ရန်ကုန် - လှိုင်သာယာစက်မှုဇုန် (၅) အတွင်းရှိ မြေကွက်အချို့တွင်ပိုင်ရှင်အမည်ပေါက်မရှိဘဲ စက် ရုံများ ၀င်ရောက်တည်ဆောက်မှု များရှိနေသည့်အတွက် စီမံခန့်ခွဲ ရေးကော်မတီက ရန်ကုန်တိုင်း ၀န်ကြီးချုပ်ထံ စက်တင်ဘာ ၃ ရက်တွင် တိုင်ကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
စက်မှုဇုန် (၅) ရှိ မြေကွက် များမှာ လယ်သမားများ၏ မြေ ကွက်များဖြစ်ပြီး မြေယာလျော် ကြေးများပေးထားခြင်းအပေါ် မြေကွက်များ ရောင်းချနေခြင်းနှင့် စက်ရုံများ တည်ဆောက်လုပ်ကိုင် နေခြင်းတို့မှာ သတ်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီသော ကြောင့် ဖြစ်သည်။
‘‘ဒီနေရာမှာ ဘာပဲလုပ်လုပ် ကော်မတီက သိထားရမှာဖြစ် တယ်။ ၀င်ဆောက်ထားတဲ့ အ ဆောက်အအုံတွေကိုလည်း ဖျက် ပေးဖို့ စာကပ်ထားတယ်။ အ ကြောင်းကြားထားတယ်။ အခုချိန်ထိလည်း ဘာမှမဖယ်ပေးဘူး။ ၀င်ဆောက်တဲ့သူတွေ၊ ခြံဝင်ခတ်တဲ့ သူတွေကို တရားစွဲထားပါတယ်။ ဒီအတွက် တင်ပြထားတာဖြစ် တယ်’’ဟု စက်မှုဇုန်အပိုင်း (၅)မှ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြမောင်းက ပြောသည်။
လက်ရှိစက်မှုဇုန်အတွင်း မြေကွက်များ ရောင်းချနေမှုများရှိနေသည်။ အဆောက်အအုံ ဆောက်လုပ်နေခြင်းများရှိနေပြီး၊ မဆောက်လုပ်နိုင်သေးသည့် မြေ ကွက်များကို လိုက်လံခြံခတ်မှုများ ရှိနေသည်။ စက်မှုဇုန်မှာ လယ်သ မားများပိုင် မြေကွက်များကို သိမ်းထားခြင်းအတွက် မြေယာလျော် ကြေးကို လယ်သမား ၂၀ ဦးကိုပေးထားပြီး ဖြစ်သည်။ မြေကွက်တွင် အမည်ပေါက်မရှိဘဲ ၀င်ရောက်ဆောက်လုပ်၊ ခြံခတ်နေခြင်းတို့မှာ မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်လာနိုင်၍တိုင်း အစိုးရထံတင်ပြထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါစက်မှုဇုန်အပိုင်း (၅)မှာ စက်ရုံပေါင်း ၂၄၀ ကျော်ရှိပြီး တည်ဆောက်မည့် စက်ရုံများကို အသံနှင့် အနံ့ခွင့်ပြုထားခြင်းမရှိ ကြောင်း ဇုန်ကော်မတီက သတ် မှတ်ထားသော်လည်း ကော်အ ညှော်နံ့များမှာ နေ့စဉ်နှင့်အမျှ ထွက်နေ၍ ကျန်းမာရေးအတွက် အခက်အခဲရှိနေကြောင်း ရပ်ကွက်နေသူများက စက်တင်ဘာ ၇ ရက်တွင် ဇုန်ကော်မတီရုံးခန်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
‘‘ဇုန် (၅)က ရပ်ကွက်ငါးရက် ကွက်က ပတ်ချာလည်ဝိုင်းထား တာ။ အညှော်နံ့တွေက ညဘက် မှာဆို ပိုဆိုးတယ်။ ဆင်းစစ်ဖို့ မြို့ နယ်ကို တိုင်တော့လည်း သူတို့ ဆင်းပြီးစစ်တဲ့အခါတိုင်း မီးက ပျက်နေတာ ဘာမှမတွေ့သွားကြ ဘူး’’ဟု (၁၈) ရပ်ကွက်နေ ဒေါ်သန်းမြင့်က ပြောသည်။
စက်ရုံများမှာ သတ်မှတ် စည်းကမ်းချက်များမလိုက်နာမှု များရှိနေခြင်းကို မြို့နယ်အုပ်ချုပ် ရေးမှူး၊ ကျန်းမာရေးဌာနသို့ ရပ် ကွက်နေသူများ တင်ပြတိုင်ကြား ချက်များအပေါ် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးသည့် အချိန် တိုင်း မီးဖျက်ထားသည့်အတွက် အညှော်နံ့များ မရသွားကြသည်ကို ရပ်ကွက်နေသူများက မကျေမနပ်ဖြစ်နေကြသည်။
‘‘စက်ရုံဆောက်မယ်ဆို အ သံနဲ့ အနံ့လုံးဝခွင့်မပြုဘူးဆို တာ စည်းကမ်းချက်ရှိပြီးသားပါ။ အခု ဒီစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် ရပ်ကွက်ထဲက လူတွေအညှော်နံ့ကို နေ့တိုင်းလိုလိုခံနေရ တယ်’’ စက်မှုဇုန်အပိုင်း (၅)မှ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။
Credit: 7 Day Daily