သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမပေးရဘဲ နေအိမ်တစ်လုံး အခမဲ့နေထိုင်ခွင့်ပြုမည် ဟုဆို - Property News in Myanmar from iMyanmarHouse.com
31 Mar 2025 11:29 am တွင် တင်ခဲ့သည်
729 ကြိမ် ကြည့်ရှု့ပြီး

သြစတေးလျနိုင်ငံတွင် ဝေးလံခေါင်သီသောဒေသရှိ မြို့ကလေးတစ်မြို့၌ တာဝန်ထမ်းဆောင်မည့် ဆရာဝန်တစ်ဦး ရှာဖွေလျက်ရှိသည်။

လစာအနေဖြင့် သြစတေးလျဒေါ်လာ ၆၈၀၀၀၀ (ကန်ဒေါ်လာ ၄၂၈၀၀၀) ပေးမည့်အပြင် နေအိမ် တစ်လုံးတွင် အိမ်လခပေးစရာမလိုဘဲ နေထိုင်နိုင်မည့်အပြင် ကားတစ်စင်းလည်း ပေးထားမည်ဟု ဆိုသည်။

ဆရာဝန်ခေါ်ယူလျက်ရှိသော မြို့လေးမှာ သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်ရှိ ဝေးလံခေါင်သီ သော ဂျူလီယာ ခရိ (Julia Creek) အမည်ရှိ မြို့ကလေးဖြစ်ပြီး လူဦးရေ ၅၀၀ သာရှိသည်။

ယခုကမ်းလှမ်းသည့် လစာပမာဏမှာ ကွင်းစလန်ပြည်နယ်၏မြို့တော် ဘရစ္စဘိန်းတွင် မိသားစု ဆရာဝန်တစ်ဦး ဝင်ငွေ၏ ၂ ဆခန့်ရှိသည်။

ဂျူလီယာခရိနှင့် ဘရစ္စဘိန်းမှာ မော်တော်ကားဖြင့် ၁၇ နာရီအထိ ဝေးကွာသည်။

အနီးဆုံးမြို့ဖြစ်သော Townsville နှင့်ပင်လျှင် ကားဖြင့် ၇ နာရီခရီး အလှမ်းကွာသည်။

ဂျူလီယာ ခရိသို့ သွားရောက်လုပ်ကိုင်မည့် ဆရာဝန်အနေဖြင့် ပြင်းထန်လှသော အပူချိန်၊ မုတ်သုံရာသီတွင် ပေါက်ဖွားသော အင်းဆက်တို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဂျူလီယာခရိ မြို့လေးမှ ထွက်ခွာတော့မည့် ဆရာဝန်ဖြစ်သူ ဒေါက်တာ Adam Louws က ပြောသည် မှာ မိမိနေရာသို့ ရောက်ရှိတာဝန်ထမ်းဆောင်မည့် ဆရာဝန်အနေဖြင့် ဆိတ်ငြိမ်သော လူနေမှုဘဝနှင့် ထိတွေ့ရမည့်အပြင် ယခင်က မလုပ်ခဲ့ဖူးသော အလုပ်မျိုး လေ့လာလုပ်ဆောင် ရလိမ့်မည်ဖြစ်ကြောင်း ပြောသည်။

ဒေါက်တာ Adam သည် ဘရစ္စဘိန်းတွင် နေထိုင်သူဖြစ်ပြီး ဂျူလီယာခရိသို့ ၂၀၂၂ ခုနှစ်တွင် လာရောက်တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ဂျူလီယာခရိသည် ဆရာဝန်တစ်ဦးခန့်ထားရေးအတွက် လစာအဖြစ် သြစတေးလျဒေါ်လာ ၅၀၀၀၀၀အထိ ပေးကာ ခေါ်ယူနေမှုမှာ သြစတေးလျတွင် ထိပ်တန်းသတင်းဖြစ်ခဲ့သည်။

“ယောက္ခမက ကျွန်တော့်ဆီကို သတင်းလင့်ခ်တစ်ခု ပို့ပေးခဲ့တယ်။ အဲဒီသတင်းမှာ ရေးထားတာက ဆရာဝန်တစ်ဦးကို ဒေါ်လာ သန်းဝက်လောက်အထိ လစာပေးခေါ်နေတဲ့အကြောင်းပါ။ ဒီသတင်းကို တွေ့တဲ့အချိန်မှာ ကျွန်တော် ပထမဆုံးတွေးမိတာက ဂျူလီယာခရိဆိုတာ ဘယ်နားမှာလဲ…လို့ ပါ။” ဟု ဒေါက်တာ Adam က ပြောပြသည်။

 

 

(▲ ဂျူလီယာခရိ၏ ပင်မလမ်းပေါ်မှ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ။ ဓာတ်ပုံ-Jo Thieme/ McKinlay Shire Council via AP)

 

ဂျူလီယာခရိသည် ရေဝေးသော ကုန်းခေါင်ခေါင်ဒေသဖြစ်ပြီး လိမ္မော်ရောင်ဆည်းဆာတို့ဖြင့် သာယာလှပသော ဒေသဖြစ်သည်။

ကလေးတို့မှာ မြင်းစီးခြင်း၊ ကစားခုန်စား အားကစားလုပ်ခြင်းများ ပြုလုပ်ကြသည်။

သို့သော် အထက်တန်းကျောင်းနှင့် အလှမ်းဝေးသောကြောင့် မြို့သို့သွားကာ ကျောင်းအိပ်ကျောင်းစား ကျောင်းတက်ကြရသည်။

အနီးဆုံးဆေးရုံမှာ ကားဖြင့် ၃ နာရီခရီး ဝေးကွာသည်။

ဒေါက်တာ Louws ရောက်မလာမီ ၂၀၂၂ ခုနှစ်မတိုင်မီ ၁၅ နှစ်တာကာလအတွင်း ဂျူလီယာခရိတွင် အမြဲနေထိုင်သည့် ဆရာဝန် မရှိခဲ့။

ဆရာဝန်အချီု့ ခေတ္တရောက်လာကာ ရက်အနည်းငယ် နေထိုင်ခြင်းမျှသာ ရှိခဲ့သည်။

ဆရာဝန်မရှိသည့် အခက်အခဲမှာ သြစတေးလျ၏ ကျေးလက်ဒေသများတွင်သာမက ကမ္ဘာတဝန်းတွင်ပါ ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ သြစတေးလျအစိုးရ၏ အချက်အလက်များအရ သြစတေးလျနိုင်ငံတဝန်း ဆရာဝန် ၂၅၀၀ ဦးသာ ရှိသည်ဟု ဆိုသည်။

အလွန်တရာ ဝေးလံခေါင်သီလှသော ဒေသများသို့ ဆရာဝန်များ ခေါ်ယူနိုင်ရေးမှာ အလွန်ခက်ခဲသည်။

သြစတေးလျသည် တိုက်ကြီးတစ်ခုလုံးကို ဖြန့်ကျက်တည်ရှိကာ အလွန်ကျယ်ဝန်းလှသည့် နိုင်ငံကြီးဖြစ်ပြီး ကမ္ဘာပေါ်တွင် လူနေအကျဲပါးဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

အမေရိကန်ပြည်တွင်ဆိုလျှင်လည်း ကျေးလက်ဒေသများတွင် ဆရာဝန်ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ၂၀၂၃ ခုနှစ် တရားဝင်အချက်အလက်များအရ သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A remote Australian town seeks a doctor, offering a $400,000 salary and free rent Photo Credit- Jo Thieme/ McKinlay Shire Council via AP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service