ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဟားဗတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက အသက်ရှည်ဆေးကို တီထွင်လျက်ရှိရာ ယခုအခါ မည်သည့်ဆေးမှ သောက်စရာမလိုဘဲ နုပျိုကျန်းမာစေမည့် နည်းလမ်းများကို ၎င်းကိုယ်တိုင် စမ်းသပ်အောင်မြင်ထားသည်။
နေ့စဉ်ပုံမှန် ၄ ခု လုပ်ဆောင်ရုံဖြင့် နုပျိုလာစေကြောင်း ဟားဗတ်သိပ္ပံပညာရှင်က ပြောသည်။
သိပ္ပံပညာရှင် ဒေးဗစ် ဆင်ကလဲရ်သည် မော်လီကျူး ဇီဝဗေဒပညာရှင်ဖြစ်ပြီး အသက် ၅၅ နှစ်ခန့်ရှိပြီဖြစ် သော်လည်း DNA စစ်ဆေးချက်များအရ သူ၏ ခန္ဓာကိုယ်မှာ အသက် ၄၃ နှစ်သာ ရှိသေးသည်ကို တွေ့ရှိခဲ့သည်။
ဇီဝဗေဒအသက်ဟူသည်မှာ လူတစ်ဦးရှင်သန်ဖြတ်သန်းခဲ့သည့် အသက်ကို ကြည့်ရှုခြင်းမဟုတ်ဘဲ ဆဲလ်များ၏ ကျန်းမာရေးကို တွက်ချက်ခြင်း ဖြစ်သည်။
ဒေါက်တာ ဆင်ကလဲရ်သည် အသက် ၃၀ ကျော်အရွယ်တွင် အဝလွန်လာပြီးနောက်ပိုင်း ကျန်းမာရေးနှင့် ညီညွှတ်စေရန် နေထိုင်မှုပုံသဏ္ဍာန် စတင်ပြောင်းလဲခဲ့သည်။
(ဒေါက်တာ ဒေးဗစ် ဆင်ကလဲရ်ကို အသက် ၄၀ ကျော် အရွယ်က တွေ့ရပုံ)
(အသက် ၅၃ နှစ်အရွယ်တွင် တွေ့ရပုံ)
အိုမင်းရင့်ရော်ခြင်းကို အံတုကာ အသက်ရှည်နုပျိုစေရေးအတွက် ဒေါက်တာ ဆင်ကလဲရ်ပြောသည့် နည်းလမ်း ၄ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
● တစ်ပတ်လျှင် ၃ ကြိမ် အပြေးလေ့ကျင့်ပါ
(သွေးထဲသို့ အောက်ဆီဂျင်ပိုရောက်စေသော အပြေးလေ့ကျင့်ခြင်းကဲ့သို့ လေ့ကျင့်ခန်းများမှာ အသက်ရှည်စေကြောင်း သုတေသီတို့က ပြောသည်)
အိုမင်းရင့်ရော်ခြင်းကို အံတုနိုင်မည့် နည်းလမ်းအားလုံးတွင် လေ့ကျင့်ခန်းမှာ အခြေခံအုတ်မြစ် ဖြစ်သည်။
အပြေးလေ့ကျင့်ခြင်းသည် ကြွက်သားများ ထိန်းထားနိုင်ခြင်း၊ နှလုံးအားကောင်းစေခြင်းတို့ ရရှိစေနိုင်သည့် အပြင် အဝလွန်ခြင်းကို ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်သည်။
ထိုအချက်များကို အခြေခံကာ ဆဲလ်တို့တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
သွေးတွင်းအောက်ဆီဂျင်ပိုရစေမည့် လေ့ကျင့်ခန်း အမျိုးအစားများတွင် ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ခပ်သုတ်သုတ်လမ်းလျှောက်ခြင်း ၊ အပြေးလေ့ကျင့်ခြင်းတို့ ပါဝင်သည်။
တစ်ရက်လျှင် မိနစ် ၃၀ မျှ ပြေးရုံဖြင့် ဆဲလ်တို့၏ အိုမင်းမှုကို ၉ နှစ်လျှော့ချပေးနိုင်သည်ဟု သုတေသနများအရ သိရသည်။
