ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့ - Property News in Myanmar from iMyanmarHouse.com
30 Jun 2025 11:05 am တွင် တင်ခဲ့သည်
801 ကြိမ် ကြည့်ရှု့ပြီး

လွန်ခဲ့သော ၂၀၂၀ ပြည့်နှစ်က ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်တို့သည် ကယ်လီဖိုးနီးယားပြည်နယ်၊ Del Mar မြို့ရှိ ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄၃ သန်းဖြင့် ဝယ်ယူခဲ့ကြသည်။

ဗိသုကာပညာရှင် Ken Ronchetti က ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်သည်။

သို့သော် စံအိမ်ကြီး၏ သက်တမ်းမှာ ဘီလ်ဂိတ်၏ လက်ထဲတွင် တာရှည်မခံခဲ့ချေ။ ၂၀၂၁ ခုနှစ်တွင် ၎င်းတို့ဇနီးမောင်နှံ ကွာရှင်းပြတ်စဲကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ဘီလ်ဂိတ်က အဆိုပါ စံအိမ်ကြီးကို ဖြိုချခဲ့သည်။

နယူးယောက်ပို့စ် သတင်းဌာန၏ ဖော်ပြချက်အရ မိုက္ကရိုဆော့ဖ်၏ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က စံအိမ်ကို ဖြိုချကာ ၎င်းတစ်ဦးတည်းနေထိုင်ရန် စံအိမ်သစ်ကို ခေတ်မီနည်းပညာများဖြင့် ဆောက်လုပ်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ချိန်၌ သူ၏ လုပ်ငန်းခွင်မှာ ပတ်ဝန်းကျင်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်လာခဲ့သည်။

အိမ်နီးချင်းတို့က နယူးယောက်ပို့စ် သတင်းဌာနကို ပြောသည်မှာ ဘီလ်ဂိတ်၏ စံအိမ်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ လုပ်သားများမှာ အမြဲဆူညံနေကာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေကြောင်း ပြောသည်။

“တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။” ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။ “သူတို့က ဆူဆူညံညံတွေ လုပ်ကြတယ်။ ကျွန်မ ကလေးက အိပ်လို့တောင် မရဘူး။ ပတ်ဝန်းကျင်အတွက် တကယ့်အနှောင့်အယှက်ပါပဲ” ဟု အခြားတစ်ဦးက ပြောသည်။ ဘီလ်ဂိတ်က ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးကို ဖြိုချမှုမှာ တန်ဖိုးကြီး အိမ်ခြံမြေလောကတွင် များစွာ အံ့အားသင့်စေခဲ့သည်။

၎င်းဖြိုချခဲ့သောစံအိမ်မှာ ဆယ်စုနှစ် တစ်ခုခန့်သာ သက်တမ်းရှိသေးသည်။

သို့သော် ဘီလ်ဂိတ်ကမူ စံအိမ်ကို ဖြိုချကာ အသစ်ပြန်ဆောက်ရန်သာ ရွေးချယ်ခဲ့ပြီး ဇနီးနှင့် ကွာရှင်းပြီးနောက် ၎င်းတစ်ဦးတည်း နေထိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘီလ်ဂိတ်သည် ဝါရှင်တန်ပြည်နယ်၊ Medina မြို့တွင်လည်း ဒေါ်လာ သန်း ၁၃၀ ခန့် တန်ကြေးရှိ စံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားသည်။

Del Mar မြို့တွင် ဆောက်လုပ်ရေး လုပ်ထုံးလုပ်နည်းများမှာ တင်းကျပ်သည်ဟု နာမည်ကြီးသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပြင် ဇုန်နယ် သတ်မှတ်ချက် စည်းကမ်းများလည်းရှိရာ ဆောက်လုပ်ရေး စီမံကန်းများစွာမှာ နှစ်ပေါင်းများစွာ အပြီးမသတ်နိုင်ဘဲ ရှိတတ်သည်။

သို့သော် ဘီလ်ဂိတ်က လိုအပ်သည့် ခွင့်ပြုချက် ပါမစ်များ ရယူထားပြီးဖြစ်ကြောင်း၊ ဘီလ်ဂိတ်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အနည်းဆုံး ၂ ကြိမ်ခန့် လာရောက်ခဲ့ကြောင်း အိမ်နီးချင်းတို့က နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်။

ဘီလ်ဂိတ်သည် လုံခြုံရေးအင်အားအပြည့်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ကျည်ကာကားများဖြင့် လာရောက်ခဲ့ကြောင်း အိမ်နီးချင်းတို့က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'My Baby Can't Sleep' – Bill Gates Demolished A $43 Million Mansion To Create A Bachelor Pad— Neighbors Were Annoyed And Called It A 'Nuisance'

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service