အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်

အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2014 10:29 am တွင် တင်ခဲ့သည်
3889 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

လွန်ခဲ့သောလအနည်းငယ်က ကျွန်မ မိတ်ဆွေ၏ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး ဖခင်အမည်ဖြင့် ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ ) အမျိုအစား အိမ် နှင့် ခြံ တစ်ကွက် ကျန်ခဲ့ပါတယ်။

ကျွန်မ မိတ်ဆွေ မှာ မွေးချင်းညီမ အရင်းတစ်ယောက်ရှိပြီး ဖခင်ကွယ်လွန်ခဲ့ပြီး နောက် မိခင်နှင့် ထိုညီမလေးတစ်ယောက်သာလျှင် ဆွေမျိုးအရင်းအချာအနေနှင့် ကျန်ရစ်ခဲ့ပါတယ်။ မြန်မာဓလေ့ထုံးတမ်းအစဉ်အလာအရ လင်ယောက်ျားကွယ်လွန်ခဲ့ပါက မယားဖြစ်သူပိုင်ဆိုင်မည်ဖြစ်သော်လည်း ဖခင်မသေခင်က မှားကြားခဲ့သော စကားများအရ ဖခင်အမည်နှင့် ကျန်ရစ်ခဲ့သော ထိုအိမ်နှင့် ခြံကို မိခင်တစ်ဦးတည်း အမည်မပြောင်းလဲခဲ့ပါ။

မိခင်နှင့် ကျွန်မမိတ်ဆွေညီအမ (၂) ဦး၊ စုစုပေါင်း (၃) ဦး အမည် သို့ ပြောင်းလဲရန် တိုင်ပင်ခဲ့ပြီး ဖခင်အမည်မှ ၎င်းတို့အမည်သို့ ပြောင်းလဲရန်အတွက် သိလိုသည်များကို မေးမြန်းရန် ကျွန်မထံ ရောက်လာခဲ့ပါတယ်။ ကျွန်မမှာလည်း တက်သည့်ပညာ မနေသာ ဆိုသလို ကျွန်မ သိထားသမျှကို အောက်ပါအတိုင်း အိတ်သွန် ဖာမှောက် ပြောပြခဲ့ပါတယ်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရန်အတွက် လိုအပ်သည်များ

၁) ကျန်ရစ်သူ ဇနီး၊ သားသမီး များမှ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသော တရားရုံးကျန်းကျိန်လွှာ

၂) ဘေးပတ်ဝန်းကျင်မှ ကွယ်လွန်သူ တွင် ယခု ကျန်ရစ်ခဲ့သော ဇနီး၊ သားသမီး များသာ ရှိသည်ကို သိရှိကြောင်း ကျန်းကျိန်လွှာ (၂) စောင်

၃) အထက်ပါ အိမ် မြေ နှင့် ပတ်သက်သော အိမ်ဂရံ အစရှိသည့် ပိုင်ဆိုင်မှု အထောက်အထားများအား ယူဆောင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာဌာန တွင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မြေပုံနှင့် မြေရာဇဝင်ကို ကူးယူရန်လျှောက်ထားရမည်။ ( ဌာနမှ လိုအပ်သည်ကို ကွင်းဆင်းစစ်ဆေး၍ ကန့်ကွက်သူ မရှိပါက မြေပုံနှင့်မြေရာဇဝင်ကို လျှောက်ထားသူအား ထုတ်ပေးမည် ဖြစ်ပါသည်။)

၎) ထိုအခါ မြေပုံရာဇဝင်နှင့် အမှတ် (၁) နှင့် အမှတ် (၂) ပါ ကျမ်းကျိန်လွှာများ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ (အိမ်ဂရံ) နှင့် အမွေ ဆက်ခံပိုင်ဆိုင်နိုင်ကြောင်း စာချုပ်ချုပ်ဆို၍ ရန်ကုန်မြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

၅) အမွေ ဆက်ခံပိုင်ဆိုင်နိုင်ကြောင်း မှတ်ပုံတင်ပြီးပါက နံပါတ် (၄) ပါ စာရွက်စာတမ်းများ ယူဆောင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြို့ပြ၊ မြေယာ ဌာန၌ ကျန်ရစ်သူ ဇနီး၊ သားသမီးများမှ အမည်ပြောင်းလဲရန် လျှောက်ထားနိုင်ပါသည်။

၆) ဌာနမှ လိုအပ်သည်များကို ကွင်းဆင်းစစ်ဆေး၍ ကန့်ကွက်ရန်မရှိပါက ကွယ်လွန်သူ ဖခင် အမည်မှ ကျန်ရစ်သူ ဇနီး၊ သားသမီး များ၏ အမည်သို့ ပြောင်းလဲသတ်မှတ်ပေးလိုက်ပါတယ်။

စာကြွင်း ။ ။ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်၌ တံဆိပ်ခေါင်း ၂၅၀ ကပ်ရမည့်အပြင် အမွေဆက်ခံမည့်သူများနှင့် အသိသက်သေများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ်၊ အဖ အမည်တို့ကို ပြည့်စုံစွာရေးသားဖြည့်သွင်း၍ လက်မှတ်ရေးထိုး လက်ဗွေနှိပ် ချုပ်ဆိုရပါသည်။

Credit: Myanmar property news

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service