တန်ဖိုးနည်း တိုက်ခန်းများ တိုးချဲ့ တည်ဆောက်နေသော်လည်း ပုဂ္ဂလိက လုပ်ငန်းများအပေါ် သက်ရောက်မှု မရှိသေးဟုဆို

တန်ဖိုးနည်း တိုက်ခန်းများ တိုးချဲ့ တည်ဆောက်နေသော်လည်း ပုဂ္ဂလိက လုပ်ငန်းများအပေါ် သက်ရောက်မှု မရှိသေးဟုဆို - Property News in Myanmar from iMyanmarHouse.com
3 Feb 2015 10:54 am တွင် တင်ခဲ့သည်
1150 ကြိမ် ကြည့်ရှု့ပြီး
အစိုးရတန်ဖိုးနည်း အိမ်ရာ စီမံကိန်းများတိုးချဲ့ တည်ဆောက်လာသော်လည်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် ကြီးမားသော သက်ရောက်မှုများ မရှိသေးဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။

တန်ဖိုးနည်းတိုက်ခန်း ရောင်းဈေးမှာ ပြည်သူများ ဝယ်ယူနိုင်စွမ်းထက် မြင့်မားနေပြီး သွားလာရန် အချိန်ပေးရသည့် မြို့စွန်ပိုင်းတွင်သာ တည်ဆောက်နေခြင်းကြောင့် ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက်အခြေအနေ ကောင်းဦးမည်ဟု မြရောင်ချယ် ဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးပိုင်စိုးရာကျော်က ပြာသည်။

”အစိုးရတန်ဖိုးနည်းအိမ်ရာတွေက ဈေးတွေကြီးနေသလို မြို့စွန်တွေမှာ ရှိနေတော့ ဒီလိုကားကျပ်တည်းတဲ့ အချိန်အခါမျိုးမှာ လူတွေစိတ်ဝင်စားမှု နည်းသေးတဲ့အတွက် ကျွန်တော်တို့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ် ငန်းတွေအပေါ် သက်ရောက်မှု သိပ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်နေပြီး လေးနှစ်အတွင်း တိုက်ခန်း ၄၃,ဝဝဝ ကျော်ထွက်ရှိရန် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တန်ဖိုးနည်းများ အကောင်အထည်ဖော်နေသော်လည်း တိုက်ခန်းများ ဈေးနှုန်းမှာ ကျပ်သိန်း ၁ဝဝ ဝန်းကျင် အနည်းဆုံးရှိခြင်းကြောင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ ရောင်းဈေးနှင့် နှိုင်းယှဉ်က ဈေးအနည်းငယ်သာ သက်သာသည်ဟုလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

တန်ဖိုးနည်းအိမ်ရာများသည် ပြည်သူဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်ရန်လိုအပ်ပြီး အောက်ခြေလူတန်းစား ဝယ်ယူနိုင်သည့် နည်းလမ်းဖြင့် ရောင်းချပေးချိန်မှသာ မြင့်မားနေသည့် အိမ်ခန်း၊ တိုက်ခန်းဈေးများကို ထိန်းနိုင်မည်ဟုလည်း နေရာသစ်ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်က ပြောသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများကလည်း မြို့စွန်ဘက်များကိုပါ တိုးချဲ့တည် ဆောက်လာခြင်းကြောင့် နောက်ပိုင်းတွင် အစိုးရတန်ဖိုးနည်းနှင့် ပုဂ္ဂလိကလုပ်ငန်းများက ရောင်းချသည့် တိုက်ခန်းဈေးကွက်များ အပြိုင်အဆိုင်ဖြစ်လာနိုင်သည်ဟု ၎င်းတို့က ဆိုသည်။

Credit: mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service