အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ - Property News in Myanmar from iMyanmarHouse.com
17 Jul 2025 9:59 am တွင် တင်ခဲ့သည်
349 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် အနောက်တောင်ပိုင်းတွင် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ညတိုင်း live-stream များတွင် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေ ရှာဖွေလျက်ရှိသည်။

သူ၏ မယိမ်းမယိုင် ခိုင်မြဲသည့် ချစ်ခြင်းမေတ္တာမှာ ပြည်မကြီး လူမှုကွန်ရက်နှလုံးသားများကို လှုပ်ခတ်စေခဲ့ကာ ၎င်း၏ လူမှုကွန်ရက်အကောင့်ထံ လာရောက်လှူဒါန်းမှုများစွာရှိလာနေသည်။

ထိုအမျိုးသား၏ အမည်မှာ ဝမ်းဟိုင်ဘင်ဖြစ်ပြီး ဇနီး၏ အမည်မှာ ရန်ရှောင်ဟုန်ဖြစ်ကာ အထက်တန်းကျောင်းသားဘဝကတည်းက အတန်းဖော်များဖြစ်ကြသည်။

လက်ထပ်ပြီးချိန်တွင် ၎င်းတို့၏ ဇာတိမြေဖြစ်သော စီချွမ်ပြည်နယ်ရှိ မြို့ငယ်လေးမှသည် တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်သို့ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရန် ပြောင်းရွှေ့လာခဲ့ကြသည်။

လွန်ခဲ့သော ၃ နှစ်က သမီးကြီးကို မွေးဖွားခဲ့ပြီး ယင်းနောက် ၁ နှစ်အကြာတွင် သမီးငယ်တစ်ဦး ထပ်မံထွန်းကားသည်။

ဝမ်းဟိုင်ဘင်တို့ ပျော်ရွှင်စရာမိသားစုလေး၏ ကံကြမ္မာမှာ ပြီးခဲ့သောနှစ် ဇွန်လတွင် တစ်ဆစ်ချိုး ပြောင်းလဲသွားသည်။

သမီးငယ်လေး ရှီးယန်မှာ ခန္ဓာကိုယ်အနှံ့အပြားမှ တစ်သျှူးပျော့များတွင် ဖြစ်ပွားတတ်သော တစ်သျှူးပျော့ ကင်ဆာ (rhabdomyosarcoma) ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကင်ဆာရောဂါမှာ စိတ်ဖြင့်ထိန်းချုပ်နိုင်သော ကြွက်သားနေရာများတွင် ဖြစ်ပွားလေ့ရှိပြီး အဖြစ်များသောနေရာများမှာ ခေါင်း၊ လည်ပင်း၊ ဆီးအိမ်၊ မိန်းမကိုယ်၊ လက်၊ ခြေနှင့် မျက်လုံးတဝိုက်မှ တစ်သျှူးပျော့များ ဖြစ်သည်။

ဇနီးဖြစ်သူ ရန်ရှောင်ဟုန်မှာလည်း ရင်သားကင်ဆာဖြစ်ပွားနေကြောင်း ပြီးခဲ့သော ဒီဇင်ဘာတွင် စစ်ဆေးတွေ့ရှိလာရာ ပိုမိုရင်ကျိုးဖွယ် ဖြစ်လာသည်။

(▲ သမီးငယ်လေးမှာ တစ်သျှူးပျော့ကင်ဆာဖြစ်ပွားနေကြောင်း ပြီးခဲ့သောနှစ် ဇွန်လတွင် စစ်ဆေးတွေ့ရှိ လိုက်ရာ အေးချမ်းပျော်ရွှင်စရာ ဝမ်းဟိုင်ဘင်တို့ မိသားစုလေးအတွက် ကြေကွဲဖွယ် အလှည့်အပြောင်းဖြစ်လာ သည်။ ယင်းနောက် ၆ လအကြာတွင် ဇနီးဖြစ်သူ၌လည်း ရင်သားကင်ဆာ ခံစားနေရကြောင်း သိလာရ ပြန်သည်။ ဓာတ်ပုံ- Baidu)

မိခင်နှင့် သမီး ၂ ဦးအတွက် ဆေးကုသစရိတ်များ အလွန်များပြားမည်ဖြစ်သောကြောင့် မိသားစုအတွက် ဝန်ထုပ်မပိစေရေး ရည်ရွယ်ကာ ဆေးကုသမှု မခံယူဘဲနေလိုက်ရန် ဇနီးဖြစ်သူ ရန်ရှောင်ဟုန်က စဉ်းစားခဲ့သည်။

