တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမျိုးများထံမှ ယွမ် ၁၂ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၆ သန်း) လိမ်လည်ခဲ့သည့် ဖြစ်ပုံ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမျိုးများထံမှ ယွမ် ၁၂ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၆ သန်း) လိမ်လည်ခဲ့သည့် ဖြစ်ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
12 Feb 2025 11:38 am တွင် တင်ခဲ့သည်
1419 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

တရုတ်ပြည် ရှန်ဟိုင်းမြို့နေ အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးကို ချမ်းသာကြွယ်ဝသော အိမ်ခြံမြေ လုပ်ငန်းရှင်အဖြစ် ဟန်ဆောင်စေပြီး ဟန်ဆောင်လက်ထပ်ခဲ့သည်။

ထို့နောက် ဆွေမျိုးများအား နေအိမ်များ ကာလပေါက်ဈေးအောက် ဈေးသက်သာစွာ ဝယ်ယူပေးမည်ဟုဆိုကာ ယွမ် ၁၂ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၆ သန်း) လိမ်လည်ရယူသွားခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ ပြည်မကြီး လူမှုကွန်ရက် သုံးစွဲသူများကို တုန်လှုပ်စေခဲ့သည်။

မန်အမည်ရှိ အသက် ၄၀ အရွယ် အမျိုးသမီးသည် သူမ လုပ်ကိုင်နေသော အိမ်ခြံမြေ အေဂျင်စီ လုပ်ငန်းငယ်တစ်ခု မအောင်မြင်ကာ ၂၀၁၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရပြီးနောက်ပ်ိုင်း ဆွေမျိုးများကို လိမ်လည်ရန် အစီအစဉ်တစ်ခု လုပ်ဆောင်ခဲ့ကြောင်း Shanghai TV သတင်းဌာနက ဖော်ပြသည်။

မန်သည် ကားကြုံစီးရင်း သိကျွမ်းသော ယာဉ်မောင်းတစ်ဦးကို ဟန်ဆောင်လက်ထပ်ရန် ကမ်းလှမ်းခဲ့သည်။

လက်ထပ်ရမည့်အရွယ် ရောက်နေပြီဖြစ်သောကြောင့် မိဘများက အတင်းအကျပ် လက်ထပ်ခိုင်းနေသဖြင့် အကူအညီတောင်းရခြင်းဖြစ်ကြောင်း ယာဉ်မောင်းအား ပြောခဲ့သည်။

ကျန်းအမည်ရှိ အဆိုပါ ယာဉ်မောင်းတွင် အိမ်ထောင်ရှိသည်။

ကျန်းက နာမည်တုဖြင့် ဟန်ဆောင်လက်ထပ်ရန် သဘောတူခဲ့သည်။

ယင်းနောက်ပိုင်း မန်က ဆွေမျိုးများကို အယုံသွင်းသည်မှာ ကျန်းသည် ဆောက်လုပ်ရေး စီမံကိန်းကြီးများစွာ ဆောက်လုပ်ခဲ့သူဖြစ်ကြောင်း၊ နေအိမ်သစ်များကို ဈေးသက်သာစွာဖြင့် ဝယ်ယူပေးနိုင်သည့် အဆက်အသွယ် များ ရှိကြောင်း ပြောခဲ့သည်။

 

 

(လိမ်လည်မှုတွင် ပါဝင်သူများအားလုံး ထိန်းသိမ်းခံခဲ့ရပြီးနောက် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ဓာတ်ပုံ-QQ.com)

မန်သည် ယွမ် တစ်သန်း (ကန်ဒေါ်လာ ၁၃၇၀၀၀) တန်ကြေးရှိ တိုက်ခန်းငယ်တစ်ခန်း ဝယ်ယူပြီးနောက် ဝမ်းကွဲဆွေမျိုး အစ်ကိုတစ်ဦးကို ထက်ဝက်ဈေးဖြင့် ရောင်းပေးလိုက်သည်။

ထို့နောက် ထိုဝမ်းကွဲအစ်ကိုအား နေအိမ်ဝယ်ယူရာတွင် ပေါက်ဈေးအောက် ထက်ဝက်သာ ပေးရကြောင်း ဆွေမျိုးများကို လိမ်ပြောပေးရန် အကူအညီတောင်းခဲ့သည်။

