ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
A chain is only as strong as its weakest link ဟူသော ဆိုရိုးစကား တစ်ခုရှိသည်။
အဓိပ္ပာယ်မှာ ချိန်းကြိုးတစ်ခုတွင် အခြားသော ချိန်းကွင်းဆက်များ မည်မျှ ကြံ့ခိုင်နေသည်ဖြစ်စေ အားနည်းသော ချိန်းကွင်းတစ်ခုပါနေပါက ချိန်းကြိုးတစ်ခုလုံးတွင် ကြံ့ခိုင်မှုမရှိတော့ကြောင့် ဆိုလိုခြင်းဖြစ်သည်။
ချိန်းကြိုးမှ ကွင်းဆက်တစ်ခုသည် ကြံ့ခိုင်မှုအားနည်းနေပြီး မြင်းကောင်ရေ ၁၀ ကောင်အား ဆွဲအားသာ ခံနိုင်သည်ဆိုပါက ကျန်သော ချိန်းကွင်းများ မည်မျှကြံ့ခိုင်သည်ဖြစ်စေ ချိန်းကြိုးတစ်ခုလုံး၏ ကြံ့ခိုင်မှုမှာ မြင်းကောင်ရေ ၁၀ ကောင်အားသာ ဖြစ်သည်။
ကုမ္ပဏီတစ်ခု၊ လုပ်ငန်းစဉ်တစ်ခုတွင်လည်း ကျန်သော လုပ်ဆောင်ချက်များ မည်မျှကောင်းမွန်နေသည်ဖြစ်စေ သေးငယ်သော အားနည်းချက်တစ်ခုရှိနေပါက ထိုကုမ္ပဏီ၊ ထိုလုပ်ငန်းစဉ်တစ်ခုလုံး၏ ထိရောက်မှု၊ တာသွားမှုမှာ ချိနဲ့သွားမည်ဖြစ်ကို ဆိုလိုခြင်း ဖြစ်သည်။
Marketing ဌာနမှ စွမ်းဆောင်ရည်မည်မျှတော်နေသည်ဖြစ်စေ customer service ကဏ္ဍတွင်ရှိသူများက ရိုင်းပျကာ အထောက်အကူမဖြစ်ပါက အားကောင်းသော ချိန်းကွင်းများ၏ ကြိုးပမ်းမှုများ အရာမထင်နိုင် တော့ချေ။
ထိုသို့သော အခြေအနေမျိုး ကုမ္ပဏီများတွင် မည်မျှရှိနေသနည်းဟူသည်ကို လေ့လာရန်အတွက် ဂျပန်မှ အတိုင်ပင်ခံကုမ္ပဏီ Shikigaku သည် ဝန်ထမ်း ၃၀၀ အထက်ရှိ ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၃၀၀ ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။
ထို ဝန်ထမ်းများကို “ကုမ္ပဏီမှာ အလုပ်မလုပ်တဲ့ သက်ကြီးပိုင်းတစ်ယောက် ရှိနေသလား” ဟူသော မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။
Shikigaku ကုမ္ပဏီက အသက် ၂၀ မှ ၃၉ နှစ်ကြားရှိသူများကို မေးမြန်းခဲ့ခြင်းဖြစ်ရာ သက်ကြီးပိုင်း ဟူသည်မှာ ၄၀ နှင့် အထက်ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။
“မင်းတို့ ကုမ္ပဏီမှာ အလုပ်မလုပ်တဲ့ သက်ကြီးပိုင်း တစ်ယောက်ရှိလား” ဟု မေးရာတွင် ၄၉ ဒသမ ၂ ရာခိုင်နှုန်းက “ရှိသည်” ဟု ဖြေဆိုခဲ့ကြသည်။
ဆက်လက်မေးမြန်းသော မေးခွန်းမှာ “သူတို့က အလုပ်မလုပ်ဘူးဆိုရင် ဘာတွေလုပ်နေတာလဲ” ဟု ဖြစ်သည်။
ထိုအခါတွင် အများဆုံး ဖြေကြသည်မှာ “မရေမတွက်နိုင်အောင် ခဏခဏနားပြီး ဆေးလိပ်သောက်၊ မုန့်စားနေကြတယ်” ဟု ဖြစ်သည်။
ထိုသို့ ဖြေကြားသူ ၄၉ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။
“မိုးပေါ်ကိုပဲ မော့ကြည့်နေတာပဲ” ဟု ဖြေကြားသူမှာ ဒုတိယအများဆုံးဖြစ်ပြီး ၄၇ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။
အလုပ်မလုပ်သော အခြားလုပ်ဖော်ကိုင်ဖက်နှင့်ထိုင်ကာ “စကားပြော အချိန်ဖြုန်း” နေသည်ဟု ဖြေကြားသူမှာ ၄၇ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။
“အင်တာနက် လျှောက်ကြည့်နေတယ်” ဟု ဖြေသူမှာ ၃၅ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည်။
ထိုအခါ ထိုသူတို့ အဘယ်ကြောင့် ပျင်းရိနေထိုင်ကြသည်ဟု ထင်သနည်းဟု Shikigaku က မေးမြန်းခဲ့သည်။
အများဆုံး ဖြေကြသည်မှာ အလုပ်လုပ်ချင်စိတ် မရှိသောကြောင့် ထင်သည်ဟု ဖြေကြသည်။
ဒုတိယအများဆုံး ဖြေကြသည်မှာ ကုမ္ပဏီက performance ထက် လုပ်သက်ရင့်သူကိုသာ လစာတိုးပေးခြင်းကြောင့်ဖြစ်ကြောင်း ဖြေကြားမှုဖြစ်သည်။ ထိုသို့ ဖြေကြားသူ ၄၁ ရာခိုင်နှုန်း ရှိသည်။
ထိုသူများကို အလုပ်ခိုင်းရန် မည်သူကမှ မယုံသောကြောင့်ဖြစ်သည်ဟု ဖြေကြားသူမှာ ၂၆ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။
ကုမ္ပဏီတွင် ထိုသူများ အလုပ်ပိုမိုကြိုးစားရေးအတွက် motivate ပေးနိုင်မည့် ဆုပေး၊ ဒဏ်ပေးစနစ် မရှိသောကြောင့်ဖြစ်ကြောင်း ဖြေကြားသူလည်း များစွာရှိသည်။
ထိုသူတို့ကြောင့် ကုမ္ပဏီအပေါ် မည်သို့ အကျိုးသက်ရောက်နိုင်သနည်းဟု မေးမြန်းရာတွင် လုပ်ငန်းခွင်တွင် ဆိုးကျိုးများရှိလာနိုင်ကြောင်း ဖြေကြားသူ ၉၀ ရာခိုင်နှုန်း ရှိသည်။
ကိုယ်ကျင့်တရား ပျက်ယွင်းလာနိုင်သည်ဟု ဖြေကြားသူ ၅၉ ဒသမ ၇ ရာခိုင်နှုန်း၊ အခြားသူများအပေါ် အလုပ်ပိုပိလာစေသည်ဟု ဖြေသူ ၄၉ ရာခိုင်နှုန်းနှင့် ကုမ္ပဏီအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ဖြေကြားသူ ၃၅ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Survey suggests about half of Japanese companies has an 'old guy who does nothing' (japantoday)