၂၀၀၇ မှ ၂၀၁၄ အတွင်း အိမ်ခြံမြေအရောင်းအ၀ယ် အခွန်မဆောင်သူများ နှစ်လအတွင်း မပေးဆောင်လျှင် ကာလတန်ဖိုးနှင့် ပြောင်းလဲပေးဆောင်ရမည်ဟုဆို

၂၀၀၇ မှ ၂၀၁၄ အတွင်း အိမ်ခြံမြေအရောင်းအ၀ယ် အခွန်မဆောင်သူများ နှစ်လအတွင်း မပေးဆောင်လျှင် ကာလတန်ဖိုးနှင့် ပြောင်းလဲပေးဆောင်ရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
24 Feb 2015 2:49 pm တွင် တင်ခဲ့သည်
750 ကြိမ် ကြည့်ရှု့ပြီး
လွန်ခဲ့သော ခုနစ်နှစ် အတွင်းက အိမ်ခြံမြေတန်ဖိုးသတ် မှတ်ချက်များအား နှစ်လအတွင်း အခွန်မပေးဆောင်ပါက ပယ်ဖျက်ပြီးကာလတန်ဖိုးနှင့် ပြောင်းလဲ ပေးဆောင်ရမည်ဟု သတင်းရရှိ သည်။

၂၀၀၇ မှ ၂၀၁၄ အတွင်း အခွန်မဆောင်သော အိမ်ခြံမြေ အရောင်းအ၀ယ်များသည်မတ်လ၃၁ရက်နောက်ဆုံးထားအခွန် မ ပေးဆောင်ပါက ၎င်းတို့မူလက ၀ယ်ယူထားသည့် သတ်မှတ်တန်ဖိုးများကိုပယ်ဖျက်ပြီးလက်ရှိကာလတန်ဖိုးနှင့် နှုန်းထားအ တိုင်း တန်ဖိုး ပြန်သတ်မှတ်မည်ဟု ပြည်တွင်း အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောကြားသည်။

‘‘အားလုံးကို နှစ်လအချိန် ပေးထားပါတယ်။ မဆောင်ဘူးဆို ရင် ပယ်ဖျက်လိုက်တော့တယ်။ ပယ်ပြီးတော့ ကျွန်မကတော့ ၂၀၁၂က၀ယ်တော့တန်ဖိုးလည်းသတ်မှတ်ပြီးသား။ ကျော်သွားပြီး အခုပြန်ဆောင်ချင်ပါတယ်ဆိုလို့ မရတော့ဘူး။ လက်ရှိကာလ ပေါက်ဈေးရဲ့ တန်ဖိုးကို ပြန်သတ် မှတ်ပေးမယ်။ အဲဒီတုန်းက အခွန် နှုန်းထားတွေ လက်မခံတော့ဘူး။ အခုနှုန်းထားနဲ့ အခွန်ဆောင်ရမယ်။ အဲဒီတုန်းက နှုန်းထားနဲ့တန်ဖိုးအတိုင်းလိုချင်တယ်ဆိုရင် နှစ်လအတွင်းမှာ လာဆောင်ကြပါ’’ ဟု ဦးမျိုးမင်းဇော်က ဆိုသည်။

လက်ရှိတွင် အိမ်ခြံမြေလုပ် ငန်းမှ အခွန်ဆောင်သူ ဦးရေမှာ ၂၀ ရာခိုင်နှုန်းသာရှိသည်ဟုဆို သည်။

အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ကိုင်သူများသည် အခွန်ရုံးသို့ လာရောက်၍ ကာလတန်ဖိုးသတ် မှတ်ပြီးသော်လည်း တစ်ဖက် တွင် အရောင်းအ၀ယ်ပျယ်ပြယ် သွားခြင်းနှင့် အကြောင်းအမျိုးမျိုး ကြောင့် အခွန်မဆောင်ရခြင်းစ သည့် အခက်အခဲများ ရှိနေပြီး ယခုကဲ့သို့ တန်ဖိုးသတ်မှတ်ချက် ပယ်ဖျက်မည်ဆိုပါက ရက်လွန်မှ ဆောင်ရမည့်နှုန်းထား ပိုကြီးမြင့် လာနိုင်သည်ဟု မြောက်ဒဂုံမြို့ နယ်မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်နီက ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ကိုင်သူများမှာစီးပွားရေးလုပ် ငန်းတစ်ခုအနေဖြင့် အခွန်ပေး ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းစ တင်မည်ဆိုပါက ပြည်တွင်းအခွန် ကို အကြောင်းကြားရန် လိုအပ် ပြီး ပျက်ကွက်ပါက ၁၀ ရာခိုင်နှုန်း၊လုပ်ငန်းစတင်ကြောင်းအ ကြောင်းကြားစာမပို့ပါက ၁၀ ရာ ခိုင်နှုန်း၊ အခွန်ကျပြီး သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက ၁၀ ရာခိုင်နှုန်းတို့အပြင် လစဉ် အခွန်ပေးသွင်းရန် ပျက်ကွက်ပါ ကလည်း ၁၀ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၄ အခွန်အကောက်ဥပဒေတွင် ဖော် ပြထားသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ၀န်ဆောင်မှုအမျိုးအစားအလိုက် အခွန်တိုးမြှင့် ကောက်ခံခြင်းကို ၂၀၁၄ ဧပြီ ၁ ရက်မှစတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန် ရရှိမှု ပမာဏမှာ ငွေကျပ်ဘီလီယံ ၇၀၀ ခန့်ရှိခဲ့ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာနမှ သိရှိရသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...

မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်

မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service