ထို့နောက် မန်က ဆွေမျိုးများကို အိမ်ရာသစ် အရောင်းပြခန်းများသို့ ခေါ်သွားကာ ၁ စတုရန်းမီတာလျှင် ယွမ် ၅၀၀၀ (ကန်ဒေါ်လာ ၇၀၀) ခန့် ဈေးသက်သာစေရန် ပြောပေးနိုင်ကြောင်း၊ ပေါက်ဈေးအောက် ၂၀ ရာခိုင်နှုန်းခန့် ဈေးသက်သာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဆွေမျိုး အနည်းဆုံး ၅ ဦးခန့်မှာ မန်၏ ထောင်ချောက်ထဲသို့ သက်ဆင်းခဲ့ပြီး လူနေခန်းများ ဝယ်ယူရန်အတွက် မန်အား ငွေများစွာ ထုတ်ပေးခဲ့ကြသည်။

အချို့ဆိုလျှင် ပိုမိုကောင်းမွန်သော လူနေခန်းသို့ ပြောင်းလိုသောကြောင့် လက်ရှိနေထိုင်သောအခန်းကို ရောင်းချခဲ့ကြသည်။

မန်သည် နှစ်အနည်းငယ်ခန့် ဝေ့လည်ကြောင်ပတ်လုပ်နေပြီး လျှော့ဈေးရရန် အချိန်စောင့်ရမည်ဟု ဆင်ခြေပေးထားခဲ့သည်။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင်မူ ဆွေမျိုးများကို တိုက်ခန်းများငှားပေးခဲ့ပြီး အဆိုပါအခန်းများမှာ ၎င်းတို့ ပိုင်ဆိုင်သည့်အခန်းများ ဖြစ်သည်ဟု လိမ်ပြောခဲ့သည်။

 

 

(ဆွေမျိုးများကို လိမ်လည်နိုင်ရန်အတွက် မင်္ဂလာပွဲအတုတစ်ခု ကျင်းပခဲ့သည်။ ဓာတ်ပုံ-Shutterstock)

 

မန်က အခန်းပိုင်ဆိုင်မှုစာရွက်စာတမ်းများ မပေးခြင်းနှင့် စပ်လျဉ်းပြီး ဆွေမျိုးများကို ပြောထားသည်မှာ လျှော့ဈေးပေးထားသောအခန်းများအတွက် စာရွက်စာတမ်းများ လတ်တလော မရနိုင်သေးကြောင်း ပြောထားသည်။

နောက်ပိုင်းတွင် ဆွေမျိုးထဲမှတစ်ဦးက အဆောက်အအုံ၏ မူရင်း developer ထံသွားရောက်စုံစမ်း သောအခါတွင်မှ ထိုအခန်းမှာ မိမိတို့ ပိုင်ဆိုင်ခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။

မန်၏ လိမ်လည်ခံရသော ဆွေမျိုးဝမ်းကွဲတစ်ဦးဆိုလျှင် ယွမ် ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀၀) ခန့်အထိ သုံးစွဲကာ နေအိမ်ကို မွမ်းမံခြင်း၊ ပရိဘောဂဖြည့်သွင်းခြင်းများပင် ပြုလုပ်ခဲ့သေးသည်။

တရားရုံးက မန်အား ထောင်ဒဏ် ၁၂ နှစ် ၆ လ ချမှတ်ခဲ့သည်။

ခင်ပွန်းတုအဖြစ် ဟန်ဆောင်ပေးသော ယာဉ်မောင်းမှာ ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရသည်။

နေအိမ်ခန်းများကို ငှားရမ်းရာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သောကြောင့် ဖြစ်သည်။

အခြားဆွေမျိုးများကို လိမ်ပြောပေးသော ဝမ်းကွဲအစ်ကိုတစ်ဦးမှာမူ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China woman stages sham wedding with ‘rich’ man, scams relatives out / US$1.6 million Photo Credit-Shutterstock, QQ.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service