တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့

တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့ - Property News in Myanmar from iMyanmarHouse.com
13 Mar 2025 9:53 am တွင် တင်ခဲ့သည်
584 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် “ဘဏ်မြေ” ဟု ခေါ်ကြသော မြေကြီးများကို အိတ်အတွင်း ထုတ်ပိုးကာ အွန်လိုင်းဈေးဆိုင် တို့က ရောင်းချပေးနေမှု နာမည်ကြီးနေသည်။

အွန်လိုင်းဈေးဆိုင်တို့က ပြောသည်မှာ ၎င်းတို့ ရောင်းချပေးသော မြေကြီးများမှာ တရုတ်ပြည်ရှိ အထင်ကရဘဏ်ကြီးများ၏ အပြင်ဘက်တွင် တူးဖော်ရယူထားသော မြေကြီးဖြစ်ကြောင်း၊ အဆိုပါမြေမှာ စည်းစိမ်ဥစ္စာပေါကြွယ်ဝစေအောင် ဆောင်ကြဉ်းပေးမည့် ဓနသိဒ္ဓိပြီးကြောင်း ပြောဆိုရောင်းချခြင်း ဖြစ်သည်။

ဘဏ်မြေတစ်အိတ်လျှင် ၈၈၈ ယွမ် (ကန်ဒေါ်လာ ၁၂၀) အထိ ဈေးနှုန်းမြင့်မားစွာ ရောင်းချနေခြင်း ဖြစ်သည်။

လူမှုကွန်ရက်တွင် နာမည်ကြီးနေသော သိဒ္ဒိဝင် ဘဏ်မြေကြီးကို ဘဏ်များရှေ့ သစ်ပင်ပန်းမန်များ စိုက်ပျိုးရာနေရာ၊ ဘဏ်အတွင်း ပန်းအိုးများမှမြေကြီးများကို ရယူထားခြင်းဖြစ်ပြီး ငွေရေစက်များမှ ရသည့် ဖုန်မှုန့်များပင် ပါဝင်သည်ဟု ဆိုသည်။

အွန်လိုင်းဈေးဆိုင်တစ်ခုဆိုလျှင် မြေအမျိုးအစား ၄ မျိုးအထိ ခွဲခြား ရောင်းချသည်။

၎င်းတို့ စုဆောင်းရယူထားသော မြေကြီးများမှာ တရုတ်ဗဟိုဘဏ်၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ ဆောက်လုပ်ရေးဘဏ်နှင့် ဆက်သွယ်ရေးဘဏ်ဟူသော အထင်ကရဘဏ်ကြီး ၅ ခုမှဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အွန်လိုင်းဈေးဆိုင်က ရောင်းချပေးသည့် မြေကြီးများအနက် ဈေးအနည်းဆုံးမှာ ၂၄ ယွမ် (၃ ဒေါ်လာ) ဖြစ်သည်။

“ဒီမြေကြီးတွေက ထိပ်တန်းဘဏ်ကြီး ၅ ခုကနေ ကိုယ်တိုင်သွားရောက် ရယူထားတဲ့ မြေကြီးတွေ ဖြစ်ပါတယ်။ သိပ္ပံနည်းကျ သက်သေမပြနိုင်ပေမယ့် ဒီမြေတွေဟာ ဥစ္စာဓန ပေါကြွယ်ဝစေပြီး မကောင်းတဲ့ အတိတ်နိမိတ် ကံကြမ္မာဆိုးတွေကို ဖယ်ရှားပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်” ဟု အဆိုပါအွန်လိုင်းဈေးဆိုင်၏ အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 

 

(▲ ဘဏ်များ၏ အပြင်ဘက်ရှိ မြေကြီးများကို တူးဆွ ရယူခဲ့ပုံ ဗွီဒီယိုမှတ်တမ်းကို အွန်လိုင်းဈေးဆိုင်တို့က customer များထံ ပေးပို့ သက်သေပြလေ့ရှိသည်။ ဓာတ်ပုံ-Weibo)

 

“ဘဏ်တွေရှေ့က သစ်ပင်ပန်းမန် စိုက်ပျိုးထားတဲ့နေရာတွေက မြေကြီးတွေကို ညဘက်မှာ သွားယူထားတာ ဖြစ်ပါတယ်။ ဘဏ်တစ်ခုတည်းကနေ ယူတာ မဟုတ်ပါဘူး”

