ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပြစ်မှုများကျူးလွန်နေသောကြောင့် သူ၏အမည်ဖြင့် အမှုများ တန်းစီလျက်ရှိ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပြစ်မှုများကျူးလွန်နေသောကြောင့် သူ၏အမည်ဖြင့် အမှုများ တန်းစီလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Mar 2025 3:20 pm တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး

ဂျာမန်လူရွယ်တစ်ဦးသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ အလည်အပတ်သွားစဉ် မှတ်ပုံတင်ခိုးယူခံလိုက်ရသည်။

ထိုသို့ ခိုးယူခံလိုက်ရပြီးနောက် ပြီးခဲ့သော ၄ နှစ်တာလုံး အလုပ်ရှာမရနိုင် ဖြစ်ခဲ့ရသည့်အပြင် သူ၏ အမည်ဖြင့် အမှုပေါင်းများစွာ တန်းစီနေသည့်အဖြစ်နှင့် ရင်ဆိုင်ရလျက်ရှိသည်။

ရာမီ ဘက်တစ်အမည်ရှိ အသက် ၂၄ နှစ်အရွယ် ဂျာမန်လူရွယ်သည် ရဲမှတ်တမ်းတွင် အမှုပေါင်းများစွာဖြင့် ရာဇဝင်လူဆိုးသဖွယ်ဖြစ်နေကာ အမည်မည်း စာရင်းသွင်းခံထားရသောကြောင့် သူ၏ ဇာတိမြို့ဖြစ်သော ဂျာမနီ အနောက်ပိုင်း ဘွန်းမြို့ (Bonn) တွင် ပြီးခဲ့သော ၄ နှစ်တာလုံး မည်သည့်အလုပ်မှ လျှောက်ထား၍ မရနိုင်ဘဲ အလုပ်လက်မဲ့ ဖြစ်နေခဲ့ရသည်။

ရာမီ ဘက်တစ်သည် ၂၀၁၉ ခုနှစ်အတွင်း လန်ဒန်မြို့သို့ ရက်တို အလည်အပတ်ခရီးသွားခဲ့ပြီးနောက် ယခုကဲ့သို့ ကံဆိုးမိုးမှောင်ကျမှုနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။

ရာမီက အင်္ဂလန်သို့ ပတ်စ်ပို့၊ မှတ်ပုံတင်တို့ဖြင့် ခရီးသွားခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း မှတ်ပုံတင်ပျောက်ဆုံးသွားကြောင်း သိလိုက်ရရာ တစ်နေရာရာတွင် ကျပျောက်သည်ဟု ယူဆခဲ့ပြီး ပတ်စ်ပို့ဖြင့် ဂျာမနီသို့ ပြန်လာခဲ့သည်။

ဂျာမနီသို့ ပြန်ရောက်ချိန်တွင် မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ပြီးနောက် ကျောင်းပြီးအောင် ဆက်လက်တက်ရောက်ခဲ့သည်။

ထို့နောက် ဘွန်းမြို့ရှိ Vodafone finance တွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ အဆိုပါကုမ္ပဏီက အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ရန် ကမ်းလှမ်းခြင်းခံရသည်။

ထို့အပြင် ဒေသတွင်း အခွန်ရုံးတွင်လည်း အလုပ်နေရာတစ်ခု ကမ်းလှမ်းခံရသည်။

ရာမီမှာ မည်သည့်အလုပ်ကို သွားရောက်လုပ်ကိုင်ရန် စဉ်းစားနေချိန်တွင်ပင် အလုပ် ၂ ခုလုံးထံမှ ကမ်းလှမ်းမှု ပယ်ဖျက်ခြင်း ခံလိုက်ရသည်။

အင်္ဂလန်တွင် သူ၏ အမည်ဖြင့် ရာဇဝတ်မှု မှတ်တမ်းရှိနေသောကြောင့်ဟု ဆိုသည်။

“မယုံနိုင်လောက်အောင်ပါပဲ။ အလုပ်ခန့်ထားမယ့် ကုမ္ပဏီတွေကို ကျွန်တော်ပြောခဲ့တာက…အဲဒါ မမှန်ကြောင်း၊ ကျွန်တာ် မဟုတ်ကြောင်း၊ အဲဒီအမှုတွေ ဖြစ်ပွားချိန်က ကျွန်တော်ဗြိတိန်မှာ မရှိဘဲ တူနီးရှားနိုင်ငံမှာ ရှိနေတဲ့အကြောင်း၊ ကျွန်တော့်ရဲ့ ပတ်စ်ပို့မှာ ရှိနေတဲ့ တံဆိပ်တုံးတွေက သက်သေပြနိုင်တဲ့ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြောတာက ရဲမှတ်တမ်းကို ကျော်လွန်ပြီး ကျွန်တော့်စကားကို အတည်ယူလို့ မရဘူးလို့ ပြောပါတယ်” ဟု ရာမီက ပြောသည်။

