အိမ်ခြံမြေအရေး သိလိုရာမေး

အိမ်ခြံမြေအရေး သိလိုရာမေး - Property Knowledge in Myanmar from iMyanmarHouse.com
23 Feb 2025 3:53 pm တွင် တင်ခဲ့သည်
405 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အားလုံးစောင့်မျှော်နေကြတဲ့ အပတ်စဉ်တင်ဆက်ပေးနေကြ အိမ်ခြံမြေ အမေးအဖြေ ကဏ္ဍလေးကတော့ ရောက်ရှိလို့လာပါပြီ ဘယ်သူတွေက ဘာတွေမေးထားလဲ ဆိုတာကိုဗဟုသုတရဖွယ် အောက်တွင် 👇👇 ဖတ်ရှုလေ့လာလိုက်ပါ ချစ်သောလေးတို့....

 

⚖️မေးခွန်း (၁) - စားကျက်မြေက လယ်ယာမြေထဲမှာ ပါဝင်ပါသလား။ တရားဝင်လူနေထိုင်ခွင့်ရအောင် ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ။

စားကျက်မြေဆိုသည်မှာ ကျွဲနွားများမှီတင်းနေထို်ငရာ အရပ်ဒေသဖြစ်ပြီး လယ်ယာမြေထဲတွင် မပါဝင်ပါ။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တိုက်ရိုက်ကြီးကြပ်ကာ ကျေးရွာများမှာ အသုံးပြုရန် စာကျက်မြေမှတ် တမ်းများလဲ ထားရှိပါသည်။ စားကျက်မြေမှာ ကျေးရွာဘုံမြေအဖြစ် အများအသုံးပြုခွင့်ရှိပါသည်။ စားကျက်မြေ မြေအား ကျူးကျော်လျှင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ကော်လိတ္တော်အရာရှိတို့က အမှုတွဲဖွင့်လှစ် အရေးယူ ခြင်းခံရမည်ဖြစ်ပါသည်။ စားကျက်မြေအား အများပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးအတွက် လိုအပ်လျှင် နီးစပ်ရာ ကျေးရွာမှလဲ စားကျက်မြေအဖြစ် အသုံးပြုမှုနည်းပါးလျှင် စားကျက်မြေကို နုတ်ပယ်ခြင်းပြုရန် ပယ်ဖျက်ရန် ခိုင်လုံမှုရှိလျှင် ကော်လိတ်တော်အရှိမှ အမှုဖွင့်လှစ် ဆောင်ရွက်ခြင်းပြုနိုင်ပါသည်။ မြေခွန်ဆိုင်ရာ သတ်မှတ်သည့်အခါတွင်လဲ အခွန်တော်အက်ဥပဒေပုဒ်မ-၂၀ နှင့်အညီ အောက်မြန်မာ ပြည်မြေနှင့် အခွန်ဆော် နည်းဥပဒေ- ၆၆ မှ ၇၁၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော်စည်းမျဉ်း အပိုဒ်-၂၆(၁)(ဂ)၊ အထက် မြန်မာပြည် မြေနှင့် အခွန်တော် နည်းဥပဒေ-၇၅ မှ ၇၉၊ မြေနှင့် အခွန်ဆော် အမိန့်ဆင့်ဆိုချက် ၉၀မှ ၁၀၈၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲအပိုဒ် - ၉၁၆မှ ၉၂၈ ထိ ဥပဒေအချက်အလက် စည်းမျဉ်း၊ စည်းကမ်း များအား လိုက်နာဆောင်ရွက်ရပါသည်။

