ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! - Property Knowledge in Myanmar from iMyanmarHouse.com
20 Oct 2025 2:35 pm တွင် တင်ခဲ့သည်
230 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ပန်းရောင် ဆိုတာက အနီ၊ အပြာ၊ အဖြူ ဆိုတဲ့ အရောင် ၃ မျိုးကို ရောစပ်ထားတာပါ။ အနီရောင်ဆီက စိတ်အားထက်သန်မှုနဲ့ အပြာနဲ့ အဖြူဆီက ငြိမ်းချမ်းမှုကို ပေါင်းစပ်ထားတဲ့ ပန်းရောင်လေးက နူးညံ့မှု ချစ်ခြင်း၊ စိတ်အားထက်သန်မှုတွေကို ဖော်ပြပေးနေပါတယ်။

ပန်းရောင်လေးကို အပြစ်ကင်းစင်လွန်းတဲ့ ကလေးလေးတွေနဲ့ ချစ်ခြင်းမေတ္တာပြည့်ဝလွန်းတဲ့ မိခင်တွေကို ကိုယ်စားပြုတဲ့ အရောင်အဖြစ် အသုံးပြုကြသလို မိန်းကလေးဆန်တဲ့ အရောင်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ မြင်ရသူတိုင်းကို သဘောကျစေတဲ့ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!

ချစ်ခြင်း၊ ပျိုးထောင်မှု၊ ဂရုဏာ တရား၊ ရိုမန်တစ်ဆန်မှု၊ အပြစ်ကင်းစင်မှုတွေကို ကိုယ်စားပြုနေတဲ့ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ဆိုတော့..

ဒေါသ ပြေလျော့စေတယ်

ပန်းရောင်လေးက စိတ်ကို နူးညံ့စေသလို ဒေါသပြေလျော့စေဖို့လည်း ထောက်ကူပေးပါတယ်။ စိတ်အရမ်း တိုလာရင် ပန်းရောင်လေးကို ကြည့်လိုက်ပါ။

စိတ်တည်ငြိမ် အေးချမ်းစေတယ်

ပန်းရောင်က လူကို စိတ်တည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။ အနီရောင်နဲ့ ပေါင်းစပ်ထားတယ်ဆိုပေမယ့် ရန်လိုမှု စိုးစိမပါဘဲ လုံခြုံအေးချမ်းမှုနဲ့ စာနာရမယ်ဆိုတဲ့ ခံစားချက်ကို သတိပြုမိစေဖို့ လုပ်ဆောင်ပေးပါတယ်။ အမျိုးသားတွေအမြင်မှာ အားနွဲ့ပြီး ချစ်စရာကောင်းတယ်လို့ ယူဆရစေပါတယ်။

အကောင်းမြင်စိတ် ဖြစ်စေတယ်

ပန်းရောင်က အကောင်းမြင်စိတ်ကို ဖြစ်စေပြီး မျှော်လင့်ချက်တွေကို ရှင်သန်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ အဆိုးမြင်မှုတွေကို ဖယ်ရှားပေးပြီး အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပါတယ်။

အင်အား ပြည့်ဝစေတယ်

စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတာကို ပြေလျော့စေပြီး အင်အားပြည့်ဝစေဖို့လည်း ပန်းရောင်က ထောက်ကူပေးနိုင်ပါတယ်။ ချစ်ဖို့ကောင်းစေတဲ့ ခံစားချက် ရရှိသလို ပန်းရောင်မြင်ရင် ရုတ်တရက် ပြုံးမိကြတယ်လေ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာအရ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။

ပျော်ရွှင်စေတယ်

ပန်းရောင်လေးက ပျော်ရွှင်စေတယ်။ ဒီတော့ စိတ်ပျော်ရွှင်ချင်တယ်ဆိုရင် နေရာထိုင်ခင်းလေးတွေကို ပန်းရောင်လေးနဲ့သာ ခြယ်မှုန်းထားလိုက်ပါ။

မျှော်လင့်ချက်တွေ ရှင်သန်စေတယ်

ပန်းရောင်လေးက မျှော်လင့်ချက်ကို ရှင်သန်စေဖို့ ထောက်ကူပေးပါတယ်။ မျှော်လင့်ချက်လေးတွေ မဲ့နေပြီလို့ ခံစားနေရပြီ ဆိုရင်တော့ ပန်းရောင်လေးတွေပါတဲ့ အရာလေးတွေဆီကို အကြည့်ပို့လိုက်ဖို့ မမေ့နဲ့နော်။

ချစ်ခြင်းတွေ တိုးပွားစေတယ်

လေဒီလေးတွေမှာဆိုရင် ပန်းရောင်လေးက မိန်းမဆန်မှုကို ဖြစ်စေနိုင်သလို နှစ်လိုဖွယ် အသွင်အပြင်ကို ဖန်တီးပေးနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာစေဖို့လည်း လှုံ့ဆော်ပေးနိုင်ပါသေးတယ်။

ငြိမ်းချမ်းစေတယ်

ငြိမ်းချမ်းမှုတွေကို သယ်ဆောင်လာပေးဖို့လည်း ပန်းရောင်လေးက တာဝန်ယူထားပါသေးတယ်။ ရန်လိုမှုတွေကို ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတဲ့ အခြေအနေလေးတွေကို ဖြစ်ပေါ်စေဖို့ ပန်းရောင်လေးကို ဆောင်ထားတာ မမှားပါဘူး။

ရိုမန်တစ်ဆန်မှုကို ဖြစ်စေတယ်

ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနေတဲ့ ပန်းရောင်လေးက ရိုမန်တစ်ဆန်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ချစ်သူတွေ ကြားမှာမှ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာဖြစ်ဖြစ် မိသားစုဝင်တွေ ကြားမှာဖြစ်ဖြစ် ရိုမန်တစ်ဆန်တဲ့ အခြေအနေလေးတွေကို ဖန်တီးချင်တဲ့အခါ ပန်းရောင်လေးကို သုံးဖို့ မမေ့ပါနဲ့။

နွေးထွေးစေတယ်

ပန်းရောင်က နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ စိတ်ထဲ နွေးထွေးတယ်လို့ ခံစားရစေဖို့ ဆိုင်လေးတွေမှာ ပန်းရောင်လေးနဲ့ အလှဆင်တာက အကောင်းဆုံး နည်းလမ်းပါ။ နွေးထွေးပျူငှာတဲ့ ဧည့်ခန်းလေး ဖြစ်စေဖို့လည်း ပန်းရောင်လေးနဲ့ ဖန်တီးယူလို့ ရတယ်ဆိုတာ သတင်းလေး ပေးချင်ပါတယ်။

စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်တယ်

စိတ်ထဲမှာ စိတ်ထိခိုက်နေတာတွေ စိတ်ဒဏ်ရာတွေ ရှိနေပြီဆိုရင် စိတ်ဒဏ်ရာကို ကုစားဖို့အတွက် ပန်းရောင်လေးကို အသုံးပြုပေးလို့ ရပါတယ်။ ပန်းရောင်လေးရဲ့နောက်ထပ် စိတ်ကျန်းမာရေး အထောက်အကူပြု အကျိုးအာနိသင်က စိတ်ဒဏ်ရာတွေကို ကုစားပေးခြင်းပါပဲ။

ကဲ …. ချစ်စရာကောင်းတဲ့ ပန်းရောင်လေးက မိတ်ဆွေတို့ရဲ့ စိတ်ကလေး ကျန်းမာစေဖို့ အခုလိုလေးတွေ ထောက်ကူပေးနေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service