နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
26 Aug 2025 10:57 am တွင် တင်ခဲ့သည်
548 ကြိမ် ကြည့်ရှု့ပြီး

သင်အကြိုက်ဆုံး နှုတ်ခမ်းနီတို့တွင် အရောင်သာမက အဆိပ်ဓာတ်ပါ ပါနေနိုင်သည်။

မကြာသေးမီက သိပ္ပံတွေ့ရှိချက်တစ်ခုတွင် နှုတ်ခမ်းနီအသုံးပြုသူများ အထူးသတိပြုဖွယ်တစ်ခု တွေ့လာရသည်မှာ နှုတ်ခမ်းနီတွင် အဆိပ်ပြင်းသည့် heavy metal ဖြစ်သော ကက်ဒ်မီယံ (cadmium) ပါဝင်ကြောင်း တွေ့ရှိလာခြင်းဖြစ်သည်။

သိပ္ပံပညာရှင်တို့ စမ်းသပ်ခဲ့သည့် နှုတ်ခမ်းနီ အမှတ်တံဆိပ်အားလုံးနှင့် အရောင်တိုင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကက်ဒ်မီယံသည် ကင်ဆာဖြစ်စေသောအရာအဖြစ် အများသိထားပြီးသောအရာဖြစ်သည်။ ထို့အပြင် ကျောက်ကပ် ထိခိုက်စေခြင်း၊ အဆုတ် ထိခိုက်ခြင်း၊ အရိုးကျိုးလွယ်စေခြင်း၊ ဟော်မုန်း အနှောင့်အယှက် ဖြစ်စေခြင်း၊ အာရုံကြောစနစ် အဆိပ်သင့်ခြင်းတို့အပြင် ကင်ဆာဖြစ်နိုင်ချေ မြင့်မားစေသည်။

ပိုမို ရတက်မအေးဖြစ်ရစေသည့်အချက်မှာ ကက်ဒ်မီယံကို အလွယ်တကူ မချေဖျက်နိုင်ခြင်းဖြစ်ပြီး ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်ထဲတွင် တိုးပွားများပြားလာသည်။

သင်သည် နှုတ်ခမ်းနီ မကြာခဏ အသုံးပြုသူဆိုပါက တစ်ကြိမ်အသုံးပြုတိုင်း ကက်ဒ်မီယံနှင့် ထိတွေ့မှု ထပ်မံ များပြားလာပြန်သည်။

သိပ္ပံပညာရှင်တို့သည် သာမန်အလှကုန်ဆိုင်များတွင် ရောင်းချနေသည့် နှုတ်ခမ်းနီများမှသည် high-end luxury နှုတ်ခမ်းနီ အမှတ်တံဆိပ်များအထိ အမျိုးအစား များပြားစွာ လေ့လာခဲ့ကြခြင်း ဖြစ်သည်။

ထိုအခါ ဈေးတန်းအားလုံး၊ အရောင်အားလုံးတွင် ကက်ဒ်မီယံ ရှိနေကြောင်း တွေ့ရှိခဲ့သည်။

အီရန်နိုင်ငံတွင် လူသုံးများသော နှုတ်ခမ်းနီနှင့် eye shadow အမှတ်တံဆိပ် ၇ ခု၏ အရောင် ၅ မျိုးမှ နမူနာ ၅၀ ခန့်ကို လေ့လာခဲ့ရာ အားလုံးတွင် ကက်ဒ်မီယံ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။

Eye shadow တွင် ပါဝင်သော heavy metals ဓာတ်မှာ နှုတ်ခမ်းနီထက် ပိုမိုများပြားသည်ဟု ဆိုသည်။

အဆိုပါ လေ့လာချက်ကို ဦးဆောင်ခဲ့သည့် သိပ္ပံပညာရှင်များမှာ Nnorom, Khalid နှင့် Tsankov တို့ ဖြစ်သည်။

သုတေသနစာတမ်းများ ဖော်ပြသော အမေရိကန်အခြေစိုက် အွန်လိုင်း သိပ္ပံစာကြည့်တိုက်ဖြစ်သည့် pmc.ncbi.nlm.nih.gov တွင် ၎င်းတို့၏ လေ့လာတွေ့ရှိချက်ကို ဖော်ပြထားပြီးဖြစ်ကာ အကျယ်တဝင့် လေ့လာလိုသူများအနေဖြင့် အောက်ပါ အင်တာနက်လင့်ခ်တွင် လေ့လာနိုင်ပါသည်။