အခြား အွန်လိုင်းအရောင်းဆိုင်၏ ကြော်ငြာတွင် ဖော်ပြချက်အရ မြေကြီးကို မွန်းတည့် ၁၂ နာရီတိတိ အချိန်တွင်သာ ရယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

တတိယ အရောင်းဆိုင်ကမူ ၎င်းတို့ရောင်းချပေးသော မြေကြီးမှာ ဓနသိဒ္ဓိအစွမ်းပြမှု ၉၉၉ ဒသမ ၉၉၉ ရာခိုင်နှုန်းရှိသည်ဟု ညွှန်းဆိုထားသည်။

အချို့အွန်လိုင်းအရောင်းဆိုင်တို့က ၎င်းတို့ရောင်းချသော မြေကြီးမှာ အစစ်ဖြစ်ကြောင်း သက်သေပြရန် အလို့ငှာ ဘဏ်ရှေ့မှ မြေကြီးကို တူးယူနေပုံ ဗွီဒီယိုမှတ်တမ်းများ လူမှုကွန်ရက်တွင် တင်ကြသည်။

တစ်ခုသော ဗွီဒီယိုဖိုင်တွင် တွေ့ရသည်မှာ ဘဏ်အဝင်ဝတွင် အမျိုးသားတစ်ဦးသည် မြေကြီးတစ်ပုံး ကိုင်ထားရင်း “ကွမ်တုံပြည်နယ်က သူဌေးလျူခင်ဗျာ….လူကြီးမင်းမှာယူထားတဲ့ မြေကြီး ဒီမှာ ရပါပြီ” ဟု ပြောဆိုနေပုံကို တွေ့ရသည်။

အခြားသော ဗွီဒီယိုဖိုင်တစ်ခုထဲတွင်လည်း အမျိုးသားတစ်ဦးက “ပေကျင်းမြို့က အစ်ကို ၀၈၆၃ ခင်ဗျာ…အခု ကျွန်တော် အစ်ကို့အတွက် ဘဏ်မြေကြီး တူးနေပါပြီ” ဟု ပြောဆိုနေသည်ကို တွေ့ရသည်။

ထို့နောက် ၎င်းက ဇွန်းတစ်ချောင်းဖြင့် မြေကြီးကို ကော်ယူကာ ရွှေရောင်ပန်းကန်ပြားငယ်တစ်ခုပေါ်သို့ တင်နေသည်ကို တွေ့ရသည်။

ရွှေရောင်ပန်းကန်ပြား များစွာတွင် စက္ကူစလစ်ပြားငယ်များ တွေ့ရပြီး ဓနသိဒ္ဓိဝင် မြေကြီးမှာယူသူတို့၏ အမည်နှင့် ဆက်သွယ်ရမည့် အချက်အလက်များ ရေးသားထားသည်။

Zejin Law Firm မှ ရှေ့နေတစ်ဦးဖြစ်သူ ဖူကျန်းက Red Star News သတင်းဌာနသို့ ပြောသည်မှာ မြေကြီးရောင်းချသူများအနေဖြင့် ဘဏ်မှရယူသောမြေကြီးဟုပြောပြီး အခြားနေရာမှ မြေကြီးများကို ရောင်းလျှင် လိမ်လည်မှုမြောက်ကြောင်း ပြောသည်။

ထိုသို့ဖြစ်ပွားပါက customer များအနေဖြင့် ငွေပြန်တောင်းခွင့်ရှိကြောင်းလည်း ဖူကျန်းက ပြောသည်။

 

 

(▲ တရုတ်ပြည်တွင် ရှေ့ဖြစ်ဟောခြင်းများမှာ အထူးနာမည်ကျော်သည်။ သို့သော် ဘဏ်ရှေ့မှ မြေကြီးများကို ဝယ်ယူနေမှုမှာ တမူထူးနေသည်။ ဓာတ်ပုံ-Shutterstock)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China online shops sell ‘bank soil’ from top institutions for US$120, claims it brings wealth Photo Credit-Shutterstock,

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service