4.5 ဧကခြံခတ်ပြီးကို ၁ဧက ကျပ်သိန်း(၂၆၀၀) နဲ့ရောင်းချမယ်ဆိုပြီးလာအပ်ထားတာရှိတယ်။ လှိုင်သာယာစက်မှုဇုန်မြေတစ်ဧကကို မြေဖို့ပြီး အုတ်ခြံစည်းရိုးခတ်ပြီး ကျပ်သိန်း(၆၅၀၀)ကျော်ခေါ်ထားတယ်။” ဟုစက်မှုဇုန်မြေကွက်သီးသန့် အကျိုးဆောင်ပေးသူတစ်ဦးက ဆိုခဲ့သည်။ ဝယ်ယူထားသောစက်မှုဇုန်မြေကွက်တွင် အဆောက်အဦးမရှိလျှင် သိမ်းဆည်းမည်ဆိုခြင်းကြောင့် အဆိုပါစက်မှုဇုန်မြေကွက်အလွတ်များတွင် မြေကွက်ပိုင်ရှင်များမှ ဂိုဒေါင်များ ဆောက်လုပ်လာကြသည်။

ထို့အပြင် လုပ်ငန်းလုပ်ကိုင်မှုမရှိပါကလည်း သိမ်းဆည်းခံရမည်ဖြစ်သည့်အတွက် အဆိုပါဂိုဒေါင်များကို အပြိုင်အဆိုင်ငှားရမ်းနေကြသည်။ ထို့အတွက် ယခုအခါဂိုဒေါင်ငှားဈေးကွက်မှာပေါ်ပေါက် လာခဲ့သည်။

“ မြေဧကအကျယ်အဝန်းနဲ့လုံခြုံမှုအနေအထား၊ သွားလာရလွယ်ကူမှု တွေပေါ်မှာမှုတည်ပြီးဈေးကတော့ ကွာပါတယ်။ ဥပမာဗျာ ၂ဧကရှိတဲ့မြေကွက်မှာ ဂိုဒေါင်က 60000 spft ရှိပြီး လျှပ်စစ်ကလည်း 315 KVA ရှိတဲ့ဂို ဒေါင်တစ်လုံးကို 1sqft ကိုကျပ် ၃၀၀ နဲ့ငှားမဲ့လူရှိနေသလို၊ မြေ၂ဧက ပေါ်မှာပဲ 30000sqft ကျယ်တဲ့ဂိုဒေါင်ရှိပြီး၊ လျှပ်စစ်ကလည်း 315KVA ၊ဖုန်းပါတဲ့ဂိုဒေါင်ကျတော့ ကျပ်သိန်း ၉၀ နဲ့ငှားမယ်လို့ဆိုထားတယ်။ ငှားမယ့်လူက ရှားနေတာ။ ဂိုဒေါင်တွေကရှိပါတယ်” ဟုရန်ကုန်မြို့ ရှိအကျိုးဆောင်တစ်ဦးက ပြောကြားခဲ့သည်။

ထို့အတွက်လက်ရှိ စက်မှုဇုန်မြေဈေးကွက်တွင် အရောင်းအဝယ်ပါးသော်လည်း အရောင်းအဝယ်ဖြစ် သောပွဲများတွင်လည်း သတ်မှတ်ဈေးထက်လျော့သည့်ဈေးဖြင့်သာ ပွဲဖြစ်နေကြသည်။ သို့သော်အငှားဈေးကွက် တွင်စက်မှုဇုန်မြေကွက်များသည်လည်း အလုပ်ဖြစ်နေပြီး လတ်တလောတွင် ဂိုဒေါင်ငှားရမ်းခြင်း ပိုမိုအဖြစ်များနေဦးမည်လည်းဖြစ်သည်။

အနာဂတ်စက်မှုဇုန်မြေကွက်များသည် နိုင်ငံခြားရင်းနှီးမြှု့ပ်နှံမှုများကို အားပြုရဦးမည်ဖြစ်သော်လည်း လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေသည့်အတွက် စက်မှုဇုန်မြေကွက်တို့သည်လည်း ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေရဦး မည်ဖြစ်သည်။ ထို့အတွက် ပြည်တွင်းစက်မှုဇုန်မြေကွက်ပိုင်ရှင်တို့သည် ၂၀၁၅ ရွေးကောက်ပွဲကြီးကို စောင့်ကြည့်ရင်းနောင်တက်မည့်အစိုးရသစ်လက်ထက် ထွက်ပေါ်လာမည့်မှုဝါဒများကို စောင့်မျှော်နေရဦးမည်ဖြစ် သည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service