တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ

တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ - Property News in Myanmar from iMyanmarHouse.com
14 Aug 2025 12:05 pm တွင် တင်ခဲ့သည်
308 ကြိမ် ကြည့်ရှု့ပြီး

အလှတရားဟူသည် ရှုမြင်သူအပေါ်တွင်သာ မှီတည်သည်ဟု ဆိုကြသည်။

ဆိုလိုသည်မှာ တစ်ဦး၏ အမြင်တွင် လှသည်ဟုဆိုသော်လည်း အခြားတစ်ဦးက လှသည်ဟု မြင်ချင်မှ မြင်လိမ့်မည်ဖြစ်သည်။

အမြင်ချင်းမတူသည်မှာလည်း တမျိုးကောင်းပါသည်။ သို့မဟုတ်ပါက မိန်းကလေးတစ်ဦးအတွက်နှင့် ယောက်ျားများ စစ်ခင်းနေကြရလိမ့်မည်ဖြစ်၏။

((ရထားတိုးစီးသော ဆူရီ))

ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသည့် ကမ္ဘာကျော် ရုပ်ရှင်မင်းသား တွမ်ခရုစ်၏ သမီးဖြစ်သူ ဆူရီ ခရုစ်သည် သာမန်ဘဝမျိုးဖြင့် နေထိုင်ဖြတ်သန်းလျက်ရှိပုံကို မကြာသေးမီက တွေ့လာရသည်။

ဆူရီသည် တွမ်ခရုစ်နှင့် ကေတီဟုမ်းစ်တို့၏ သမီးဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။

တွမ်ခရုစ်နှင့် ကေတီဟုမ်းစ်တို့မှာ ၂၀၁၂ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဆူရီသည် သာမန်ပြည်သူများစွာနည်းတူ နယူးယောက်မြို့တွင် မြေအောက်ရထား တိုးစီးနေပုံကို မကြာသေးမီက တွေ့လာရသည်။

ပစ္စဘာ့ဂ်ရှိ တက္ကသိုလ်မှ အိမ်အပြန်တွင် ရထားတိုးစီးကာ အိမ်ပြန်လာခြင်းဖြစ်သည်။

ဆူရီ ခရုစ်သည် ဖခင်ဖြစ်သူ တွမ်ခရုစ်၏ ကြီးမားသော ငွေကြေးဥစ္စာများကို ရယူခွင့် ရရှိခဲ့သည်ဟူသော သတင်းများ ပြီးခဲ့သောနှစ်အတွင်းက ထွက်ပေါ်လာခဲ့ဖူးသည်။

သို့သော် ဆူရီ ခရုစ်၏ မိခင် ကေတီဟုမ်းစ်က အင်စတာဂရမ်တွင် ပို့စ်တင်ကာ ထိုသတင်းများကို မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သည်။

(တက္ကသိုလ်မှ အိမ်သို့ပြန်ရောက်လာပြီးနောက် နယူးယောက်တွင် သွားလာနေပုံ။ ဓာတ်ပုံ-MEGA)

ဖခင်ဖြစ်သူ တွမ်ခရုစ်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးသူဖြစ်ပြီး ဒေါ်လာ သန်း ၆၀၀ ခန့် ချမ်းသာသူဖြစ်သော်လည်း ဆူရီမှာမူ အညတရဘဝမျိုးတွင်သာ နေထိုင်ပြီး ပစ္စဘာ့ဂျ်ရှိ ကောလိပ်မှ အိမ်သို့ပြန်ရာတွင် မြေအောက်ရထားဖြင့်သာ ပြန်ခဲ့ခြင်းဖြစ်သည်။

အပြင်ထွက် လည်ပတ်ရာတွင်လည်း အားကစားလုပ်သည့်အသွင်သာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။

((တွမ်ခရုစ်ရဲ့ သမီးက ဒေါ်လာ သန်းချီ ချမ်းသာသလား))

(ဓာတ်ပုံ-MEGA)

ပြီးခဲ့သောနှစ်အတွင်း၊ အတိအကျဆိုရလျှင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက ဆူရီသည် ဖခင်ထံမှ အမွေရကာ ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာသော သူဌေးမလေးဖြစ်သွားပြီဟူသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

