နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ

နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ - Property News in Myanmar from iMyanmarHouse.com
12 Aug 2025 10:56 am တွင် တင်ခဲ့သည်
334 ကြိမ် ကြည့်ရှု့ပြီး

သူဌေးသားဘဝက ငမွဲဘဝ၊ ငမွဲဘဝကနေ သူဌေးပြန်ဖြစ်သူ ဘောလိဝုဒ်သမိုင်းတလျှောက် အအောင်မြင်ဆုံး ရုပ်ရှင်များတွင် တစ်ခုအပါအဝင်ဖြစ်သော Sholay ကို ထုတ်လုပ်သူ ဂျီပီ ဆစ်ပီ (GP Sippy ) သည် အိန္ဒိယနှင့် ပါကစ္စတန် ၂ နိုင်ငံခွဲထွက်ချိန်ကာလ ဘုံဘေမြို့သို့ ပြောင်းရွှေ့စဉ်ကာလအတွင်း အိမ်ရာမဲ့ဘဝဖြင့် ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။

ယင်းနောက် နှစ်အနည်းငယ်ကြာသောအခါ ဘောလိဝုဒ်၏ အအောင်မြင်ဆုံး ရုပ်ရှင်ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

အိန္ဒိယ ရုပ်ရှင်သည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိခဲ့ပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး မကြာမီ ၁၉၄၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် ရုပ်ရှင်လောက အရှိန်အဟုန်ဖြင့် အားကောင်းလာသည်။

ထိုကာလအတွင်း ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ဂီတ ဒါရိုက်တာများနှင့် ရုပ်ရှင်လောက အတတ်ပညာရှင်များစွာမှာ ရုပ်ရှင်လောကသို့ ခြေချရန် အလုံးအရင်းကြိုးစားလာကြသည်။

အိန္ဒိယ-ပါကစ္စတန် ခွဲထွက်ကြပြီးနောက် ရုပ်ရှင်နယ်သို့ ခြေချလိုသူများစွာမှာ ဘုံဘေမြို့ (ယခု မွမ်ဘိုင်း) သို့ ပြောင်းရွှေ့လာကြခြင်းဖြစ်ရာ ရုပ်ရှင်လောက အဆက်အသွယ်ရှိသူ၊ ဆွေမျိုးသားချင်းရှိသူဟူ၍ မရှိသလောက်ပင်။

ထိုသူများတွင် ဂျီပီ ဆစ်ပီလည်း အပါအဝင် ဖြစ်သည်။ ဆစ်ပီသည် အိန္ဒိယရုပ်ရှင်သမိုင်း၏ အအောင်မြင်ဆုံးဇာတ်ကားဖြစ်သော Sholay ကို ထုတ်လုပ်ခဲ့သူ ဖြစ်သည်။

((ဘုံဖျားက သုညသို့))

ဂျီပီ ဆစ်ပီသည် ကရာချိမြို့ရှိ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားသည့် သူဌေးသားတစ်ဦးဖြစ်သည်။

သို့သော် အိန္ဒိယ- ပါကစ္စတန် ခွဲထွက်ချိန်တွင် ဆစ်ပီတို့မှာ ပိုင်ဆိုင်သမျှအားလုံး ထားခဲ့ရကာ ဘုံဘေမြို့သို့ ထွက်ပြေးလာခဲ့ကြရသည်။

၂ နိုင်ငံခွဲထွက်ချိန်တွင် ကြောက်မက်ဖွယ် အဓိကရုဏ်းများဖြစ်ခဲ့ရာ လူထောင်သောင်းများစွာ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရသည်။

ဆစ်ပီတို့ မိသားစုသည်လည်း ကရာချိရှိ နေအိမ်၊ ကျော်ကြားအောင်မြင်နေသော စီးပွားရေး အစရှိသည့်အားလုံး ဆုံးရှုံးခဲ့ရသည်။

ဆစ်ပီသည် ဘုံဘေတွင် အောက်ခြေမှ ဘဝပြန်စခဲ့ရပြီး မိသားစုကို ရှာဖွေကျွေးမွေးနိုင်ရန် ရုန်းကန်ခဲ့ရသည်။

ကရာချိတွင် အထက်တန်းစားဘဝဖြင့် နေထိုင်ခဲ့သူ ဆစ်ပီမှာ လူချမ်းသာဘဝသို့ ပြန်ရောက်ရန် ဘုံဘေ၏ လမ်းများပေါ်၌ အိပ်မက်မက်နေခဲ့သည်။ ထိုသို့ အိပ်မက်ရင်း ဘုံဘေတွင် အိမ်ရာမဲ့ဘဝသို့ ဆိုက်ရောက်သွားတော့သည်။

