သန်လျင်မြို့မှာရှိတဲ့ Star City အိမ်ရာက Galaxy Tower က အခန်းတွေကို စတင်ရောင်းချတဲ့ မိတ်ဆက်အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ရက်နေ့က Yoma Strategic Holding ကုမ္ပဏီက Sale Gallery ကို မိတ်ဆက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ကနေ ၁၆ရက်နေ့အထိ ၃ရက်ကြာကာလအတွင်းမှာ အဆောက်အအုံ ၃ခုစလုံးကို စတင်ရောင်းချမှာဖြစ်ပြီး မဂဏန်းအလွှာဖြစ်တဲ့ ၁၊ ၃၊ ၅၊ ၇ စတဲ့အထပ်တွေကိုပဲ ရောင်းမယ်လို့ ဆိုပါတယ်။ အရောင်းပွဲတော်ပြီးလို့ ၃ပတ်အကြာ ဈေးတက်ဖို့ရှိတာကြောင့် ဒီ၃ရက်အတွင်း ဝယ်ယူသူတွေဟာ အမြတ်စရနေမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။
Galaxy Towers ရဲ့ အခန်း ၆ဝရာခိုင်နှုန်းကို ရောင်းပြီးရင်တော့ ရောင်းချတာ ရပ်နားမှာဖြစ်ပြီး ကျန်တဲ့အခန်းတွေကိုတော့ အဆောက်အအုံပြီးခါနီးမှာ အမြင့်ဈေးနဲ့ ဆက်ပြီးရောင်းမှာမို့ ပထမဆုံး ဝယ်ထားသူ ၆ဝ%ဟာ ပိုပြီးအကျိုးအမြတ်တွေရှိလာမှာပါလို့ ရှင်းပြပါတယ်။ နိုင်ငံတကာကျောင်းကို ၂ဝ၁၆မှာ ပြီးအောင်ဆောက်ပြီး ဆေးခန်းတွေ၊ ဈေးဝယ်စင်တာတွေ၊ ဘဏ်တွေလည်း ပါဝင်လာမှာမို့ Star City ဟာ ရန်ကုန်မြို့လယ်နဲ့ မိနစ် ၃ဝလောက်သွားရင် ရောက်တာမို့ ဝယ်ယူသူတွေအတွက် အမြတ်ကျန်စေမယ်လို့ ဆိုပါတယ်။
Star City ဟာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ၁၅မိနစ်ပဲ ဝေးတာမို့ သီလဝါဇုန်သာပြီးခဲ့ရင် အဲဒီဇုန်ထဲက အလုပ်လုပ်သူ ၃ရာခိုင်နှုန်းဟာ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်ဖို့လိုမှာမို့ သူတို့အိမ်ရာစီမံကိန်းက အရေးပါတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရကလည်း တံတားဆောက်လုပ်ဖို့လုပ်နေသလို ၂ဝ၁၇မှာ ပြီးတဲ့အခါ သွားလာရပိုလွယ်သွားပြီး သီလဝါတိုးတက်မှုက Star City နဲ့ ချိတ်ဆက်နေပါတယ်လို့ ဆိုပါတယ်။
အိမ်ခြံမြေလုပ်ငန်းမှာ စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံလိုသူ ၃၂ဝကျော်ဟာ စောင့်ဆိုင်းစာရင်းမှာပဲ ရှိနေတာမို့ ၃ရက်တာ ရောင်းချမှုအတွင်း လူ ၃၂ဝလုံးကို ချက်ချင်းရောင်းဖို့ အဆင်မပြေတာကြောင့် အထူးအစီအစဉ်အဖြစ် ဦးစားပေးရောင်းချမှာမို့ ရောင်းချတဲ့ကာလမှာလည်း အဆိုတော် အမွန်းက ဖျော်ဖြေမှာဖြစ်သလို အစားအသောက်တွေနဲ့လည်း ဧည့်ခံမယ်လို့ ပြောပါတယ်။
Credit: Kamayut Media