တွမ်ခရုစ်နှင့် ကေတီဟုမ်းစ်တို့ ကွာရှင်းပြတ်စဲချိန်တွင် တွမ်ခရုစ်က သမီးအနာဂတ်အတွက် အမွေပေးထားရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထိုအမွေကို သုံးစွဲခွင့်ရသွားသည်ဟူ၍ သတင်းထွက်လာခြင်းဖြစ်သည်။

ဆူရီသည် ဖခင်ပေးမည့် အမွေကို အသက် ၃၀ ကျော်သို့ ရောက်ချိန်တွင်မှ ရရှိမည်ဟူသော သတင်းများလည်းရှိသည်။

((ဆူရီတို့ သားအမိ တွမ်ခရုစ်နဲ့ ဝေးကွာခဲ့ကြရတဲ့ အကြောင်းရင်း))

ဆူရီသည် ဖခင်ဖြစ်သူ၏ အမည် ခရုစ်ကို နာမည်မှ ဖယ်ရှားလိုက်ကာ မိခင်နာမည်မှ Noelle ကို ရယူကာ Suri Noelle ဟု အမည်ပြောင်းထားသည်။

တွမ်ခရုစ်နှင့် ကေတီဟုမ်းစ်တို့ သားအမိ ဝေးကွာခဲ့ကြရသည့် အဓိက အကြောင်းရင်းမှာ ဘာသာရေးကြောင့် ဖြစ်သည်။

တွမ်ခရုစ်က သိပ္ပံဝါဒီ ဘာသာတရား (Scientology) ၏ ဘာသာဝင်တစ်ဦးဖြစ်သည်။ ထိုဘာသာဝင်တို့မှာ ၎င်းတို့ဘာသာကို ယုံကြည်သက်ဝင်ခြင်း မရှိသူများနှင့် ထိတွေ့ဆက်ဆံမှု မလုပ်ရန် တားမြစ်ခံရသည်။

ဘာသာတရား၏ အနှစ်သာရမှာ မသေနိုင်သူများ တကယ်ရှိကြောင်း၊ မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်သည့် ဘဝသို့ရောက်အောင်အားထုတ်နိုင်ပါက ထိုအခြေအနေသို့ ရောက်နိုင်ကြောင်း ယုံကြည်ကြသည်။

ထိုဘာသာတွင် E-meter ဟုခေါ်သော စက်ကိရိယာတစ်မျိုး ထုတ်လုပ်ထားပြီး လူတို့၏ စိတ်ခံစားချက်များကို တိုင်းတာကာ အတိတ်မှ trauma များကို ဖော်ထုတ်ကုစားကာ သန့်စင်သည့်ဘဝသို့ရောက်ရန် ကြိုးစားကြသည်။

ကမ္ဘာပေါ်ရှိ အစိုးရအဖွဲ့အချို့ကမူ Scientology မှာ အန္တရာယ်ကြီးသော ဂိုဏ်းတစ်ခုဖြစ်ကြောင်း သတ်မှတ်ထားသည်။

ကေတီဟုမ်းစ်နှင့် တွမ်ခရုစ်တို့ လမ်းခွဲခဲ့ရသည်မှာ ထိုဘာသာတရားကြောင့်ဖြစ်ပြီး ကေတီဟုမ်းက သမီးဖြစ်သူ ဆူရီအပေါ် တွမ်ခရုစ်၏ ဘာသာတရား သြဇာလွှမ်းမှုများ မရှိစေရန် ဝေးရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

တွမ်ခရုစ်မှာလည်း သမီးဖြစ်သူ ဆူရီနှင့် ၂၀၁၃ ခုနှစ်နောက်ပိုင်းကတည်းက ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးသွားသည်။

ထိုသို့ အဆက်အသွယ်မရှိသလောက်ဖြစ်သွားသော်လည်း တွမ်ခရုစ်က သမီး၏ ကျောင်းစရိတ်အပါအဝင် ငွေကြေးထောက်ပံ့ပေးမှုများ ဆက်လက်ပြုလုပ်ထားသည်။

Ref: How Tom Cruise's Daughter Suri Is Proving She's A 'Normal' New Yorker After Ditching His Famous Last Name

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service