စားကျက်မြေမှာ မြေလွှတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအရ မြေရိုင်းအမျိုးအစားဖြစ်ပြီး ကျေးရွာအတွင်း ရှိသူများမှာ စိုက်ပျိုးမြေအဖြစ်ပြောင်းလဲလိုသည့်အခါ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေနှင့်အညီ လျှောက်ထားမှု ပြုရမည် ဖြစ်ပါသည်။ လျှောက်ထားသူမှာ အာမခံကြေးပေးသွင်းရမည်ဖြစ်ပါသည်။ မိသားစု တစ်နိုင်တစ်ပိုင် စီးပွှားရေး လုပ်ဆောင်လိုပါက မြေလွတ်၊ မြေရိုင်းကို နှစ်(၃၀)လျှင်တစ်ကြိမ် ဧက(၅၀)ထိ ခွင့်ပြုချက်ထုတ်ပေးနိုင်ပါသည်။ တရားဝင် ခွင့်ပြုချက် လျှောက်ထားရယူခြင်းမရှိဘဲ စားကျက်မြေကို တရားမဝင် အသုံးပြုခြင်း၊ ကျုးကျော်နေထိုင်ခြင်း ဆောင်ရွက်မရပါဘူး။ ကျူးကျော်မှုပြုလျှင် နည်းဥပဒေ-၅၂ နှင့်အညီ ဖယ်ရှားမှုပြုခံရ မည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၂) - တိုက်ခန်းကိုဝယ်ဖို့ စရန်ပေးပြီးရင် ထပ်မံပြန်ရောင်းလို့ရပါသလား။

စရန်ငွေပေးချေခြင်းအတွက် ပဋိညာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက ပဋိညာဉ်ဥပဒေနှင့်အညီ ရောင်းသူဝယ်သူ ဆက် လက် ဆောင်ရွက်ရပါမည်။ ရောင်းချသူမှ စရန်စာချုပ်ပါအတိုင်း သတ်မှတ်နေ့ရက်တွင် ကျန်ငွေအား လက်ခံရယူရန် တာဝန်ရှိပြီး ဝယ်ယူသူမှာလဲ စာချုပ်ပါအတိုင်း သတ်မှတ်နေ့ရက်တွင် ကျန်ငွေမပေးချေနိုင်ပါက စရန်ငွေအဆုံးရှုံးခံ ရမည်ဆိုသော အပြန်အလှန်လိုက်နာရမည် စည်းကမ်းချက်ရှိပါသည်။

စရန်ပေးစာချုပ်တွင် ရောင်းသူမှ တိုက်ခန်းအား လွှဲပြောင်းရောင်းချရန် ပျက်ကွက်လျှင် စရန်ငွေ(၂)ဆ ပေးအပ် ရန် ဝန်ခံကတိပြုထားပါက ထိုကတိပြုချက်အတိုင်း ဝယ်သူကို ပေးချေပြီးမှ ထပ်မံရောင်းချခြင်းပြုနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် ပဋိဉာဉ်ဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအရ ရောင်းသူလိုက်နာရန် စည်းကမ်းချက် တာဝန်၊ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

-ရောင်းသူ ဥပစာတွင် ချို့ယွင်းချက်တစ်စုံတစ်ရာရှိလျှင် ထုတ်ဖော်ပြောရမည်။

-ချို့ယွင်းချက်များအား ကိုယ်တိုင်ပြုပြင်ဆောင်ရွက်ပေးရန်လဲ လိုပါသည်။ -ရောင်းသူမှ မိမိအရောင်းအဝယ်ပြုသောပစ္စည်းအား ထိန်ချန်ထားခြင်းရှိလျှင် လိမ်လည်ရောက်ပါသည်။

- အခွန်အခများ၊ ကြွေးမြီများအားလဲ ရောင်းသူမှ ကြွေးကျန်မရှိ ပေးချေရန် တာဝန်ရှိပါသည်။

- ရောင်းသူမှ အမှန်တကယ်ရောင်းချပိုင်ခွင့်ရှိသော တရားဝင်ပိုင်ဆိုင်မှုရှိကြောင်း ဝန်ခံမှုရှိရမည်။

- ဝယ်ယူသူမေးမြန်းမှုများအား ရောင်းချသူမှ ဖြေကြားပေးရန် တာဝန်ရှိသည်။

- တန်ဖိုးငွေကြေပါက ပိုင်ဆိုင်မှု အထောက်အထားစာချုပ်စာတမ်းများကို ဝယ်သူ လက်ဝယ်တွင်းပေးအပ်ရမည်။

