အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖျက်ခံရသည့် အိမ်ထဲသို့ ပြေးဝင်ယူသည့် ဗွီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရားလွှတ်တော်ချုပ်က ဖြိုဖျက်သည့် မြို့အာဏာပိုင်အဖွဲ့အပေါ် စီရင်ချက်ချမှတ်၊ ၈ နှစ်သမီးလေးတစ်ဦး လွယ်အိတ်နှင့် ကျောင်းစာအုပ်များ ဖြိုဖျက်ခံရသည့် အိမ်ထဲသို့ ပြေးဝင်ယူသည့် ဗွီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
8 Apr 2025 10:40 am တွင် တင်ခဲ့သည်
587 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ ၊ ဥတာပရာဒက်ရှ်ပြည်နယ်၊ ပရယား ဂရာ့ဂျ်မြို့ (Prayagraj ) တွင် ဒေသအာဏာပိုင်တို့က နေအိမ်အချို့အား ဖြိုဖျက်ခဲ့မှုမှာ လူမဆန်သည့်အပြင် တရားမဝင်သည့်လုပ်ရပ်ဖြစ်ကြောင်း အိန္ဒိယ တရားရေးစနစ်၏ အမြင့်မားဆုံးဖြစ်သော တရားလွှတ်တော်ချုပ်၏ ကြားနာစစ်ဆေးမှုတွင် ပြောကြားသည်။

မလျော်သြဇာသုံးကာ လုပ်ဆောင်ခဲ့မှုမှာ မိမိတို့၏ စိတ်ဝိဉာဉ်လိပ်ပြာများကို တုန်လှုပ်စေခဲ့ကြောင်း တရားလွှတ်တော်ချုပ်၏ စီရင်ချက်တွင် ဖော်ပြသည်။

ပရယား ဂရာ့ချ်မြို့၏ ယခင်အမည်မှာ အလာဟာဘက် ဖြစ်သည်။

အိန္ဒိယတရားလွှတ်တော်ချုပ်၏ နေအိမ်ဖြိုဖျက်မှုများ လုပ်ဆောင်ခဲ့သည့် ပရယား ဂရာ့ဂျ် ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ (Prayagraj Development Authority) အပေါ် စီရင်ချက် ချမှတ်ခဲ့သည်မှာ ရက်သတ္တ ၆ ပတ်တာ ကာလအတွင်း နေအိမ်ဖြိုဖျက်ခံရသည့် မိသားစုတစ်စုလျှင် ရူပီး ၁၀ သိန်း လျော်ကြေးပေးရမည်ဟု ဆိုသည်။

တရားသူကြီးများဖြစ်သော A S Oka နှင့် Ujjal Bhuya တို့ ပါဝင်သော တရားသူကြီးအဖွဲ့က ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်တွင် ချမှတ်ခဲ့သော အလာဟာဘက် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ပြန်လည်ကြားနာခဲ့ကြခြင်း ဖြစ်သည်။

တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့သူများတွင် ပါမောက္ခတစ်ဦး၊ ရှေ့နေတစ်ဦးနှင့် အခြား ၃ ဦးတို့ ပါဝင်သည်။

တရားလွှတ်တော်ချုပ်၏ အပြီးသတ်ဆုံးဖြတ်ချက်တွင် ဖော်ပြချက်အရ အယူခံဝင်လာသူတို့သည် ၎င်းတို့၏ ဘဝအခြေအနေများနှင့် စပ်လျဉ်းပြီး ကျိုးကြောင်းဆီလျော်သည့် တင်ပြမှုများ ပြုလုပ်ရန် အခွင့်အရေးမရ ခဲ့ကြကြောင်း ဖော်ပြသည်။

“ဒီအမှုဟာ ကျွန်တော်တို့ရဲ့ စိတ်ဝိဉာဉ်လိပ်ပြာကို တုန်လှုပ်စေတဲ့အမှုပါပဲ။ အယူခံဝင်လာသူတွေရဲ့ နေအိမ်တွေဟာ မလျော်သြဇာသုံးပြီး ဖြိုဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ဖြိုဖျက်တာဟာ ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ရဲ့ စာနာစိတ်ကင်းမဲ့မှုကို လှစ်ဟပြသနေပါတယ်။ အာဏာပိုင်အဖွဲ့တွေ….အထူးသဖြင့် ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့တွေ သိထားရမှာက အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ မှာ ပြည်သူတွေဟာ အရိပ်အာဝါသ ခိုလှုံမှု ရပိုင်ခွင့်ရှိတယ်လို့ အတိအလင်းဖော်ပြထားတာကို သတိရပါ”

((၈ နှစ်အရွယ်သမီးငယ်လေး၏ ကျောင်းစာအုပ်နှင့် လွယ်အိတ်အကြောင်း))

၈ နှစ်အရွယ် သမီးငယ်လေး အနန်းယာ ယာဒက်ဗ်၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုမှာ ဟင်ဒီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစာအုပ်များ ထည့်ထားသော ကျောင်းလွယ်အိတ်ကလေး ဖြစ်သည်။