ထုတ်လုပ်သူတို့အနေဖြင့် ကက်ဒ်မီယံကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းခြင်း မဟုတ်သော်လည်း မသန့်ပြန့်သော ဆိုးဆေးများ၊ ကုန်ကြမ်းပစ္စည်းများတွင် အရည်အသွေး ထိန်းချုပ်မှု ညံ့ဖျင်းခြင်း အစရှိသော အချက်များမှ တဆင့် ကက်ဒ်မီယံတို့ ပါဝင်လာသည်။

နှုတ်ခမ်းနီ အသုံးပြုလိုက်ပါက လျှာဖြင့်သပ်ခြင်း၊ အစာစားခြင်းတို့မှတဆင့် ဝမ်းတွင်းသို့ ရောက်ရှိသွားနိုင်သည်။ ထို့အပြင် တစ်ဦးတည်းသုံးခြင်းထက် အများမျှဝေအသုံးပြုခြင်းမှာ ပိုမိုအန္တရာယ်များသည်။

အမေရိကန်ပြည်တွင် အလှကုန်ပစ္စည်းများ၌ heavy metal များ ပါဝင်မှုနှင့် စပ်လျဉ်းပြီး တင်းကျပ်သည့် လုပ်ထုံးလုပ်နည်းများ ချမှတ်ထားခြင်း မရှိချေ။

ဥရောပသမဂ္ဂတွင်မူ အမေရိကထက် ပိုမိုတင်းကြပ်သော စည်းမျဉ်းများ ချမှတ်ထားသည်။

ထိုသို့ တင်းကြပ်ထားမှုမရှိသောကြောင့် အသုံးပြုများအနေဖြင့် မိမိတို့၏ အရေပြားနှင့် ခန္ဓာကိုယ်အတွင်းသို့ မည်သည့်အရာများ ရောက်ရှိနေစေသည်ကို မသိကြချေ။

ထို့ကြောင့် ကျန်းမာရေးနယ်ပယ်အတွက် ဦးစီးဦးဆောင်လှုပ်ရှားသူတို့က အလှကုန်ထုတ်လုပ်ရေးနယ်တွင် ပွင့်လင်းမြင်သာမှု ပိုရှိလာစေရန်နှင့် ဘေးကင်းလုံခြုံရေးစံနှုန်းများ ပိုမိုတင်းကြပ်ရန် တောင်းဆိုလာကြသည်။

ယခုအခါတွင်မူ မိမိတို့၏ ကျန်းမာရေးအတွက် ကမ္ဘာ့ပြည်သူများ ယခင်ကထက် ပိုမိုအလေးထား အာရုံစိုက်လာသည်။ အလှကုန်များတွင် heavy metal များ မပါကြောင်း အထောက်အထား လက်မှတ်များရှိသည့် အလှကုန်များကို ရှာဖွေလာကြသည်။ ပိုမိုဘေးကင်းမည့် ရွေးချယ်မှုအနေဖြင့် ပါဝင်ပစ္စည်း ဖော်ပြထားသည့် အပင်တို့မှ ထုတ်လုပ်သော သဘာဝဆိုးဆေးများကိုသာ ရွေးချယ်ခြင်း (သို့မဟုတ်) နှုတ်ခမ်းနီ အသုံးပြုမှု လျှော့ချခြင်းတို့ လုပ်ဆောင်နိုင်သည်။

လှလှပပ ထုပ်ပိုးကာ ခမ်းနားသော စင်များပေါ်တွင် တင်ထားရုံဖြင့် ဘေးကင်းသည်ဟု ယူဆနေခြင်းများ ရပ်ဆိုင်းရမည့် အချိန် ရောက်ရှိပြီဖြစ်သည်။ မိမိကိုယ်ကို လှပစေရေးအတွက် အဆိပ်နှင့် ထိတွေ့ကာ တန်ဖိုးကြီးကြီး မပေးဆပ်သင့်ချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Toxic Beauty: Study Finds Cadmium in Every Lipstick Brand and Color Tested

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service