● အချိန်ပိုင်းတစ်ခု သတ်မှတ်ကာ ဥပုသ်စောင့်ခြင်း (အစာရှောင်ခြင်းကိုသာ ဆိုလိုသည်)
(အချိန်ပိုင်း အစာရှောင်ခြင်းမှာ သက်တမ်းရှည်ရှည်နေရေးအတွက် အကျိုးရှိသည်)
အချိန်ပိုင်း အစာရှောင်ခြင်းမှာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေကြောင်း ဒေါက်တာ ဆင်ကလဲရ်က ပြောသည်။
ထိုအချက်မှာ ယခင်ကတည်းက သိပ္ပံပညာရှင်များ တွေ့ရှိထားသောအချက်လည်းဖြစ်သည်။
-အစာရှောင်မှုပုံစံများ
၁၆/၈ နည်းလမ်း= တစ်နေ့တာတွင် ၁၆ နာရီ အစာရှောင်ကာ ကျန် ၈ နာရီအတွင်းတွင်သာ အစာစားခြင်း ၅/၂ နည်းလမ်း= တစ်ပတ်တာတွင် ၅ ရက် အစားစားကာ ကျန် ၂ ရက်တွင် ကယ်လိုရီ ၅၀၀ ဝန်းကျင်သာ စားသောက်ခြင်း ၂၄ နာရီ နည်းလမ်း= ယနေ့ ညစာစားပြီးချိန်မှ နောက်တစ်နေ့ ညစာစားချိန်အကြား မည်သည့် အမာစာမှ မစားခြင်း။ ဤနည်းလမ်းကို တစ်ပတ်လျှင် တစ်ကြိမ် လုပ်ဆောင်ကြသည်။
(ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်နေရသော မိခင်များအနေဖြင့်မူ အစာရှောင်သည့်နည်းလမ်း မလုပ်သင့်)
● တစ်ရက်လျှင် ၂ ကြိမ် matcha ဂျပန်လဘက်စိမ်း သောက်ပါ
(ဂျပန်လဖက်စိမ်းသောက်ခြင်းသည် အသက်ရှည်စေနိုင်ကြောင်း လေ့လာချက်များက ဆိုသည်)
ဒေါက်တာ ဆင်ကလဲရ်က တစ်ရက်လျှင် ၂ ကြိမ် လဖက်စိမ်း မပျက်မကွက်သောက်သည်။
လဘက်စိမ်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ရာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ထိန်းချုပ်ပေးသည်။
လဘက်စိမ်းသည် အသည်းကို အထောက်အကူပြုပြီး ကင်ဆာရောဂါများကို ကာကွယ်ပေးကြောင်းလည်း တွေ့ရှိထားသည်။
● စိတ်ဖိစီးမှု လျှော့ချပြီး ရုတ်တရက် တုန့်ပြန်ခြင်းများ ရှောင်ကြဉ်ပါ
(စိတ်ဖိစီးမှုများ လျှော့ချခြင်းမှာ အသက်ရှည်စေနိုင်ကြောင်း ကျွမ်းကျင်သူတို့က ဆိုသည်)
ရုတ်တရက်တုံ့ပြန်ခြင်းများသည် စိတ်ဖိစီးမှုအတိုင်းအတာကို ဆိုးရွားစွာမြင့်တက်စေသည်။
ထို့အပြင် နှလုံးရောဂါ၊ အိပ်မပျော်ခြင်းနှင့် အဝလွန်မှုတို့လည်း ဖြစ်စေနိုင်သည်။
စိတ်ဖိစီးမှုများပါက ဆဲလ်တို့၏ DNA ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ အိုမင်းမှုကို မြန်ဆန်လာစေသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This Harvard longevity researcher, 53, says he de-aged himself by a DECADE thanks to these four daily hacks