၂၀၀၇ မှ ၂၀၁၄ အတွင်း အိမ်ခြံမြေအရောင်းအ၀ယ် အခွန်မဆောင်သူများ နှစ်လအတွင်း မပေးဆောင်လျှင် ကာလတန်ဖိုးနှင့် ပြောင်းလဲပေးဆောင်ရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
749 Views

၂၀၀၇ မှ ၂၀၁၄ အတွင်း အိမ်ခြံမြေအရောင်းအ၀ယ် အခွန်မဆောင်သူများ နှစ်လအတွင်း မပေးဆောင်လျှင် ကာလတန်ဖိုးနှင့် ပြောင်းလဲပေးဆောင်ရမည်ဟုဆို

လွန်ခဲ့သော ခုနစ်နှစ် အတွင်းက အိမ်ခြံမြေတန်ဖိုးသတ် မှတ်ချက်များအား နှစ်လအတွင်း အခွန်မပေးဆောင်ပါက ပယ်ဖျက်ပြီးကာလတန်ဖိုးနှင့် ပြောင်းလဲ ပေးဆောင်ရမည်ဟု သတင်းရရှိ သည်။

၂၀၀၇ မှ ၂၀၁၄ အတွင်း အခွန်မဆောင်သော အိမ်ခြံမြေ အရောင်းအ၀ယ်များသည်မတ်လ၃၁ရက်နောက်ဆုံးထားအခွန် မ ပေးဆောင်ပါက ၎င်းတို့မူလက ၀ယ်ယူထားသည့် သတ်မှတ်တန်ဖိုးများကိုပယ်ဖျက်ပြီးလက်ရှိကာလတန်ဖိုးနှင့် နှုန်းထားအ တိုင်း တန်ဖိုး ပြန်သတ်မှတ်မည်ဟု ပြည်တွင်း အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောကြားသည်။

‘‘အားလုံးကို နှစ်လအချိန် ပေးထားပါတယ်။ မဆောင်ဘူးဆို ရင် ပယ်ဖျက်လိုက်တော့တယ်။ ပယ်ပြီးတော့ ကျွန်မကတော့ ၂၀၁၂က၀ယ်တော့တန်ဖိုးလည်းသတ်မှတ်ပြီးသား။ ကျော်သွားပြီး အခုပြန်ဆောင်ချင်ပါတယ်ဆိုလို့ မရတော့ဘူး။ လက်ရှိကာလ ပေါက်ဈေးရဲ့ တန်ဖိုးကို ပြန်သတ် မှတ်ပေးမယ်။ အဲဒီတုန်းက အခွန် နှုန်းထားတွေ လက်မခံတော့ဘူး။ အခုနှုန်းထားနဲ့ အခွန်ဆောင်ရမယ်။ အဲဒီတုန်းက နှုန်းထားနဲ့တန်ဖိုးအတိုင်းလိုချင်တယ်ဆိုရင် နှစ်လအတွင်းမှာ လာဆောင်ကြပါ’’ ဟု ဦးမျိုးမင်းဇော်က ဆိုသည်။

လက်ရှိတွင် အိမ်ခြံမြေလုပ် ငန်းမှ အခွန်ဆောင်သူ ဦးရေမှာ ၂၀ ရာခိုင်နှုန်းသာရှိသည်ဟုဆို သည်။

အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ကိုင်သူများသည် အခွန်ရုံးသို့ လာရောက်၍ ကာလတန်ဖိုးသတ် မှတ်ပြီးသော်လည်း တစ်ဖက် တွင် အရောင်းအ၀ယ်ပျယ်ပြယ် သွားခြင်းနှင့် အကြောင်းအမျိုးမျိုး ကြောင့် အခွန်မဆောင်ရခြင်းစ သည့် အခက်အခဲများ ရှိနေပြီး ယခုကဲ့သို့ တန်ဖိုးသတ်မှတ်ချက် ပယ်ဖျက်မည်ဆိုပါက ရက်လွန်မှ ဆောင်ရမည့်နှုန်းထား ပိုကြီးမြင့် လာနိုင်သည်ဟု မြောက်ဒဂုံမြို့ နယ်မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်နီက ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ကိုင်သူများမှာစီးပွားရေးလုပ် ငန်းတစ်ခုအနေဖြင့် အခွန်ပေး ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းစ တင်မည်ဆိုပါက ပြည်တွင်းအခွန် ကို အကြောင်းကြားရန် လိုအပ် ပြီး ပျက်ကွက်ပါက ၁၀ ရာခိုင်နှုန်း၊လုပ်ငန်းစတင်ကြောင်းအ ကြောင်းကြားစာမပို့ပါက ၁၀ ရာ ခိုင်နှုန်း၊ အခွန်ကျပြီး သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက ၁၀ ရာခိုင်နှုန်းတို့အပြင် လစဉ် အခွန်ပေးသွင်းရန် ပျက်ကွက်ပါ ကလည်း ၁၀ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၄ အခွန်အကောက်ဥပဒေတွင် ဖော် ပြထားသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ၀န်ဆောင်မှုအမျိုးအစားအလိုက် အခွန်တိုးမြှင့် ကောက်ခံခြင်းကို ၂၀၁၄ ဧပြီ ၁ ရက်မှစတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန် ရရှိမှု ပမာဏမှာ ငွေကျပ်ဘီလီယံ ၇၀၀ ခန့်ရှိခဲ့ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာနမှ သိရှိရသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service