ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ယနေ့ခေတ်တွင် လူအများသည် ညစာစားကြရာ၌ ဟင်းလျာတို့၏ အရသာကိုသာမက ထူးခြားသည့် အတွေ့အကြုံမျိုးကိုပါ ရှာဖွေလာကြသည်။
အချို့က ဖော်ဖော်ရွေရွေရှိမှုကို လိုလားကြသည်။
အချို့က VIP သဖွယ် ဆက်ဆံမှုကို လိုလားသည်။
အိန္ဒိယမှ စားသောက်ဆိုင်တစ်ခုကမူ အားလုံးနှင့် ဆန့်ကျင်ခြားနားနေသည်။
ထိုဆိုင်က လာရောက်စားသောက်သူများကို အကျဉ်းထောင်တစ်ခုသို့ ရောက်သွားသည့်သဖွယ် ခံစားရစေရန် စီစဉ်ပြင်ဆင်ထားသည်။
ဆိုင်တည်နေရာမှာ ဘင်္ဂလူရူ (ဘင်္ဂလိုဟုလည်းခေါ်) မြို့တွင်ဖြစ်ပြီး ဆိုင်နာမည်မှာ Central Jail Restaurant ဖြစ်သည်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တွေ့ဖူးနေကြ မြင်ကွင်းမျိုးမဟုတ်ကြောင်း ချက်ချင်းသတိပြုမိမည် ဖြစ်သည်။
((ကြိုဆိုပါ၏))
ဆိုင်အဝင်ဝသို့ ရောက်သည်နှင့် ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသကဲ့သို့ပင် ထောင်အရသာကို စတင်မြည်းစမ်းရမည် ဖြစ်သည်။
အခြားစားသောက်ဆိုင်များမှ တံခါးပေါက်မျိုးမဟုတ်ဘဲ ကြီးမားတောင့်တင်းလှသော ထောင်ဘူးဝတံခါးကြီးတစ်ခုက ကြိုဆိုနေမည်ဖြစ်သည်။
ဆိုင်ထဲသို့ ဝင်ရမည့်နေရာမှာ မလွယ်ပေါက်တစ်ခုမှ ဖြစ်သည်။
ဆိုင်အပြင်ဘက်တွင် စန္ဒရီအရုပ်ကြီးတစ်ရုပ်ရှိရာ အမှတ်တမဲ့ကြည့်လိုက်ပါက ထောင်တံခါးတွင် စောင့်ကြပ်နေသည့် စန္ဒရီတစ်ဦးသဖွယ်ပင်။
တံခါးမှတဆင့် ဆိုင်ထဲသို့ ဝင်လိုက်ချိန်တွင် ဆိုင်ဝန်ထမ်းတစ်ဦးက သင့်အားကြိုဆိုမည် ဖြစ်သည်။
သို့သော် သာမန်စားသောက်ဆိုင်များတွင်ကဲ့သို့ ဝိတ်တာတစ်ဦးသဖွယ် ဝတ်ဆင်ထားခြင်းမဟုတ်။ ထောင်ဝါဒါ ယူနီဖောင်းမျိုး ဝတ်ထားသည်။
စားသောက်ဆိုင်အတွင်းပိုင်းတစ်ခုလုံးတွင်လည်း အကျဉ်းထောင်သဖွယ် မြင်ကွင်းများသာ ကြီးစိုးနေသည်။
စားပွဲများ၊ ကုလားထိုင်များ အားလုံးမှာ ထောင်များတွင် တကယ့်ထောင်များတွင် ထားလေ့ရှိသည့်အတိုင်း ဖြစ်သည်။
ပုံမှန်အတိုင်း စားသောက်လိုသူများအတွက်လည်း သီးသန့်ခန်းများ ရှိသည်။
ပါတီပွဲများ ကျင်းပနိုင်ရန် အထူးစီစဉ်ထားသည့် စားပွဲရှည်ကြီးများရှိသော ခန်းမကြီးများလည်း ရှိသည်ဟု ဆိုသည်။
အရက်ဘားများတွင် လက်ထိပ်များလည်း ထားရှိပေးထားရာ ထောင်အတွေ့အကြုံကို အပြည့်အဝ ခံစားလိုသူများအနေဖြင့် မိမိကိုယ်မိမိ လက်ထိပ်ခတ်ထားကြည့်နိုင်သည်။
ထောင် theme ပိုမိုရရှိစေရန် စားပွဲထိုးများမှာ ထောင်ကျ အကျဉ်းသားများကဲ့သို့ ဝတ်ဆင်ထားသည်။စားသောက်ဆိုင်ရှိ အသုံးအဆောင်ပစ္စည်းများကိုပင်လျှင် ထောင်တွင် အသုံးပြုသည့်အတိုင်း သုံးစွဲထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Central Jail Restaurant: In This Bengaluru Hangout, You Eat In Handcuffs (news18)