(▲ ရာမီက ဗြိတိန်တွင် မိမိအမည်ဖြင့် ရာဇဝတ်မှုဖြစ်ပွားခဲ့သည်ဆိုသော အချိန်ကာလက မိမိမှာ တူနီးရှားနိုင်ငံတွင် ရှိနေသည့် အထောက်အထားရှိကြောင်း အလုပ်ကမ်းလှမ်းသည့် ကုမ္ပဏီများသို့ ပြောပြခဲ့သည်။ ဓာတ်ပုံ-Supplied)

ရာမီ၏ အမည်ဖြင့် ရာဇဝတ်မှု မှတ်တမ်းမှာ ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့သည်။

သူ၏ မှတ်ပုံတင်ကို အသုံးပြုကာ ပြစ်မှုကျူးလွန်သူတစ်ဦးသည် လိုင်စင်၊ အာမခံ မရှိဘဲ ကားမောင်းမှု၊ လိမ်လည်မှု၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှုတို့အပါအဝင် အမှုပေါင်းများစွာ ကျူးလွန်ခဲ့မှုဖြင့် လန်ဒန်မြို့ရှိ Wood Green Crown တရားရုံးက ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရသည်။

ရာမီက ထိုသို့ ဖြစ်ပွားနေမှုကို ဖြေရှင်းရန်အတွက် ဗြိတိန်တွင် ရှေ့နေတစ်ဦး ငှားရမ်းကာ တရားရုံးတွင် လျှောက်ထားတင်ပြခဲ့သည်။

Wood Green Crown တရားရုံးက ရာမီ၏ တင်ပြချက်ကို လက်ခံခဲ့သော်လည်း ဗြိတိန်ရဲတပ်ဖွဲ့ကမူ ရာမီ၏ အမည်ဖြင့် ရာဇဝတ်မှု မှတ်တမ်းကို ဖျက်သိမ်းပေးရန် သဘောမတူခဲ့ချေ။

ပိုမိုဆိုးရွားသည့်အချက်မှာ နောက် ၁၄ လအကြာတွင် သူ၏ အမည်ဖြင့် ရာဇဝတ်မှုများ ထပ်တိုးလာခဲ့ရာ အများပြည်သူအကြား ဓားတစ်ချောင်းကိုင်ဆောင်ထားမှုလည်း အပါအဝင် ဖြစ်သည်။

“ကျွန်တော် မယုံနိုင်လောက်အောင် ဖြစ်နေပါတယ်။ ဗြိတိန်မှာ ဘာတွေပြဿနာရှိနေလို့လဲလို့ တွေးမိတယ်။ ကျွန်တော်ဟာ ပြစ်မှုကျူးလွန်သူမဟုတ်ဘူး…ကျွန်တော့်ရဲ့ မှတ်ပုံတင်ဟာ အခိုးခံလိုက်ရတယ်ဆိုတဲ့ အချက်တွေကို တရားရုံးက အတည်ပြု လက်ခံထားတယ်။ ဒါတောင်မှ ဘာဖြစ်လို့ ကျွန်တော့်နာမည်ကို ရဲမှတ်တမ်းကနေ ဖျက်မပေးနိုင်တာလဲ။ တကယ့်ကို စိတ်ပျက်မိပါတယ်” ဟု ရာမီက The Guardian သတင်းစာသို့ ပြောသည်။

“ဒီကိစ္စက ကျွန်တော့်ကို ဘဝပျက်စေခဲ့ပါတယ်။ ဘယ်အလုပ်မှ လျှောက်လို့ မရတော့ပါဘူး။ လူကြီးမင်းတို့အနေနဲ့ ကျွန်တော့်ရဲ့ လက်ဗွေ၊ ဆံစ အစရှိတာတွေကို စစ်ဆေးဖို့ လိုအပ်တယ်ဆိုလည်း ကျွန်တော်ပေးပါမယ်။ ကျွန်တော် ဒီအတိုင်းဆက်သွားလို့ မရတော့ပါဘူး။ ဒီရာဇဝတ်မှုတွေ တစ်ခုမှ မကျူးလွန်ခဲ့ပါဘူး” ဟု ရာမီက ဗြိတိန်ရဲတပ်ဖွဲ့ထံ တင်ပြခဲ့သည်။

“ကျွန်တော်တို့ ဒီဖြစ်ရပ်ကို သတိပြုမိပါတယ်။ ဒါကို အတည်ပြုနိုင်ဖို့ တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားပါမယ်။ ဒါနဲ့ ပတ်သက်ပြီး ကာလကြာရှည် စိတ်ပျက်နေရတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် မကြာတော့မယ့် အနာဂတ်မှာ တိုးတက်မှု တစ်ခုခု ပေးနိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု ဗြိတိန်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: German blacklisted and unable to get job after London criminal steals ID Photo Credit-supplied

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service