အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
30 Apr 2025 2:02 pm တွင် တင်ခဲ့သည်
977 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို

အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက် ကလေးငယ် ၃ ဦးသည် လျှပ်စစ်မီး မလိုဘဲ ဆားဖြင့် မိမိဘာသာ အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာငယ်တစ်မျိုးကို ဒီဇိုင်းရေးဆွဲ တီထွင်ထုတ်လုပ်ခဲ့ကြသည်။

၎င်းတို့က လျှပ်စစ်မီး မရှိသော ကျေးလက်ဒေသများတွင် အအေးခံ သိမ်းဆည်းရန် လိုအပ်သော ဆေးဝါးပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် အဆိုပါရေခဲသေတ္တာကို ဆေးရုံများသို့ ပို့ဆောင်စမ်းသပ်ခဲ့ကြသည်။

ဆယ်ကျော်သက် ကလေးငယ် ၃ ဦး၏ အမည်မှာ ဒရု ချောက်ဒရီ (Dhruv Chaudhry) ၊ မီသရန်း လာသနီယာ (Mithran Lathania) နှင့် မရီဒူး ဂျိန်း (Mridul Jain) တို့ဖြစ်ပြီး အိန္ဒိယနိုင်ငံ မဒရာ ပရာဒက်ရှ်ပြည်နယ်၏ အကြီးမားဆုံးမြို့ကြီးဖြစ်သော အင်ဒိုမြို့ (Indore) တွင် နေထိုင်ကြသည်။

၎င်းတို့အားလုံး၏ မိဘများမှာ ဆေးပညာနယ်ပယ်တွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

အိန္ဒိယတွင် လျှပ်စစ်မီး မရှိသော ကျေးလက်ဒေသများသို့ COVID-19 ကာကွယ်ဆေးများ သယ်ဆောင်ရန် အခက်အခဲများ ဖြစ်ပေါ်နေသည့် သတင်းကြားရချိန်တွင် ချောက်ဒရီတို့ ကလေးငယ် ၃ ဦးက ဆားဖြင့် အအေးဓာတ်ပေးနိုင်သော ရေခဲသေတ္တာကို တီထွင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဆယ်ကျော်သက် ကလေးငယ် ၃ ဦးက ၎င်းတို့ တီထွင်ခဲ့သော ရေခဲသေတ္တာကို Thermavault ဟု အမည်ပေးထားသည်။

၎င်းတို့သည် ဆားရေခဲသေတ္တာတီထွင်ခဲ့မှုအတွက် 2025 Earth Prize ဆုကို ယခုဧပြီလ အစောပိုင်းက ရရှိခဲ့ကြသည်။

ဆုငွေအဖြစ် ကန်ဒေါ်လာ ၁၂၅၀၀ ရရှိခဲ့ရာ ကလေးငယ် ၃ ဦးက ဆုငွေများဖြင့် ဆားရေခဲသေတ္တာ အလုံး ၂၀၀ ထုတ်လုပ်ကာ ဆေးရုံပေါင်း ၁၂၀ ကို ထောက်ပံ့ပေးရန် စီစဉ်ထားကြသည်။

((အအေးဓာတ်ထုတ်လွှတ်နိုင်သော ဆားအမျိုးအစား ရှာဖွေခြင်း))

အချို့သော ဆားအမျိုးအစားများသည် ရေတွင် ပျော်ဝင်ချိန်၌ အအေးဓာတ်ထုတ်လွှတ်ကြသည်။

ရေတွင် ပျော်ဝင်ချိန်တွင် အက်တမ် (သို့မဟုတ်) အိုင်းယွန်းပြိုကွဲမှုဖြစ်စဉ် ဖြစ်ပေါ်သည်။

အိုင်းယွန်းပြိုကွဲမှုဖြစ်စဉ်အတွက် စွမ်းအင်လိုအပ်ရာ ပတ်ဝန်းကျင်မှတဆင့် စွမ်းအင်ကို စုပ်ယူကြသည်။

ထို့ကြောင့် အဆိုပါပျော်ဝင်ဆားတို့၏ အနီးဝန်းကျင်ရှိ ရေမှာ အေးစက်လာသည်။

ချောက်ဒရီ၊ လာသနီယာနှင့် ဂျိန်းတို့သည် အင်တာနက်တွင် ရှာဖွေလေ့လာကြရာ အလုပ်ဖြစ်နိုင်သော ဆားအမျိုးအစား ၁၅၀ စာရင်းကို ရရှိလာသည်။

ယင်းတို့အနက်မှ ပိုမိုထိရောက်နိုင်သည့် ဆားအမျိုးအစား ၂၀ ခန့်ကို ရွေးထုတ်လိုက်သည်။

သို့သော် လက်တွေ့စမ်းသပ်ကြည့်ရာတွင် ထိုအမျိုးအစား ၂၀ လုံးမှာ လုံလောက်သည့် အအေးဓာတ် ထုတ်လွှတ်မှုကို မတွေ့ရသောကြောင့် ချောက်ဒရီတို့ ၃ ဦး စိတ်ပျက်သွားကြသည်။