((သုညမှ ဘုံဖျားသို့ အိမ်ခြံမြေလောကမှတဆင့် ပြန်လည်လှမ်းတက်ခြင်း))

နယူးယောက်တိုင်းမ် သတင်းစာကြီး၏ ဖော်ပြချက်အရ ဆစ်ပီသည် ကော်ဇောများလိုက်ရောင်းရင်း ငွေစုနေခဲ့ကာ စားသောက်ဆိုင်ငယ်တစ်ခု ဖွင့်ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့။

တစ်ရက်တွင်မူ ဘုံဘေမြို့၊ ကိုလာဘာအရပ်တွင် ဆောက်လက်စတန်းလန်း အိမ်တစ်လုံးကို တွေ့ခဲ့သည်။

ဆစ်ပီက ထိုအိမ်ကို ဝယ်ပြီး အမြတ်တင်ကာ ပြန်ရောင်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုအိမ်တွင် မြိုးမြိုးမြက်မြက်ရလိုက်ရာ ဆစ်ပီက အိမ်များဆောက်ပြီး အမြတ်တင်ကာ ပြန်ရောင်းရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ရန် အကြံရခဲ့သည်။

ထိုအချိန်တွင် ဆစ်ပီမှာ ငွေအတန်အသင့်ရှိလာပြီဖြစ်သောကြောင့် ဘုံဘေ၏ လူကုံထံ အသိုင်းအဝိုင်းသို့ ဝင်ဆန့်လာသည်။

ထိုအခါ လူကုံထံတို့က ဆစ်ပီအနေဖြင့် ရုပ်ရှင်လောကတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု လုပ်သင့်ကြောင်း အကြံပေးခဲ့ရာ ၁၉၅၃ ခုနှစ်တွင် Sazaa ရုပ်ရှင်ကို ထုတ်လုပ်ပြီး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။

ယင်းနောက်ပိုင်း ရုပ်ရှင်များ ဆက်လက်ထုတ်လုပ်လာခဲ့သည်။

သို့သော် ၎င်းထုတ်လုပ်ခဲ့သော ရုပ်ရှင်များမှာ ထင်သလောက် အမြတ်မရှိ။ ထိုအခါ ဆစ်ပီက လန်ဒန်တွင် ကျောင်းတက်နေသော သားဖြစ်သူ ရာမက်ရှ် ဆစ်ပီကို ပြန်ခေါ်လိုက်ပြီး မိမိ၏ လုပ်ငန်းများကို ဦးဆောင်ခိုင်းခဲ့သည်။

ရာမက်ရှ် ပြန်ရောက်လာချိန်တွင် Andaz နှင့် Seeta Aur Geeta တို့ကဲ့သို့ ရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည်။ သို့သော် ဝက်ဝက်ကွဲ အောင်မြင်မှုရသွားသည်မှာ ၁၉၆၅ ခုနှစ်က ထုတ်လုပ်ခဲ့သော Sholay ရုပ်ရှင်ဖြင့် ဖြစ်သည်။ Sholay ကို ရိုက်ကူးရာတွင် ရူပီး ၃ ကုဋေသာ ကုန်ကျခဲ့သည်။

ထိုရုပ်ရှင်သည် ဟင်ဒီရုပ်ရှင်လောက၏ လမ်းကြောင်းကို ပြောင်းလဲစေခဲ့သည့် ရုပ်ရှင်ဖြစ်ပြီး ဆန်ဂျိ ကူးမား၊ အမီတာ ဘဂျမ်း၊ ဒါမန်ဒရာ၊ အမ်ဂျက်ခန်၊ ဂျာယာဘဂျမ်းတို့ ပါဝင်သရုပ်ဆောင်ထားသည်။

Sholay သည် ထိုခေတ်က ဟင်ဒီရုပ်ရှင်လောကတွင် အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့ပြီး ဆစ်ပီသည်လည်း ကျိကျိတက်ချမ်းသာသူ ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

Sholay ကို အိန္ဒိယတွင် ၅ နှစ်ကြာ ရုံတင်ပြသခဲ့ရသည်အထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည်။

ဆစ်ပီသည် ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Bollywood producer lost his mansion and business, was homeless in Mumbai; made biggest film of Amitabh Bachchan’s career (indianexpress)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service