တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင် - Property News in Myanmar from iMyanmarHouse.com
23 Jun 2025 11:07 am တွင် တင်ခဲ့သည်
443 ကြိမ် ကြည့်ရှု့ပြီး

ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်အနေဖြင့် အောင်ပွဲခံစရာ အကြောင်းရပ်များစွာရှိနေသည်။

သို့အတွက် ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်လျက်ရှိသော ဖလော်ရီဒါပြည်နယ်၊ Boca Raton မြို့မှ ဒေါ်လာ သန်း ၂၀ တန် စံအိမ်ကြီးတွင် အတူသွားရောက်နေထိုင်ရင်း အောင်ပွဲခံနေဟန် ရှိသည်။

အသက် ၃၅ နှစ်အရွယ်ရှိ တေလာဆွစ်က လွန်ခဲ့သော မေလ ၃၀ ရက်က ကြေညာခဲ့သည်မှာ မိမိအနေဖြင့် ထွက်ရှိခဲ့ပြီးသော တေးအယ်လ်ဘမ် ၆ ခု၏ မူပိုင်ခွင့်များကို ပြန်လည်ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး တန်ကြေးမှာ ကန်ဒေါ်လာ သန်း ၃၆၀ ခန့်ရှိသည်ဟု ဆိုသည်။

ထိုသို့ မူပိုင်ခွင့်ပြန်လည် ဝယ်ယူနိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရန် နေခြည်ဖြာသော ဖလော်ရီဒါမှ ချစ်သူ၏ အိမ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်နိုင်သည်။

တေလာဆွစ်သည် Rhode Island တွင် ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံးရှိပြီး ချစ်သူနှင့် အတူနေရန် အချိန်ယူကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည်။

(ဆက်စပ်သတင်း)

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

https://www.iMyanmarHouse.com/news/read/1136457

ထိုသို့ ပျော်ရွှင်ဖွယ်သတင်းကို ထုတ်ဖော်ကြေညာပြီး ရက်အတန်ကြာသောအခါ တေလာဆွစ်က ဖလော်ရီဒါသို့ ထွက်ခွာလာခဲ့ပြီး Palm Beach ရှိ စားသောက်ဆိုင်တစ်ခုတွင် ထရာဗစ် ကယ်လ်စီနှင့်အတူ ညစာစားသောက်ခဲ့ကြသည်။

လူမှုကွန်ရက်တွင် တွေ့ရသော ဓာတ်ပုံများအရ တေလာဆွစ်တို့ စုံတွဲမှာ ပျော်ရွှင်စွာ ရယ်မောနေကြပြီး လက်ချင်းတွဲကာ သွားလာစားသောက်ကြသည်ကို တွေ့ရသည်။

တေလာဆွစ်တို့ စုံတွဲ စားသောက်ခဲ့ကြသော Buccan အမည်ရှိ စားသောက်ဆိုင်မှာ ထရာဗစ် ကယ်လ်စီ နွေရာသီ အပန်းဖြေနေသော စံအိမ်မှ ၄၅ မိနစ်ခရီးသာ ဝေးကွာသည်။

ယင်းနောက်တွင် ထရာဗစ် ကယ်လ်စီက ရာသီအကြို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် Kansas City သို့ ပြန်လည်သွားရောက်ခဲ့သည်။

(တေလာဆွစ်သည် ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ ဒေါ်လာ သန်း ၂၀ တန်စံအိမ်သို့ လိုက်သွားခဲ့သည်။ ဓာတ်ပုံ-TheStewartofNY/GC Images)

(အသက် ၃၅ နှစ်အရွယ်ရှိ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်လျက်ရှိသော စံအိမ်။ ဓာတ်ပုံ-Realtor)

(ဂိတ်ဝန်းခတ် အိမ်ရာဝန်းတစ်ခုအတွင်း တည်ရှိသည်။ ဓာတ်ပုံ- Realtor)

Us Weekly ၏ ဖော်ပြချက်အရ တေလာဆွစ်တို့ စုံတွဲက ဖလော်ရီဒါမှာ အပန်းဖြေရန် အကောင်းဆုံးနေရာအဖြစ် ရှုမြင်ကြကြောင်း၊ ထိုနေရာတွင် လူအများ မျက်စိဒေါက်ထောက် ကြည့်နေခြင်း မခံရဘဲ privacy ရှိစွာ အပန်းဖြေနိုင်ကြောင်း ဖော်ပြသည်။

ဖလော်ရီဒါမှ စံအိမ်မှာ ခြံကျယ်ဝန်းကျယ်ဖြစ်ကာ သီးသန့် ဆိပ်ခံများ၊ ဂေါက်ကွင်းတို့အပြင် အခြား amenities များစွာ ပါဝင်သောကြောင့် ခြံထဲမှ အပြင်ထွက်စရာမလိုဘဲ privacy ရှိစွာ အပန်းဖြေနိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

“တေလာက ဖလော်ရီဒါကို သွားလိုက်ပြန်လိုက်လုပ်နေပေမယ့် နယူးယောက်မှာ အချိန်အများစု နေထိုင်နေဆဲပါပဲ” ဟု အမည်မဖော်လိုသော အတွင်းလူတစ်ဦးက ပြောသည်။

“တေလာက ထရာဗစ်နဲ့ တတ်နိုင်သလောက် အတူနေထိုင်ဖြတ်သန်းဖို့ ကြိုးစားနေပါတယ်” ဟု ဒုတိယ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ထရာဗစ် ငှားရမ်းထားသောစံအိမ်မှာ အကျယ်အဝန်း ၈၃၄၁ စတုရန်းပေရှိပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။

(ထရာဗစ်နှင့် မိတ်ဆွေသူငယ်ချင်းများအတွက် အခန်းများစွာရှိသည်။ ဓာတ်ပုံ-Realtor)

(ထရာဗစ်သည် လေ့ကျင့်ရေးအတွက် ကူညီပေးနေသော မိတ်ဆွေများစွာနှင့်အတူ ယခုအိမ်တွင် နေထိုင်လျက် ရှိသည်ဟု ယူဆရသည်။ ဓာတ်ပုံ-Realtor)

(ဖလော်ရီဒါသည် တေလာဆွစ်တို့စုံတွဲအတွက် အပန်းဖြေရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Taylor Swift Joins Travis Kelce at His $20 Million Rented Florida Mansion—as He Praises Her for Buying Back Music Masters Photo Credit-Realtor, TheStewartofNY/GC Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service