နောက်ဆုံးတွင် ၎င်းတို့၏ ဆရာဖြစ်သူက ဆားအမျိုးအစား ၂ ခုကို စမ်းသပ်ကြည့်ရန် အကြံပေးခဲ့သည်။

ထို ၂ မျိုးမှာ Barium Hydroxide Octahydrate နှင့် အမိုနီယမ် ကလိုရိုက် (Ammonium Chloride) တို့ ဖြစ်ကြသည်။

(မှတ်ချက်။ Barium Hydroxide octahydrate [ BA (OH)2 8H2O ] သည် ဖန်ချက်လုပ်ငန်း၊ အာကာသယာဉ်၊ ရေကြောင်းလုပ်ငန်း၊ စက်မှုလုပ်ငန်းများတွင် သုံးသည့် ချောဆီများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ အမိုနီယမ် ကလိုရိုက် (NH4Cl) မှာ မြန်မာအခေါ် ဇဝက်သာဖြစ်ပြီး ဓာတုပစ္စည်းတစ်ခုအနေဖြင့်သာမက ဆေးဝါးအဖြစ်လည်း အသုံးပြုသည်။)

အမိုနီယမ် ကလိုရိုက်သည် ၂ ဒီဂရီမှ ၆ ဒီဂရီ ဆဲစီးယပ်အထိ အအေးဓာတ်ရစေသည်ကို စမ်းသပ်တွေ့ရှိရာ အဆိုပါ အအေးဓာတ်မှာ ကာကွယ်ဆေးအများစု သိုလှောင်ထားရှိရန် အကောင်းဆုံးအခြေအနေဖြစ်သည်။

ထို့အပြင် Barium Hydroxide octahydrate ကို ထပ်မံပေါင်းစပ်ပေးလိုက်ခြင်းအားဖြင့် အအေးဓာတ် သုညဒီဂရီ ဆဲစီးယပ်အထိ ရရှိလာရာ အချို့သော ကာကွယ်ဆေးများနှင့် အစားထိုးကုသမည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ သယ်ဆောင်ရန် သင့်တော်သည့် အအေးဓာတ် ရရှိလာစေသည်။

နောက်တစ်လခန့်အကြာတွင် ဆယ်ကျော်သက် ၃ ဦးသည် နမူနာ ရေခဲသေတ္တာတစ်လုံး စတင်ထုတ်လုပ်ခဲ့ကြပြီး ဒေသတွင်းရှိ ဆေးရုံများတွင် စမ်းသပ်ခဲ့ကြသည်။

(▲ ကလေးငယ် ၃ ဦး တီထွင်ခဲ့သော Tharmavault နမူနာ ရေခဲသေတ္တာကို တွေ့ရပုံ။ ဓာတ်ပုံ- Dhruv Chaudhry/ Mithran Lathania/ Mridul Jain)

၎င်းတို့၏ ရေခဲသေတ္တာမှာ အပူကာပြား ထည့်သွင်းထားသော ပလတ်စတစ်ပုံး ဖြစ်ပြီး အတွင်းပိုင်းတွင် ကြေးနီပြားဖြင့် အကန့်ငယ်တစ်ခု ပြုလုပ်ထားသည်။

အတွင်းအံထဲတွင် ကာကွယ်ဆေးများ (သို့မဟုတ်) ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အေးခဲထားရှိနိုင်မည် ဖြစ်သည်။

ဖော်ပြပါ ဆား ၂ မျိုး ပျော်ဝင်နေသော ရေကို အပြင်ဘက် ပလတ်စတစ်ပုံး နံရံနှင့် အတွင်းဘက် ကြေးနီနံရံတို့ကြား လောင်းထည့်ထားခြင်း ဖြစ်သည်။

လျှပ်စစ်မီးမရှိသော ကျေးလက်ဒေသများသို့ ကာကွယ်ဆေး သယ်ဆောင်ရန်အတွက် ယခင်ကတည်းက အခြားအမျိုးအစား အအေးပုံးများကို အသုံးပြုခဲ့ကြပြီး ဖြစ်သည်။

သို့သော် အဆိုပါ အအေးပုံးများမှာ သာမန် ရေခဲထုပ်များဖြင့် ဖုံးအုပ်ကာ သယ်ဆောင်ခြင်းမျိုး ဖြစ်သည်။

ကလေးငယ် ၃ ဦးတီထွင်လိုုက်သော အမိုနီယမ် ကလိုရိုက်ပျော်ရည် ရေခဲသေတ္တာ၏ အားသာချက်မှာ ထပ်ဖန်တလဲလဲ ပြန်လည်အသုံးပြုနိုင်ခြင်း ဖြစ်သည်။

ဆားရည်ကို သွန်ယူလိုက်ပြီး ဆူပွက်သည်အထိ ပြန်လည်ကျိုချက်လိုက်ပါက အမိုနီယမ် ကလိုရိုက်ကို အခဲအနေဖြင့် ပြန်လည်ရရှိမည်ဖြစ်သည်။

ထို့နောက် ရေသစ်တွင် ထပ်မံ ပျော်ဝင်စေကာ အအေးဓာတ် ပြန်လည်ထုတ်လွှတ်စေပြန်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: 3 teens invented a salt-powered refrigerator that doesn't need electricity. They're building 200 of them for hospitals to use.

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service