ဆွီဒင်နိုင်ငံ မြောက်ပိုင်း၊ ဂျက်ကာ ဆာဗီမြို့မှာရှိတဲ့ ဟိုတယ်ဟာ အခြားဟိုတယ်နဲ့ လုံးဝ မတူပါဘူး။ တစ်နှစ်ပတ်လုံး ဖွင့်တဲ့ ဟိုတယ်မျိုး မဟုတ်ဘဲ ရာသီဥတု အခြေအနေ အပေါ် မူတည်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ ဒီဟိုတယ်ကို ဒီဇင်ဘာလ ကနေ မတ်လ အတွင်းထိပဲ ဖွင့်လှစ် ပါတယ်။ ဒီဟိုတယ် ပတ်ဝန်းကျင်ပာာ အလွန်အေးပြီး အနုတ် (30C) အထိရှိ ပါတယ်။ အာတိတ် ဒေသနဲ့ မိုင် (၁၂၀) အကွာမှာ ရှိတာကြောင့် အလွန်အေးတဲ့ အခြေအနေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဟိုတယ်ကို အမြဲတမ်း တည်ဆောက် ထားတာ မဟုတ်ဘဲ ရေခဲ အခြေအနေ ရောက်မှ ဆောက်လုပ် ထားခြင်း ဖြစ်ပါတယ်။ ဟိုတယ်ကို ဆောက်လုပ်ရာမှာ ရေခဲတန်ချိန် (၉၀၀၀) အထိအသုံးပြုရပါတယ်။
ဒီပာိုတယ်ကို ရေခဲ ဟိုတယ်လို့လည်း ခေါ်ဆိုပြီး အချို့ကတော့ ကမ္ဘာ့ အအေးဆုံး ဟိုတယ် အဖြစ် သတ်မှတ်ထားကြ ပါတယ်။ ရေခဲတွေနဲ့ တည်ဆောက် ထားတဲ ဟိုတယ်ကို လာရောက် တည်းခိုသူက တစ်နှစ်ကို (၅၀၀၀၀) ကျော် ရှိပါတယ်။ ပာိုတယ် အခန်း ပေါင်း (၅၅) ခန်းသာရှိ ပေမယ့် လာရောက် တည်းခိုသူတွေ အမြဲပြည့် နေပြီး မင်္ဂလာပွဲတွေ ကိုလည်း အများအပြား လက်ခံ ကျင်းပ ပေးနေရတယ်လို့ ဆိုထား ပါတယ်။ ဒီဟိုတယ် ဖွင့်တာ လာမယ့် ရက်ပိုင်း ဆိုရင်(၂၅) နှစ် ပြည်တော့မှာ ဖြစ်ပါတယ်။
နှစ်ရှည်လများ အောင်မြင်စွာ ဖွင့်လှစ် ထားနိုင် တာက ၀န်ဆောင်မူ ကောင်းမွန်ခြင်း က အဓိက ကျပေမယ့် ပာိုတယ် တည်နေရာက ခရီးသွား တွေကို ဆွဲဆောင် နိုင်တဲ့ အချက်က အရေးပါနေ ပါတယ်။ ဟိုတယ် ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲနေပြီး ဟိုတယ် ကိုလည်း ရေခဲနဲ့ တည်ဆောက်ထား ပေမယ့် အေးတာကို သက်သာဖို့ အထူး အစီအစဉ်တွေ ပြုလုပ်ပေးထား ပါတယ်။ ဟိုတယ် အခန်းထဲကို ရောက်တာနဲ့ အေးချမ်းမူကို သက်သာအောင် ပြုလုပ် ပေးထား တာကြောင့် အပူချိန်က အနုတ် (5C) သာရှိတော့မှာ ဖြစ်ပါတယ်။အေးချမ်းတဲ့ နေရာမှာ နေထိုင်ရင် သတ်မှတ် ထားတဲ့ အကြံပြုမူတွေကို လိုက်နာဖို့ လိုပါတယ်။ ချည်ထည်နဲ့ လုပ်ထားတဲ့ အ၀တ်အစား တွေပာာ အေးတာကို မသက်သာစေ တာကြောင့် သိုးမွေး အ၀တ်အစားတွေကို ၀တ်ဆင် ရမှာဖြစ်ပါတယ်။ အခန်းထဲ မှာလည်း အအေးဒဏ်ကို သက်သာအောင် အသုံးအဆောင် ပစ္စည်းတွေကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးထား ပါတယ်။ နောက်ပြီး ရေနွေးငွေ့နဲ့ ရေချိုးနိုင်အောင်လည်း စီစဉ်ပေး ထား ပါတယ်။ အရက် သောက်သုံးတဲ့ ဘားခန်း တစ်ခုကိုလည်း ပြုလုပ်ပေးထား ပါတယ်။ ထူးခြားတာက အိပ်စက်တဲ့ အခါ အေးချမ်း တိတ်ဆိတ်လွန်း တာကြောင့် အသက်ရူသံကို ပြန်ကြားနေရ ပါတယ်။ ဒါပေမဲ့ ဟိုတယ် တည်ခိုးခန်း က ဈေးကြီးလွန်းပြီး တစ်ညတည်းခိုက
ပေါင် (၄၂၀)ကုန်ကျမှာ ဖြစ်သလို အထူးခန်းကတော့ ပေါင်(၆၈၀) ကုန်ကျမှာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ ပတ်ဝန်း ကျင်၊ ရေခဲထဲမှာ အိပ်စက်ရခြင်းစတဲ့ အခြေအနေ တွေကြောင့် တိုတောင်းလှတဲ့ ကာလ အတွင်းမှာ တည်းခိုသူ အရေအတွက် များပြားနေခြင်း ဖြစ်ပြီး ကြိုတင် စာရင်းပေးမှသာ အခန်းတွေ ရရှိမှာ ဖြစ်ပါတယ်။
Credit: messenger