လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
28 Jun 2025 10:58 am တွင် တင်ခဲ့သည်
463 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ - ၃ အရ လယ်ယာမြေအား လုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေနှင့် စပ်လျဉ်း၍ အမည်ပေါက်ပုံစံ-(၇)လျှောက်ထားရယူရမည် ဖြစ်ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရှိမှသာ လယ်ယာမြေအား လက်ရှိထားပိုင်ခွင့် အခွင့်အရေးနှင့် လယ်ယာမြေအား အကျိုးအမြတ်ခံစားပိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)အမည်ပေါက်မရရှိထားပါက လယ်ယာမြေအား လုပ်ပိုင်ခွင့်ရရှိသူအဖြစ် အသိအမှတ်ပြု မခံရသည့်အပြင် လယ်ယာမြေကို လုပ်ပိုင်ခွင့် အခွင့်အရေးလဲ မရှိပါ။

မိမိအမည်ပေါက်လယ်ယာမြေအား ပြန်လည်ရောင်းချလိုသည့်အခါတွင်လဲ လယ်ယာမြေနည်းဥပဒေပါ သတ်မှတ်သည့် စည်းကမ်းချက်များအတိုင်းလိုက်နာပြီး လယ်ယာမြေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ လယ်ယာမြေ အားလုံးအားဖြစ်စေ၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဌားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းပြုနိုင်ပါသည်။

နည်းဥပဒေအရ အရောင်းအဝယ်ပြုသည့်အခါ ရောင်းချသူနှင့် ဝယ်ယူသူသည် အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်၊ ရောင်းခွန်၊ ဝင်ငွေခွန်များ ထမ်းဆောင်၍ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်ဗဟို လယ်စီရှေ့မှောက်၌ ရက်ပေါင်း (၁၂၀)အတွင်း မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရမည်။ ထို့နောက် ဝယ်ယူသူအမည်ပြောင်းလဲနိုင်ရန် လျှောက်လွှာပုံစံ - (၉)၊ ပုံစံ - (၇) မူရင်း၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ဖြင့် မြို့နယ် ဦးစီးဌာနရုံးသို့ ဆက်လက် လျှောက်ထားရပါမည်။

လယ်ယာမြေဥပဒေအရ ငှားရမ်းခြင်း၊ ပေါင်နှံခြင်းပြုလုပ်လျှင်လဲ ပေါင်နှံသူ၊ ငှားရမ်းသူသည် လယ်ယာ မြေ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည်။ နည်းဥပဒေပုဒ်မ-၇အရ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဆန်စပါးဖူလုံမှုရှိစေရန် စိုက်ပျိုးရေးဂတကို အဓိကထားပါသည်။ ရပ်ကွက်/ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စီစစ်ပြီး ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကိုစိုက်ပျိုးမြေအဖြစ်မှ ချန်လပ်ထား၍ မရပါ၊ ပေါင်နှံရာတွင်လဲ အစိုးရမှ သတ်မှတ်ထားသော ဘဏ်တစ်ခုခုတွင်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်မူရင်းအား အပ်နှံ၍ ပေါင်နှံရမည်။ပေါင်နှံခြင်းပြုရာတွင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်၌ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ ရက်ပေါင်း-(၁၂၀)အတွင်း ပေါင်နှံခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် လိုပါသည်။

လယ်ယာ မြေအငြင်းပွှားမှု ပေါ်ပေါက်သည့်အခါ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် မူလမူခင်းဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အငြင်းပွှားမှုဖြေရှင်း ဆောင်ရွက်နေစဉ်အတွင်းတွင် လယ်ယာမြေအား ရောင်းချခြင်း၊ပေါင်နှံခြင်း၊ပေးကမ်းခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်မရပါ။

လယ်ယာမြေနည်းဥပဒေပုဒ်မ- ၅၅ အရ နိုင်ငံခြားသားနှင့် ၎င်းနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအား လယ်ယာမြေကို ရောင်းချခြင်း၊ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊လဲလှယ်ခြင်း၊ ပေးကမ်းခြင်း ဆောင်ရွက်မရပါ။ နိုင်ငံခြားသားနှင့် အဖွဲ့အစည်းများအား လယ်ယာမြေအား လွှဲပြောင်းခြင်းဆောင်ရွက်ပါက လယ်ယာမြေနည်း ဥပဒေပုဒ်မ - ၆၅(ဂ) အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပြန်လည် သိမ်းယူခြင်းခံရမည်အပြင် လယ်ယာမြေဥပဒေပုဒ်မ-(၃၇)အရ တရားစွဲဆိုခြင်းလဲ ခံရနိုင်ကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service