သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
17 Aug 2025 11:28 am တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

သီးခြားသက်သာခွင့်အက်ဥပဒေအရ ဆောင်ရွက်နိုင်သော အကြောင်းအရာများမှာ ပစ္စည်းကိုလက်ရောက်ပေးအပ်ခြင်းများ၊ ဥပဒေအရ လုပ်ဆောင်ဖွယ်ရာတာဝန်ရှိသည်ကို လုပ်ဆောင်စေခြင်းများ၊ ဥပဒေအရ တစ်စုံတစ်ရာ မပြုလုပ်ဘဲနေရန် တာဝန်ရှိသူအား ထိုအမှုကို မပြုလုပ်စေရန် တားမြစ်ခြင်းများ၊ အမှုသည်တို့၏ ရပိုင်ခွင့်များကို မြွတ်ဟကြေညာပေးခြင်းများ၊ ပစ္စည်းထိန်းခန့်အပ်ခြင်းများ တို့ဖြစ်ပါသည်။

သီးခြားသက်ခွင့်အက်ဥပဒေပုဒ်မ - ၉ အရ တရားစွဲဆိုမှုများမှာမှု တရားလိုမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဥပစာအတွင်းမှ ဥပဒေမဲ့ ဖယ်ရှားခံရသည်မှ (၆)လအတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။

တရားလိုမှာ လက်မဲ့ဖြစ်ရသည်နှင့် တပြိုင်နက် တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါသည်။ ဥပစာမှ လက်လွတ်ဖယ်ရှားခံရသော တရားလိုမှာ အဆိုပါဥပစာအား ပိုင်ဆိုင်မှု အခိုင်အမာရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ပါ။ ပိုင်ရေးဆိုင်ခွင့်အတွက် ပြဿနာမပေါ်ပေါက်ပါ (ဦးချစ်ထွန်းနှင့် ဒေါ်ငွေဆောင် ၁၉၆၃၊မတစ၊၁၄၂) စီရင်ထုံးတရားနည်းလမ်းအတိုင်း မဟုတ်သော ဖယ်ရှားခံရခြင်းမှာ ဥပဒေအရ တရားစွဲဆိုရန် အကာအကွယ်ရရှိပါသည်။ တရားပြိုင်မှာ ဥပစာအား ပိုင်ဆိုင်မှုရှိစေကာမှု ဥပဒေမဲ့ ဖယ်ရှားခြင်းအတွက် အမှုအား ရင်ဆိုင်ရမည်ဖြစ် ပါသည်။

ပိုင်ဆိုင်ခွင့်နှင့်မသက်ဆိုင်ဘဲ တရားလိုမှာ ဥပစာအား ဥပဒေတစ်ရပ်ရပ်နှင့်အညီ လက်ဝယ်ထားရာမှ ဥပဒေနှင့်မညီ လက်လွတ်ခံရသည့်အခါ သက်သာခွင့်ရရှိခြင်းဖြစ်ပါသည်။ ပစ္စည်းလက်ရှိဖြစ်သူ၏ သဘောတူညီမှုလည်းမရှိ / တရားရုံး၏ အမိန့်အရလည်းမဟုတ်ဘဲ တရားပြိုင်မှ ကျူးကျော်ဖယ်ရှားခြင်းမှာ သီးခြား(၉)နှင့် သက်ဆိုင်ပါသည်။ ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် မသက်ဆိုင်ဘဲ လက်ရှိဖြစ်သူ၏ နစ်နာမှုအတွက် ရည်ရွယ်၍ တရားစွဲဆိုခြင်းပင်ဖြစ်ပါသည်။ (ဦးမောင်မောင်မြင့်နှင့် ဦးခင်မောင်ကြီး ၁၉၉၆၊မတ စ၊၄၉) သီးခြား(၈)ကဲ့သို့ သီးခြား(၉)မှာ ပိုင်ရေးဆိုင်ခွင့်အပေါ် အခြေခံ၍ တရားစွဲဆိုခြင်း မဟုတ်သည့်အတွက် အနိုင်ဒီဂရီရရှိလျှင် လက်ရောက်ပေးအပ်ရန်သာ အမိန့်ချမှတ်မည်ဖြစ်ပြီး အဆောက်အအုံရှိလျှင်တော့ ဖျက်သိမ်း၍ ဖယ်ရှားထွက်ခွာမှုအတွက် အမိန့်ချမှတ်မည်မဟုတ်ပါ။

သီးခြားသက်သာခွင့် ဥပဒေပုဒ်မ - ၉ အရ ချမှတ်သော ဒီဂရီ အမိန့်တစ်ရပ်ကို တရားမကျင့်ထုံးဥပဒေပုဒ်မ-၁၁၅ အရ ပြင်ဆင်မှု တက်‌ရောက်နိုင်ကြောင်း ဥပဒေဗဟုသုတအနေ ဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service