သို့သော် ဝမ်းဟိုင်ဘင်က ဇနီးနှင့် သမီး ၂ ဦးလုံးကို ဆေးကုသရန် ဆုံးဖြတ်ခဲ့သည်။

ဝမ်းဟိုင်ဘင်မှာ မကျန်းမာသော ဇနီးနှင့် သမီးတို့ကို တစ်ဦးတည်း ပြုစုစောင့်ရှောက်နေရသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသောအလုပ်မှ ထွက်လိုက်ရသည်။

ယင်းအခြေအနေတွင် သမီးကြီးကို ဘိုးဘွားများရှိရာ စီချွမ်ပြည်နယ်သို့ ပို့ထားလိုက်ပြီး ဆေးကုသမှုအတွက် ပိုမိုကောင်းမွန်မည့် ချုံကင်းမြို့အနီးရှိ တိုက်ခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်ခဲ့သည်။

ရှန်ရှောင်ဟုန်တို့ သားအမိ ၂ ဦးလုံး chemo ဖြင့် ကုသမှု ခံယူရန် လိုအပ်နေသည်။

တစ်ကြိမ်ကုသလျှင် ယွမ် ထောင်ချီ (ဒေါ်လာ ရာဂဏန်း) ကုန်ကျသည်။

Radiotherapy ဟုခေါ်သော ဓာတ်ကင်ခြင်း (သို့မဟုတ်) ဓာတ်ရောင်ခြည်ကုထုံးမှာလည်း တစ်ကြိမ်လျှင် ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ခန့် ကုန်သည်။

ဝမ်းဟိုင်ဘင်တို့မိသားစုမှာ စုဆောင်းထားသမျှငွေ တက်တက်ပြောင်သွားသည့်အပြင် ယွမ် ၂၀၀,၀၀၀ ခန့် ကြွေးတင်လာသည်။

မြို့ကြီးပြကြီးတွင် ရွှေ့ပြောင်းလုပ်သားတို့အတွက် ငွေရလွယ်သည့် delivery အလုပ်မျိုးရှိသော်လည်း ချုံကင်းနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောကြောင့် ဝမ်းဟိုင်ဘင်အတွက် ထိုအလုပ်မှာ မလွယ်လှ။

သို့နှင့် ယခုနှစ် ဧပြီလတွင် ဝမ်းဟိုင်ဘင်က နေ့ဘက်တွင် မကျန်းမာသော ဇနီးနှင့် သမီးကို ပြုစုစောင့်ရှောက်ပြီး ညဘက် ၎င်းတို့အိပ်သွားချိန်တွင် live-stream ပလက်ဖောင်းတစ်ခုမှတဆင့် ကပြကာ ဝင်ငွေရှာခဲ့သည်။

(▲ ဝမ်းဟိုင်ဘင်သည် နေ့ဘက်တွင် ဇနီးနှင့် သမီးကို ပြုစုပေးပြီး ညဘက်တွင် ကပြကာ ဝင်ငွေရှာသည်။ ဓာတ်ပုံ-Baidu)

ဝမ်သည် live လွှင့် ကပြမှုမှတဆင့် တစ်ညလျှင် ယွမ်ငွေ ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရသည်။ သူ၏ ကပြမှုကို ကြည့်ရှုရသူတို့က ကရုဏာစိတ်ဝင်ကာ လှူဒါန်းမှုများလည်း ပြုလုပ်ကြသည်။

ဝမ်တို့၏ အိမ်ရှင်ကလည်း အိမ်လခ ယွမ် ၉၀၀ (ဒေါ်လာ ၁၃၀) မှ ယွမ် ၆၀၀ သို့ လျှော့ပေးလာသည်။

ဝမ်က မိမိအနေဖြင့် လက်မလျှော့ရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။

“ဒီလိုမှ မဟုတ်ရင် ကျွန်တော့်ဇနီးနဲ့ သမီးတွေ ကူကယ်ရာမဲ့သွားပါလိမ့်မယ်။ သူတို့အတွက် ဘာမဆို လုပ်သွားဖို့ ဆန္ဒရှိပါတယ်”

(▲ ဇနီးနှင့် သမီးအတွက် မည်သည့်အရာမဆို လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဝမ်းက ပြောသည်။ ဓာတ်ပုံ-Baidu)

ခက်ခဲစွာ ရုန်းကန်နေရသော်လည်း ဝမ်းတွင် မျှော်လင့်ချက်များစွာရှိနေသည်။

ဇနီးနှင့် သမီး၏ ကင်ဆာရောဂါ ဆေးကုသမှုမှာ တိုးတက်မှုများ တွေ့လာရကြောင်း ဝမ်းက ပြောသည်။

သူ၏ မယိမ်းယိုင်သော ချစ်ခြင်းအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့က လေးစားလျက် ရှိကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese man dances on live-streams nightly to fund cancer treatments for wife and daughter Photo Credit-Baidu

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service