တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ် - Property News in Myanmar from iMyanmarHouse.com
27 Feb 2025 11:43 am တွင် တင်ခဲ့သည်
408 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက အချိန်အတိအကျသတ်မှတ်ကာ ယင်းအချိန်ကာလအတွင်းတွင်သာ အိမ်သာတက်ရမည်ဟူသော စည်းကမ်းချမှတ်လာသည့်အကြောင်းရပ်မှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေသည်။

ယခုစည်းကမ်းထုတ်ခဲ့ခြင်းမှာ တရုတ်ရိုးရာ ရှေးဟောင်းဆေးကျမ်းများနှင့်အညီဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

တရုတ်ပြည်၊ ကွမ်တုံပြည်နယ်၊ ဖိုရှန်မြို့တွင် ညီနောင်သုံးဖော် (Three Brothers) အမည်ရှိ စက်ယန္တရား ထုတ်လုပ်ရေးကုမ္ပဏီက စည်းကမ်းထိန်းသိမ်းရန်၊ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် မှန်ကန်သော လုပ်ငန်းခွင်စိတ်ထားရှိစေရန်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ ရက်တွင် အိမ်သာအသုံးပြုမှု စီမံခန့်ခွဲရေးစည်းမျဉ်းကို ထုတ်ပြန်ခဲ့သည်။

“အဝါရောင်ဧကရာဇ်၏ ခန္ဓာဗေဒကျမ်း” (တရုတ်ဘာသာအားဖြင့် ဟွမ်တိ နိကျီန်) ဟုခေါ်သည့် ရှေးဟောင်းဆေးကျမ်းတစ်ခုကို ကုမ္ပဏီက ရည်ညွှန်း ပြောဆိုသည်။

(မှတ်ချက်။ iMyanmarHouse.com ၏ လေ့လာချက်အရ ဟွမ်တိ နိကျီန်သည် တရုတ်ရိုးရာ တိုင်းရင်းဆေး၏ မူလဘူတဟုဆိုနိုင်ပြီး စာပေဖြင့် ရေးသားဖော်ပြသည့် ဆေးကျမ်းများတွင် အစောဆုံးဖြစ်သည်ဟု ယူဆရသည်။ ခရစ်တော်မပေါ်မီ ၄၇၅ နှစ်မှ ၂၂၁ နှစ်အကြား ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ထိုဆေးကျမ်းတွင် ဆုဝမ်နှင့် လင်ရှုဟူ၍ အခန်း ၂ ခန်းခွဲထားသည်။ ချီဓာတ်၊ ယင်ယန်သဘောတရား၊ ဓာတ်ကြီး ၅ ပါး၊ ကျန်းဖူ အင်္ဂါ ၆ ပါးတည်းဟူသော နှလုံး၊ အသည်း၊ သရက်ရွက် ၊ အဆုတ်၊ ကျောက်ကပ်နှင့် အစာအိမ်တို့အကြောင်း ဖော်ပြထားသည်။ထို့အပြင် ကျန်းမာရေးအတွက် အရေးကြီးသော လမ်းညွှန်ချက်များလည်း ဆေးကျမ်းတွင် ပါဝင်ရာ အသီးအရွက် များများစားရန်၊ အိပ်ရေးဝဝအိပ်ရန်နှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ရန်ဟူသော အကြံပြုချက်များ ပါဝင်သည်))

 

 

ကုမ္ပဏီတွင် ယခုစည်းမျဉ်းချမှတ်ရခြင်းမှာ ဝန်ထမ်းများ၏ ကျန်းမာရေးအတွက်ဖြစ်ကြောင်း ညီနောင်သုံးဖော်က ထုတ်ပြန်သည်။

ကုမ္ပဏီ၏ မူဝါဒအရ ဝန်ထမ်းများအနေဖြင့် အိမ်သာကို မနက် ၈ နာရီမတိုင်မီ၊ မနက် ၁၀း ၃၀ မှ ၁၀း၄၀ ၊ မွန်းတည့် ၁၂ နာရီမှ ၁း၃၀ ကြား၊ နေ့လယ် ၃း၃၀ မှ ၃း၄၀၊ ညနေ ၅း၃၀ မှ ၆ နာရီကြား အသုံးပြုနိုင်သည်ဟု ဆိုသည်။ အချိန်ပိုဆင်းရသည့် ဝန်ထမ်းများအနေဖြင့် ည ၉ နာရီနောက်ပိုင်း အိမ်သာကို အသုံးပြုနိုင်သည်ဟု ဆိုသည်။

အထက်ပါ သတ်မှတ်ချိန်များတွင်မဟုတ်ဘဲ အရေးပေါ် အပေါ့သွားလိုပါက သွားနိုင်သော်လည်း အိမ်သာကို ၂ မိနစ်သာ အသုံးပြုရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

(ဝန်ထမ်းများအနေဖြင့် သတ်မှတ်အချိန် အပိုင်းအခြား၏ ပြင်ပတွင် အိမ်သာကို အသုံးပြုနိုင်သော်လည်း ၂ မိနစ်သာ အသုံးပြုရန် သတ်မှတ်ထားသည်။ ဓာတ်ပုံ-Shutterstock)

ကန့်သတ်ထားသော အချိန်ကာလအတွင်း အိမ်သာအသုံးပြုရန် ခန္ဓာကိုယ်လိုအပ်ချက် အထူးရှိသော ဝန်ထမ်းများအနေဖြင့် HR ဌာနတွင် ခွင့်ပြုချက်တောင်းခံကာ အသုံးပြုနိုင်သော်လည်း အိမ်သာသုံးစွဲသည့်ကာလအတွက် လစာဖြတ်တောက်ခံရမည် ဖြစ်သည်။

အထက်ပါ စည်းမျဉ်းအတွက် စောင့်ကြည်ကင်မရာများဖြင့် စောင့်ကြည့်ထားမည်ဖြစ်ပြီး စည်းကမ်းချိုးဖောက်သူများကို ယွမ်ငွေ ၁၀၀ ဒဏ်ငွေချမှတ်မည်ဟု ဆိုသည်။

ဖေဖော်ဝါရီလကုန်အထိ အစမ်းကာလအဖြစ် အဆိုပါစည်းမျဉ်းကို စမ်းသပ်ထားပြီး မတ်လ ၁ ရက်မှ စတင်ကာ တရားဝင်အကောင်အထည်ဖော်မည်ဟုဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China firm enforces 2-minute toilet breaks and specific time slots based on ancient text

Photo Credit-Shutterstock

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service