လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ... - Property Knowledge in Myanmar from iMyanmarHouse.com
4 May 2025 10:56 am တွင် တင်ခဲ့သည်
811 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ထည့်သွင်းလျှောက်ထားရမယ့် အချက်များအပါအဝင် ဥပဒေနဲ့ပတ်သတ်တဲ့ သိမှတ်စရာအဖြေများကို ဒီတစ်ပတ် ဥပဒေရေးရာအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။

⚖️မေးခွန်း (၁) - ရွာမြေ ၊ ဥယျာဉ်ခြံမြေတွေမှာ ဆောက်လုပ်ခွင့် ၊ နေထိုင်ခွင့် ရှိပါသလား။

ရွာမြေများမှာ အဝန်းအဝိုင်းဖြင့် တည်ရှိပြီး ရွာမြေဧက အကျယ်အဝန်း မြေပုံ/မြေရာဇဝင်မှာ ကြေးတိုင် နှင့် မြေစာရင်းဌာနတွင် ရှိပါသည်။ ရွာမြေများမှာ မြေပုံမှတ်တမ်းတွင် ဆေးခြယ်သတ်မှတ်ထားပြီး လူနေထိုင်ခွင့်အတွက် ခွင့်ပြုထားသော မြေအမျိုးအစားပင်ဖြစ်ပါသည်။ ကျေးရွာမြေများအား စာသင်ကျောင်း၊ ဈေး ၊ ဘုန်ကြီးကျောင်း ၊ ကျန်းမာရေး ဆေးပေးခန်း ဟူ၍ မြေနေရာ စနစ်တကျ သတ်မှတ်ပေးထားသည်များ ရှိပါသည်။

အစိုးရစီမံခန့်ခွဲခွင့်ရှိသော မြေအမျိုးအစားပင်ဖြစ်ပြီး စက်မှုလက်မှု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပါ က မြေငှားဂရန်ချထား သတ်မှတ်ပေးနိုင်ပါသည်။ ယခုအချိန်ထိ တစ်မြို့နယ်လျှင် တစ်ရွာစီမံကိန်းဖြင့် စံပြ ကျေးရွာများအား မြေငှားဂရန် လျှောက်ထား ခွင့်ပြုခဲ့သည်များလဲရှိပါသည်။

ဥယျာဉ်ခြံမြေဆိုသည်မှာ လယ်ယာမြေဥပဒေ-၃(က) ဖော်ပြထားသော မြေအမျိုးအစားထဲတွင် ပါဝင် ပါသည်။ ဥယျာဉ်ခြံမြေမှာ စိုက်ပျိုးမြေအမျိုးအစားပင်ဖြစ်ပြီး လူနေထိုင်ခွင့်မရှိပါ။ လယ်ယာမြေ အမျိုးအစား ပင်ဖြစ်သောကြောင့် ပုံစံ-၇ လျှောက် ထားခြင်း ပြုနိုင်ပါသည်။

တချို့ ဥယျာဉ်ခြံမြေ (G)အမျိုးအစားများမှာ လူနေထိုင်ခွင့် ရပ်ကွက်ကျေးရွာအတွင်းတွင် ရောက်ရှိနေ သည်များလဲ ရှိတတ်ပါသည်။ ထိုသို့သော ကျေးရွာနှင့် နီးကပ်နေသော ဥယျာဉ်ခြံမြေများအား လူနေထိုင်ခွင့် အတွက် ပြောင်းလဲလိုလျှင်လဲ လယ်ယာမြေဥပဒေ- ၃၀(က)(ခ)နှင့်အညီ အခြားနည်းအသုံးပြုနိုင်ရေး စနစ်တ ကျလျှောက်ထားရယူမှသာ တရားဝင်လူနေထိုင်နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေး လိုက်ပါသည်။

⚖️မေးခွန်း (၂) - တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ထည့်သွင်းလျှောက်ထားရမယ့် အချက်များကို ရှင်းပြပါ။

အိုးအိမ်မှ ဆောက်လုပ်သည့် တိုက်ခန်းများ၊ စည်ပင်မှ ဆောက်လုပ်သည့် တိုက်ခန်းများ၊ ကွန်ဒိုများ၊ တိုက်ခန်းများနှင့် အုတ်နာဘုတ်ထွက်ရှိသော အိမ်ရာ၊ ကွန်ဒို အဆောက်အအုံအတွင်းရှိ အခန်းများအား အမည်ပြောင်း ဆောင်ရွက်လိုသည့်အခါ ဦးစွာပထမ ရာဖြတ်တန်ဖိုးစီစစ်ရေးဌာနသို့ အရောင်းအဝယ်စာချုပ်အား ပြသရမည်။

ထို့ပြင် စာချုပ်နှင့်အတူ ရောင်းသူ၊ ဝယ်သူ၏ မှတ်ပုံတင်၊သန်းခေါင်စာရင်း၊ အမည်ပြောင်းလိုသည့် ကွန်ဒို အခန်း/တိုက်ခန်း၏ ရှေ့နောက်ဘေးနှစ်ဖက်၊ တစ်တိုက်လုံးမြင်သာသည့် ဓာတ်ပုံတို့ပါ ပူးတွဲ၍ ရာဖြတ်ဌာနသို့ တင်ပြပေးရန် လိုအပ်ပါသည်။