- ရောင်းဝယ်ရာတွင် တရားဝင်ဆောင်ရွက်နိုင်ရန် ရောင်းသူက တာဝန်ယူဆောင်ရွက်ပေးရပါမည်။

- ရောင်းသူမှာ ပိုင်ဆိုင်ခွင့်ဝယ်ယူသူထံ ပြောင်းသွားသည့်အချိန်ထိ ပစ္စည်းပေါ်တွင် ငှားရမ်းခအမြတ်အစွန်းရှိက ရယူပိုင်ခွင့်ရှိကြောင်း ဖြေဆိုပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၃) - မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုင်ရာ စာချုပ်စာတမ်းများ မှတ်ပုံတင်ဖို့ လိုအပ်ပါသလား။

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ-၁၆အရ အောက်ပါစာချုပ်စာတမ်းများကို မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် သတ်မှတ်နိုင်ပါသည်။

(၁) မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အပိုင်ပေးသည့်စာချုပ်စာတမ်းများ၊

(၂) မရွှေ့မပြောင်းနိုင်သာပစ္စည်းနှင့် ဆက်စပ်၍ တန်ဖိုးငွေ(၁)သိန်းနှင့်အထက်ရှိသည့်ပစ္စည်းများ ရောင်းချခြင်းဆိုင်ရာ ဆိုင်ခွင့် အကျိုးစီးပွားတစ်စုံဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ ခိုင်မာစေရန်ပြုလုပ်သည့် သေတမ်းစာ မဟုတ်သော စာချုပ်စာတမ်းများ နှင့်စီရင်ချက်၊ ဒီကရီ၊အမိန့်။

(၃) တန်ဖိုးငွေ (၁)သိန်းနှင့်အထက်ရှိသော ပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတပါး နှင့် ပေါင်နှံခြင်းကို ဖျက်သိမ်းသောစာချုပ်များ။

(၄) မရွှေ့မပြောင်းနိုင်သာပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များ။

(၅) ကုမ္ပဏီအသင်းအဖွဲ့က မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်ခွင့်အားလုံးကိုဖြစ်စေ တချို့ကိုဖြစ်စေ ပေါင်နှံခြင်း၊ပေးအပ်ခြင်း၊လွှဲပြောင်းခြင်းပြုသည့်စာချုပ်စာတမ်းများ။

(၆) ကိတ္ထိမသားသမီးမွေးစားခြင်းစာချုပ်များ။

(၇) နိုင်ငံတော်အစိုးရက အခါအားလျော်စွာသတ်မှတ်သည့်စာချုပ်စာတမ်းများအား မှတ်ပုံမတင် မနေရ စာချုပ်စာတမ်းအဖြစ် သတ်မှတ်ထားပါသည်။

ပုဒ်မ-၁၆ အရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများကို မှတ်ပုံတင်ခြင်းမပြုလျှင် ပုဒ်မ-၄၈ အရ မရွှေ့မပြောင်း နိုင်သော ပစ္စည်းများကို လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်းတို့သည် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

ထို့ပြင် ပဋိဉာဉ်ဥပဒေအရ စာချုပ်တစ်စောင်ခိုင်မာစေရန်မှာ အောက်ပါအချက်များနှင့် ကိုက်ညီရန်လဲ လိုအပ်ပါသည်။ ပဋိဉာဉ်ပြုလုပ်နိုင်သူ၊ လွတ်လပ်သောသဘောဆန္ဒ၊ ဥပ‌ဒေနှင့် မဆန့်ကျင်သော အဖိုးစားနား၊ ပဋိဉာဉ်ပြုလုပ် သူတို့၏ ရည်ရွယ်ချက်မှာလဲ ဥပဒေနှင့် ညီညွှတ်ရန်လဲ လိုအပ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service