အဆိုပါ လွယ်အိတ်ကလေးသည် နောင်တချိန်တွင် တိုင်းပြည်ကို ကာကွယ်မည့် အိန္ဒိယပြည်သူ့ဝန်ထမ်းကောင်း တစ်ဦး ထွက်ပေါ်လာစေရန် အခြေခံအကြောင်းတရားတစ်ခုလည်း ဖြစ်သည်။

ဥတာပရာဒက်ရှ်ပြည်နယ်တွင် အာဏာပိုင်တို့က နေအိမ်များဖြိုဖျက်မှု ပြုလုပ်စဉ် အနန်းယာ၏ လွယ်အိတ်လေးရှိသော တဲလေး၏ ဘေးအိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ထိုအချိန်တွင် အနန်းယာသည် ကျောင်းစာအုပ်များရှိနေသော လွယ်အိတ်လေးကိုယူရန် တဲထဲသို့ ပြေးဝင်သွားခဲ့သည်။

အနန်းယာတစ်ယောက် လွယ်အိတ်ကလေးကို ပြန်ယူပြီး ပြေးထွက်လာပုံကို ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်မှာ အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ပျံ့နှံ့ဂယက်ရိုက်ခဲ့သည်။ ထိုဗွီဒီယိုဖိုင်မှာ အိန္ဒိယတရားရေး၏ အမြင့်ဆုံးဖြစ်သော တရားလွှတ်တော်ချုပ်အထိ ရောက်သွားသည်။

ပြီးခဲ့သော အင်္ဂါနေ့က တရားလွှတ်တော်ချုပ်တွင် ကြားနာစစ်ဆေးခဲ့ရာ၌ အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်မှာ လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း တရားသူကြီးတို့က ပြောသည်။

“တဲငယ်လေးတွေကို ဘူဒိုဇာတွေနဲ့ ဖြိုချနေတဲ့ ဗွီဒီယိုဖိုင်တစ်ခု မကြာသေးမီက ထွက်ပေါ်လာတာ ရှိပါတယ်။ အဲဒီမှာ သမီးငယ်လေးတစ်ဦးဟာ ဖြိုဖျက်ခံရတဲ့ တဲနေရာကနေ လက်ထဲမှာ စာအုပ်တွေကိုင်ပြီး ထွက်ပြေးလာတာ တွေ့ရပါတယ်။ ဒီဗွီဒီယိုက လူတိုင်းကို တုန်လှုပ်စေခဲ့ပါတယ်” ဟု တရားသူကြီး Bhuyan က ပြောသည်။

“သမီးကျောင်းကနေပြန်လာပြီး လွယ်အိတ်ကို တဲထဲမှာ ထားခဲ့ပါတယ်။ တဲထဲမှာက အမေ ကြိုးနဲ့ချည်ထားခဲ့တဲ့ အိမ်မွေးတိရ စ္ဆာန်တွေလည်း ရှိနေပါတယ်။ အိမ်တွေ ဖြိုချခံရတဲ့အချိန်မှာ သမီးတို့ ဘေးအိမ်ကို မီးလောင်ပါတယ်။ အဲဒီချိန်မှာ သမီးအရင်ဆုံးတွေးမိတာက ကျောင်းလွယ်အိတ်နဲ့ စာအုပ်တွေပါ။ အမေက သမီးကို ဆွဲထားဖို့ လုပ်သေးတယ်။ ဒါပေမယ့် သမီးအတင်းရုန်းထွက်ပြီး ပြေးသွားခဲ့တယ်။” ဟု အစိုးရ မူလတန်းကျောင်းမှ ၁ တန်းကျောင်းသူလေးဖြစ်သော အနန်းယာက The Indian Express သတင်းဌာနသို့ ပြောသည်။

“သမီးက စာအုပ်နဲ့ လွယ်အိတ် မီးလောင်သွားမှာ စိုးရိမ်ခဲ့တယ်။ လွယ်အိတ်နဲ့ စာအုပ်တွေယူပြီး အမေ့ဆီ ပြန်ပြေးလာခဲ့ပါတယ်။” ဟု အနန်းယာက ပြောသည်။

စာအုပ်များ မီးလောင်သွားပါက ကျောင်းမှ အစားပြန်ပေးလိမ့်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

အနန်းယာ၏ အဘိုးဖြစ်သူ အသက် ၇၀ အရွယ်ရှိ Ram Milan Yadav က The Indian Express သို့ ပြောသည်မှာ ၂ ဘစ္စဝါ (၂၅၀ စတုရန်းမီတာ/ ၁၄၄၀ စတုရန်းပေ) ခန့်ရှိသော မြေနေရာပေါ်မှ နေအိမ်များကို ဖြိုဖျက်ရန် ရောက်ရှိလာကြကြောင်း၊ မိမိတို့ မိသားစုနေထိုင်နေသည်မှာ နှစ်ပေါင်း ၅၀ ရှိပြီဖြစ်ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service