ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ - Property News in Myanmar from iMyanmarHouse.com
11 Aug 2025 12:43 pm တွင် တင်ခဲ့သည်
399 ကြိမ် ကြည့်ရှု့ပြီး

လူအများစုအတွက် နှစ် ၂၀ ခန့် လက်တစ်ချောင်းပင် မလှုပ်ဘဲ လစာရနေရန်ဆိုသည်မှာ အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။

သို့သော် ပြင်သစ်အမျိုးသမီး လောရင့်စ် ဗန် ဝပ်ဆန်ဟို့ဗ်အတွက် စိတ်မချမ်းသာစရာဖြစ်နေပြီး အလုပ်ရှင်ကို တရားစွဲထားသည်။

မိမိကို အလုပ်ခွင်တွင် ပျောက်ဆုံးကာ မလှုပ်မရှားရှိနေစေမှုဖြင့် အလုပ်ရှင်ကို တရားစွဲခဲ့ခြင်း ဖြစ်သည်။

အသက် ၅၉ နှစ်အရွယ်ရှိ လောရင့်စ် အလုပ်လုပ်သော ကုမ္ပဏီမှာ ဥရောပ၏ အကြီးမားဆုံး တယ်လီကွန် ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သည် Orange ဖြစ်သည်။

လောရင့်စ်က ပြောသည်မှာ မိမိသည် မည်သည့်အလုပ်၊ မည်သည့်တာဝန်မှ မရှိ၊ အခြားမည်သူနှင့်မှ မဆက်ဆံရသော ရာထူးနေရာတွင် နှစ် ၂၀ ကျော် ရှိနေခဲ့ကြောင်း ပြောသည်။

ကလေး ၂ ဦး၏ မိခင် လောရင့်စ်သည် ပြင်သစ် တယ်လီကွန်ကုမ္ပဏီကြီး Orange သို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ချိန်က ရည်မှန်းချက်အပြည့်ရှိနေခဲ့သည်။

သို့သော် လောရင့်စ်တွင် ဝက်ရူးပြန်ရောဂါနှင့် လေတစ်ခြမ်းဖြတ်ခြင်းကို ခံစားခဲ့ရကာ အလုပ်မလုပ်နိုင်ခဲ့။

ထိုသို့သော ကျန်းမာရေးပြဿနာများကြောင့် မူလက HR assistant အဖြစ် တာဝန်ထမ်းဆောင်နေသူ လောရင့်စ်ကို ကုမ္ပဏီက ရုံးထိုင် အလုပ်ရာထူးနေရာတစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့သည်။

ထိုသို့ ပြောင်းရွှေ့ပေးမှုမှာ ကျိုးကြောင်းဆီလျော်သော ချိန်ညှိပေးမှုဟု ယူဆရသည်။

သို့သော် ကျန်းမာရေးအခြေအနေအရ အဆိုပါ ရာထူးမှာလည်း မသင့်တော်ကြောင်း တွေ့ရှိရသည့်အတွက် အရံလူ အနေအထားသို့ လျှော့ချခဲ့သည်။

(ပြင်သစ်အမျိုးသမီး လောရင့်စ် ဗန် ဝပ်ဆန်ဟို့ဗ်က အလုပ်တာဝန်မပေးသည့် ကုမ္ပဏီကို တရားစွဲထားသည်)

လောရင့်စ်က ပြောသည်မှာ မိမိမှာ လစာရနေသည်ဆိုသော်လည်း စားဝတ်နေရေး မကာမိကြောင်း၊ မကြာခဏ အိမ်မှ နှင်ချခံရသည့် အဖြစ်နှင့် ရင်ဆိုင်နေရကာ စားသောက်နေထိုင်ရန်ပင် ခက်ခဲနေကြောင်း ပြောသည်။

မိမိကို အတွင်းရေးမှူးခန့်ထားသော်လည်း အပယ်ခံတစ်ဦးဖြစ်နေကြောင်း လောရင့်စ်က FTV သတင်းဌာနသို့ ပြောသည်။

“ဟုတ်ပါတယ်။ လစာ ရပါတယ်။ ဒါပေမယ့် ကျွန်မဟာ လောကမှာ မရှိသလိုမျိုး ဆက်ဆံခံရပါတယ်” ဟု လောရင့်စ်က ပြင်သစ် သတင်းဌာနတစ်ခုဖြစ်သော Mediapart သို့ ပြောသည်။

ကုမ္ပဏီက မိမိကို အရန်လူအဖြစ် ထားရှိခဲ့ပြီး ယင်းနောက် နာမကျန်းခွင့်အဖြစ် စာရင်းထည့်ထားကာ နောက်ဆုံးတွင် ကျန်းမာရေးကြောင့် အငြိမ်းစားပေးမည့် အခြေအနေရှိနေကြောင်း လောရင့်စ်က ပြောသည်။

နှစ်ပေါင်း ၂၀ အလုပ်မလုပ်ရဘဲ နေခဲ့ရမှုကြောင့် အကြီးအကျယ် စိတ်ဓာတ်ကျနေကြောင်း လောရင့်စ်က ပြောသည်။

ကုမ္ပဏီအနေဖြင့် မိမိ၏ ကျန်းမာရေးအတွက် လိုအပ်သည်များ ကူညီပေးကာ သင့်တော်သည့် အလုပ်တာဝန်ပေးရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ လောရင့်စ်က တရားစွဲခဲ့ခြင်းဖြစ်သည်။ ပြင်သစ်၏ ဥပဒေတွင် ကုမ္ပဏီများက ထိုသို့လုပ်ဆောင်ပေးရမည့် တာဝန်ရှိသည်။

ပြင်သစ်၏ အလုပ်သမားဥပဒေအရ ကုမ္ပဏီတစ်ခုအနေဖြင့် ဝန်ထမ်းတစ်ဦး၏ ကျန်းမာရေး အခြေအနေမှာ လက်ရှိ ရာထူးတာဝန်နှင့် မသင့်တော်ကြောင်း ဆုံးဖြတ်ပါက အခြားသင့်တော်မည့် အလုပ်တစ်ခု ပေးအပ်ရမည့် တာဝန်ရှိသည်။

လောရင့်စ်က ပြောသည်မှာ မိမိကို လေ့ကျင့်ပေးရန်၊ အလုပ်တာဝန်တစ်ခု ပြန်ပေးရန်၊ ထောက်ပံ့ကူညီပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အလုပ်တာဝန်မရှိဘဲ နေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

(ကုမ္ပဏီက နှစ် ၂၀ အလုပ်တာဝန်မပေးခဲ့သည့်အတွက် လောရင့်စ်က Orange ကို တရားစွဲထားသည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Woman sues company after they paid her for 20 years - but didn't give her anything to do

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service