လာမည့် ရွေးကောက်ပွဲနောက်ပိုင်း အိမ်ခြံမြေဈေး ကျဆင်းနိုင်

လာမည့် ရွေးကောက်ပွဲနောက်ပိုင်း အိမ်ခြံမြေဈေး ကျဆင်းနိုင် - Property News in Myanmar from iMyanmarHouse.com
25 Jan 2015 10:38 am တွင် တင်ခဲ့သည်
2307 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ်အတွင်း အိမ်ခြံ မြေဈေးနှုန်းအကျဘက် ဦးတည်နေပြီး ရွေးကောက်ပွဲနောက်ပိုင်းတွင် ဈေးနှုန်းထပ်မံကျဆင်းသွားနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။

လက်ရှိအချိန်တွင်လုံးချင်းအိမ်၊ကွန်ဒိုနှင့်တိုက်ခန်းများ ရောင်းဝယ်မှုအသင့်အတင့်သာရှိ ပြီး ဈေးနှုန်းကျဆင်းနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းကပြောသည်။

‘‘အခု အခြေအနေအတိုင်းတာ ဆက်သွားမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် အိမ်ခြံမြေဈေးနှုန်းက ကျဆင်းပြီး ပုံမှန်နှုန်းအတိုင်းဖြစ်သွားမယ်’’ဟု ၎င်းက ပြောသည်။

ကွန်ဒို တိုက်ခန်းများသည် အမြင့်ဆုံးနှုန်းများသာဖြစ်နေပြီး ထပ်မံဈေးတက်၍ မဖြစ်နိုင်တော့ ကြောင်း ဦးခင်မောင်သန်းက ဆို သည်။ ကွန်ဒိုမီနီယမ်ဥပဒေထွက် ပေါ်လာပါက ကွန်ဒိုမှ ရိုးရိုး တိုက်ခန်း၊ယင်းမှတစ်ဆင့် မြေ ဈေးပါသက်ရောက်နိုင်ကြောင်း ယင်းအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကပြောသည်။

လက်ရှိအိမ်ခြံမြေဈေးနှုန်းကျဆင်းလာခြင်းမှာ ပြည်တွင်း၊ ပြည်ပမှ ငွေမည်းများ ၀င်မလာ တော့ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင် များမှ ငွေကြေးများဝင်ရောက်မှု မရှိခြင်းနှင့် ၂၀၁၅ နိုင်ငံရေးအ ပြောင်းအလဲကို စောင့်ကြည့်နေ ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။

အိမ်ခြံမြေအတွက်သီးသန့်အမိန့်၊ဥပဒေထွက်ပေါ်လာခြင်း၊ ရောင်းချမှုတစ်ပေပတ်လည် ဈေး နှုန်းကာလပေါက်ဈေးနှင့် လိုက် လျောညီထွေမှုမရှိသည်ကို ပြင် ဆင်ခြင်း၊ ကြီးကြီးမားမားစီးပွား ရေးစီမံကိန်းများ စသည့်အချက် များ မဖြစ်ပေါ်လာပါကအိမ်ခြံ မြေဈေးနှုန်းတက်လာနိုင်ခြင်းမရှိနိုင်ကြောင်း ဦးသန်းဦးက ပြောသည်။ ၂၀၁၅ အစိုးရသစ် မူဝါဒကြောင့်အိမ်ခြံမြေဈေးနှုန်းများပြောင်းလဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဈေးတက်ပြီးသားပစ္စည်းတစ်ခုသည် ပြန်ကျလေ့မရှိသော်လည်း လက်ရှိအိမ် ခြံမြေဈေးမှာ အေးစက်ပြီး အကျဘက်သို့ဦးတည်နေသည်။၂၀၁၅ရွေးကောက်ပွဲနိုင်ငံရေးအပြောင်း အလဲကလည်း အိမ်ခြံမြေဈေးနှုန်း များကျဆင်းကာ ပုံမှန်ဖြစ်သွား နိုင်ကြောင်း စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်း ပိုင်ရှင် ဦးစိုင်းခွန်နောင်ကပြောသည်။

လက်ရှိတိုက်ခန်း အများအပြားအကောင်အထည်ပေါ်လာ မှုသည်လည်း အိမ်ခြံမြေဈေးနှုန်း ကျဆင်းစေကြောင်း အိမ်ခြံ မြေပွဲစားများကဆိုသည်။ လက်ရှိ အချိန်တွင် အရောင်းအ၀ယ်ဖြစ် သော်လည်း အောက်ကြေးများ ဖြင့် အရောင်းအ၀ယ်ဖြစ်နေ ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ခြံမြေပွဲစား ဒေါ်ခင်သန်းက ပြောသည်။

‘‘ဒီဘက်မှာ တိုက်ခန်းတွေ အများကြီးဆောက်တယ်။ ၀ယ် မယ့်သူမရှိတော့ ငွေလိုတဲ့သူတွေ က အောက်ဈေးနဲ့ ရောင်းနေကြတယ်။ ဈေးကွက်သဘောအရ ရောင်းမယ့်သူများလာရင် ဈေးက ဆက်ကျနေမှာပဲ’’ဟု ၎င်းကဆို သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး သည် ကောင်းမွန်သည့် အနေအထား မရောက်ရှိသေးသော ကြောင့် ယင်းအပေါ် မှီခိုနေသည့် အိမ်ခြံမြေဈေးကွက်သည်လည်း ဈေးကွက်ပျက်နိုင်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ပိုင်ရှင် ဦးသန်းဦးက ပြောကြားသည်။

မြေယာဈေးနှုန်းများ ကြီးမြင့်နေမှုကို ထိန်းချုပ်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးဒေသအလိုက် ကိုက်ညီသော ‘‘ပိုင်ဆိုင်မှု အခွန်(Property Tax)’’အခွန်ကောက်စနစ်ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး ဥပဒေပြုရန်လိုအပ်ပါကဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဟု သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ကပြောကြားထားသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service