ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
501 Views

ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ

Knowledge | Posted by Si Thu Aung

တချို့လျှပ်စစ်ပစ္စည်းတွေက အိမ်မှုကိစ္စတွေ ဆောင်ရွက်တဲ့အခါမျိုးမှာ အရမ်းအသုံးဝင်ပါတယ်။ အဲဒီပစ္စည်းတွေက ကျွန်တော်တို့လူသားတွေအတွက် တော်တော်လေးအလုပ်လုပ်ပေးကြရပါတယ်။ ဒါကြောင့် အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက်၊ ရေခဲသေတ္တာ၊ လျှပ်စစ်မီးဖိုတွေကို သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ သူတို့ကိုယ်တိုင် သန့်ရှင်းအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့တွေ ရေရှည်အသုံးပြုလို့ရအောင် သန့်စင်ပေးဖို့လိုအပ်ပါတယ်။

အချိန်တိုင်း ဒီလျှပ်စစ်ပစ္စည်းတွေကို သန့်ရှင်းအောင်မထားဘူးဆိုရင် ပျက်စီးသွားနိုင်ပါတယ်။ ဒီစက်ပစ္စည်းတွေကို အချိန်အကြာကြီးအသုံးပြုနိုင်ဖို့အတွက် ဘယ်လိုသန့်စင်ပေးရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။ အရင်ဆုံး လျှပ်စစ်ပစ္စည်းတစ်ခုချင်းစီရဲ့ လက်စွဲစာအုပ်ကို ကြည့်ရပါမယ်။ ဘယ်နားထားမိမှန်းမသိရင် အွန်လိုင်းပေါ်ကနေ ရှာယူလို့ရနိုင်ပါတယ်။ ပန်းကန်ဆေးစက်က သန့်စင်ပေးဖို့လိုအပ်တဲ့ filter ပါမပါ လက်စွဲစာအုပ်ရှာကြည့်လို့ရပါတယ်။

အဝတ်လျှော်စက်

အဝတ်လျှော်စက်တော်တော်များများမှာ သန့်စင်ပေးရတဲ့ ယန္တရားလည်ပတ်မှုစက်ဝန်းတွေ (ဂတ်စကက်) ရှိပါတယ်။ အဲဒီစက်ဝန်းမှာ ဗင်နီဂါ (သို့မဟုတ်) အဝတ်လျှောက်စက်သန့်ရှင်းတဲ့ ဆေးရည်တို့ကို အသုံးပြုပြီး သန့်စင်ပေးလို့ရပါတယ်။ အရောင်ချွတ်တဲ့ဆေးရည်ကို အသုံးမပြုဖို့တော့ အရေးကြီးပါတယ်။ သင့်ရဲ့အဝတ်အစားတွေကို အစွန်းအထင်းဖြစ်စေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 

ပန်းကန်ဆေးစက်

အိုးခွက်ပန်းကန်ပြား၊ ဇွန်းတွေကို နေ့တိုင်းသန့်စင်ပေးရတဲ့ ပန်းကန်ဆေးစက်တွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။ အဲဒီစက်က အပြင်ကကြည့်ရင် သန့်ရှင်းနေတဲ့ပုံပေါ်ပေမဲ့ အတွင်းထဲမှာ ညစ်ပတ်နေတတ်ပါတယ်။ ပန်းကန်ဆေးစက်ကို သန့်စင်ပေးဖို့ စဉ်းစားမိကြမှာမဟုတ်ပါဘူး။ စတီးနဲ့ပြုလုပ်ထားတဲ့ မော်ဒယ်အမျိုးအစားဆိုရင် ဆပ်ပြာနဲ့ သုတ်ပေးလိုက်တာနဲ့ တောက်ပြောင်သွားပါလိမ့်မယ်။ တချို့မော်ဒယ်အသစ်တွေက ဖြုတ်ပြီးသန့်စင်လို့ရတဲ့ filter တွေပါဝင်ပါတယ်။

အဲဒီ filter မှာ အစားအစာအပိုင်းအစတွေကပ်ညှိနေတတ်တဲ့အတွက် filter ကိုဖြုတ်ပြီး ရေနဲ့ဆေးကြောတာ (ဒါမှမဟုတ်) သွားတိုက်တံနဲ့ ဖြည်းဖြည်းသာသာ ပွတ်တိုက်ပေးလို့ရပါတယ်။ ပန်းကန်ဆေးစက်အတွင်းထဲမှာ ရေဂျိုတွေရှိနေရင် ဗင်နီဂါ (၂) ခွက်ကို ထည့်လိုက်ပြီး စက်ကို ဖွင့်ထားလိုက်ရမှာဖြစ်ပါတယ်။ စက်လှည့်နေတဲ့အချိန်မှာ ရေနဲ့ချက်ချင်း ဆေးမချဖို့တော့လိုပါတယ်။

 

ရေခဲသေတ္တာ

 

ရေခဲသေတ္တာကို လူတော်တော်များများက မသန့်စင်ဖြစ်ကြတာများပါတယ်။ ရေခဲသေတ္တာစင်တွေကို ဆပ်ပြာထည့်ထားတဲ့ရေနွေးနွေးလေးနဲ့ သုတ်ချတာကလည်း ပုံမှန်သန့်ရှင်းရေးလုပ်တာပါပဲ။ အသားတွေထားတဲ့ စင်တွေကို တိုက်ချွတ်ဆေးကြောဖို့ အရေးကြီးပါတယ်။ ပြီးရင် ရေခဲသေတ္တာထဲက အမှိုက်တွေ၊ ဖုန်မှုန့်တွေ၊ ရေခဲသေတ္တာရဲ့ နေရာတော်တော်များများကိုလည်း သန့်ရှင်းပေးသင့်ပါတယ်။

မုန့်ဖုတ်ဖို

မုန့်ဖုတ်ဖိုက သူ့ဘာသာ သန့်စင်ပေးလို့ရတဲ့ အဝိုင်းပါတယ်ဆိုရင် နေသာတဲ့နေ့မှာ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို ဖွင့်ထားပြီး မုန့်ဖုတ်ဖိုကို ခလုတ်ဖွင့်ထားလိုက်ပါ။ မီးကျွမ်းနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် ဆပ်ပြာပါတဲ့ ရေထဲအဝတ်ကို စိမ်ပြီး သုတ်ပစ်လို့ရပါတယ်။ ဒါမှမဟုတ် အညစ်အကြေးတွေပေါ်ကို ဆား၊ မုန့်ဖုတ်ဆိုဒါတို့ကို တင်ပြီး ပွတ်ပစ်လို့ရပါတယ်။ ဂက်စ်ထွက်တဲ့ အပေါက်တွေကိုတော့ မသန့်စင်မိအောင် ရှောင်ရှားသင့်ပါတယ်။ ဘယ်လိုသန့်ရှင်းရလဲဆိုတာ သေချာသိရဖို့အတွက် စက်ပစ္စည်းရဲ့ လက်စွဲစာအုပ်မှာလည်း စစ်ဆေးကြည့်လို့ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: yoyarlay

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service