ရာဖြတ်ဌာနမှ ရာဖြတ်အရောင်းအဝယ်တန်ဖိုး ထွက်ရှိသည့်အခါ ရောင်းသူဝယ်သူ အခွန်ဆောင်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးသို့ သွားရောက်ရမည်ဖြစ်ပါသည်။ ရောင်းချသူမှ ကွန်ဒိုအခန်း/တိုက်ခန်း အပေါ် အမြတ်ခွန်အား ထမ်းဆောင်ပေးရမည်ဖြစ်ကာ ဝယ်ယူသူမှလဲ ဝယ်ခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ဝယ်ယူသူမှာ ဝင်ငွေရလမ်း ဖော်ပြနိုင်သော ငွေဖြူရှိပါက အခွန်ရှင်းလင်းခြင်းလဲ ဆောင်ရွက်နိုင်ပါသည်။ ရောင်းချသူမှ ဝယ်ယူသူအား ကွန်ဒိုအခန်း/တိုက်ခန်းအား လွှဲပြောင်းပေးအပ်သော ကိုယ်စားလှယ်လွှဲစာလဲ လိုအပ်ပါသေးသည်။

ထို့နောက် သက်ဆိုင်ရာ အိုးအိမ်စည်ပင်ရုံးတွင် အခွန်ဆောင်ပြီးကြောင်းပြသပြီး ကွန်ဒိုအခန်း/တိုက်ခန်း အမည်ပြောင်းခြင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း (၃) - ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်လို့ရနိုင်ပါသလဲ။

ဂရန်မြေများ၊ ဘိုးဘွားမြေ၊ မြေပိုင်မြေများ၊ ပါမစ်၊ စလစ်မြေ၊ လိုင်စင်မြေများ မည်သည့် မြေအမျိုးအစားကို မဆို ဝယ်ယူသည့်အခါတွင် မြေရာဇဝင်မှတ်တမ်းများ၊ ဂရန်လျှောက်ထားဖူးခြင်း၊ ဂရန်လျှောက်ထား ခြင်း၊ အရှုပ်အရှင်းရှိမရှိ သိရှိရန်အတွက် သက်ဆိုင်ရာ ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်းဖြစ်ပါက စည်ပင် သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာန (သို့) အခြားမြို့နယ်များဖြစ်ပါက သက်ဆိုင်ရာ‌ မြေစာရင်း ဌာနတွင် စုံစမ်းစစ်ဆေးမှုပြုပြီးမှ ဝယ်ယူသင့်ပါသည်။

သက်ဆိုင်ရာ မြေယာမှတ်တမ်းများအား စစ်ဆေးသည့်အပြင် မြေပြင် လက်ရှိအနေအထားအရ မြေမှာ မည်သူ့ လက်ဝယ်တွင်ရှိကြောင်း လိုက်လံ့ကြည့်ရှုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် စုံစမ်းပြီးမှ ဝယ်ပါ။

အချို့ပါမစ်မြေများမှာ လက်ဝယ်ပိုင်ဆိုင်သူက တစ်ဦး၊ ဂရန်မြေငှားစာချုပ် လျှောက်ထားသူမှ တစ်ဦးလဲ ဖြစ်နေတတ်ပါသည်။

ပါမစ်မြေအမျိုးအစားမှာ ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားခြင်းလဲ ပြုနိုင်သောကြောင့် ပါမစ်မူရင်းဖြင့် ဝယ်ယူသူတစ်ဦးနှင့် အရပ်ကတိစာချုပ် အဆက်အစပ်များဖြင့် ဝယ်ယူသူနောက်တစ်ဦး စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် ဂရန်လျှောက်ထားခြင်းပြုသည့်အခါမှ ထိပ်တိုက်တွေ့ကာ အငြင်းပွှားမှု ပေါ်ပေါက်မည် ဖြစ်ပါသည်။

ပါမစ်မူရင်းဖြင့် ဂရန်မြေငှားစာချုပ် လျှောက်ထားခြင်းများ ဌာနတွင် ကြိုတင်ရှိနှင့်ပါက စုံစမ်းဝယ်ယူမှု မပြုခဲ့သော နောက်ဝယ်သူမှာ နစ်နာဆုံးရှုံးမည်သာဖြစ်ပြီး ရောင်းချသူအား ၎င်း၏ နစ်နာမှုအတွက် အမှုဖွင့်လှစ် တရားစွဲဆိုခြင်းသာ ပြုရမည်ဖြစ်ပါသည်။

အကယ်၍ ပါမစ်ပျောက်ဖြင့် ရှေ့ဝယ်သူမှ ဂရန်လျှောက်ထားခြင်းဖြစ်ပါက နောက်ပါမစ်မူရင်း ကိုင် ဆောင်၍ ဝယ်ယူသူမှာ ဌာနအား အကြောင်းကြားမှုပြုပြီး ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်မှုများ၌ ပါမစ်မူရင်းတင်ပြ၍ ကန့်ကွက်ခြင်းပေါ်ပေါက်လာပါက ထုတ်ပေးထားသော မြေငှားစာချုပ်ဂရန်မူရင်းအား ပယ်ဖျက်မည်ကြောင်း လျှောက်ထားသူအား ဌာနမှ တံဆိပ်တုံးထု၍ လက်မှတ်ရေးထိုးခိုင်းသည်များလဲရှိကြောင်း၊ ပါမစ်မြေအား ဝယ်ယူရာတွင် အထူးသတိထား၍ စစ်ဆေးဝယ်ယူမှ သင့်လျှော်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service