ရန်ကုန်မြို့ ကွန်ဒို တိုက်ခန်း ဈေးကွက်တွင် ၂၀၁၇ မကုန်မီ သုံးနှစ်အတွင်း အဆင့်မြင့်တန်ဖိုးကြီး လူနေတိုက်ခန

ရန်ကုန်မြို့ ကွန်ဒို တိုက်ခန်း ဈေးကွက်တွင် ၂၀၁၇ မကုန်မီ သုံးနှစ်အတွင်း အဆင့်မြင့်တန်ဖိုးကြီး လူနေတိုက်ခန - Property News in Myanmar from iMyanmarHouse.com
13 Nov 2014 10:18 am တွင် တင်ခဲ့သည်
1426 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၄ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ကွန်ဒိုမီနီယံတိုက်ခန်းသစ် ၁,၁၀၀ တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး ၂၀၁၅ အတွင်း အကြမ်းအားဖြင့် တိုက်ခန်းသစ် ၁,၂၀၀ ၀န်းကျင်သာ ရှိမည်ဖြစ်သည်။ တည်ဆောက်မှုများအရ ၂၀၁၆ တွင် ကွန်ဒိုတိုက်ခန်းသစ် ငါးထောင်ကျော် ရှိလာမည်ဖြစ်ပြီး လာမည့် ၂၀၁၇ တွင်လည်း နောက်ထပ် ငါးထောင်ကျော် ဆက်ရှိမည်ဟု ခန့်မှန်းထားသည်။

ထိုသို့ စီမံကိန်းများပြီးစီးပါက ၂၀၁၃နှင့် ၂၀၁၇ အကြား အဆင့်မြင့် တိုက်ခန်းပေါင်း လေဆနီးပါး တိုးလာခြင်းဖြစ်သည်ဟု Frontier ၏ အုပ်ချုပ်မှုအယ်ဒီတာ Clare Hammond က ပြောသည်။ ၂၀၁၄ တတိယသုံးလပတ်တွင် ရန်ကုန်မြို့ရှိ ကွန်ဒို ၃၇ ရာခိုင်နှုန်းမှာ မြို့လယ်တွင်ရှိပြီး ၁၆ ရာခိုင်နှုန်းသာ မြို့ပြင်တွင်ရှိသည်။

အခြားတစ်ဖက်တွင်လည်း အိမ်ရာအဆောက်အအုံစီမံကိန်းများ ပြီးစီးသည်နှင့်အမျှ ယင်းအချိုးအစားမှာ သိသိသာသာ ပြောင်းသွားမည် ဖြစ်သည်။ “စီမံကိန်းတွေ ပြီးစီးလာတဲ့အခါ ကွန်ဒိုပျံ့နှံ့မှု အချိုးအစားက ပြောင်းလဲသွားပြီး မြို့လယ်မကျ မြို့ပြင် မရောက်တရောက် အလယ်အလတ် နေရာတွေမှာ အဆင့်မြင့်ကွန်ဒိုတွေကို အများဆုံးတွေ့လာရမယ်” ဟု ၎င်းက ပြောသည်။

လာမည့်နှစ်များအတွင်း မြို့တော်တိုးချဲ့လာသည့်အခါ ရန်ကုန်မြို့ဆင်ခြေဖုံးများတွင် အကြီးစားအဆင့်မြင့် အင်္ဂါစုံကွန်ဒိုစီမံကိန်းများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရသည်။ လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း ကွန်ဒိုတိုက်ခန်းဈေးနှုန်းများ အလျင်အမြန်ထိုးတက်သွားခဲ့ရာ ၂၀၁၄ တတိယ သုံးလပတ်တွင် ပျမ်းမျှ တစ်စတုရန်းပေ ကန်ဒေါ်လာ ၂၅၀ နှင့် ၃၀၀ ကြားရှိနေသည်။

“ကျွန်တော်တို့အမြင် ပြောရရင် Developer တွေ အပြိုင်အဆိုင်လုပ်လာကြတာရယ်၊ ကွန်ဒိုစီမံကိန်းတွေ ပေါများလာတာရယ်ကြောင့် အဆင့်မြင့်တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်းဈေးဟာ တည်ငြိမ်လာဖို့ အလားအလာများပါတယ်” ဟု Hammond က ဆိုသည်။

ရန်ကုန်ရုံးခန်းဈေးကွက် သည်လည်း ၂၀၁၄ တတိယ သုံးလပတ်မှ စ၍ တည်ငြိမ်လာသည့် အရိပ်လက္ခဏာ ပြလာသော်လည်း တိုက်ခန်း အရည်အသွေးနှင့် ယှဉ်လျှင် ဈေးနှုန်းများမှာ အဆမတန်မြင့်မားနေဆဲဖြစ်သည်။

၂၀၁၇ ရောက်လျှင် ရန်ကုန်တွင် Grade A အဆင့်ရှိ ရုံးခန်းဧရိယာ အနည်းဆုံး စတုရန်းမီတာ ရှစ်သိန်းအထိ ရှိလာမည်ဖြစ်ရာ ၂၀၁၄ တတိယသုံးလပတ်အခြေအနေထက် ၁၂ ဆ တိုးလာမည်ဖြစ်သည်ဟု Frontier က ခန့်မှန်းထားသည်။

Frontier Myanmar သည် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများအတွက် သုတေသန စမ်းစစ်ချက်များ ဝန်ဆောင်မှုများ ပေးနေသည့် သုတေသနနှင့် အကြံပေး အဖွဲ့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း၌ ၂၀၁၄ခုနှစ်တွင် စတင်ရုံးစိုက်ခြင်းဖြစ်သည်။ Frontier Myanmar သည် ဗြိတိန်အခြေစိုက် Frontier MEA Ltd ၏ ကုမ္ပဏီခွဲလည်းဖြစ်ပြီး ဂါနာနှင့် လစ်ဗျားနိုင်ငံများတွင်လည်း ရုံးစိုက်ထားရှိသည်။

Credit: mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service