နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွားလို့ စွန့်ပစ်ခံထားရတဲ့ မိုးမျှော်တိုက်ကြီး

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွားလို့ စွန့်ပစ်ခံထားရတဲ့ မိုးမျှော်တိုက်ကြီး - Property Knowledge in Myanmar from iMyanmarHouse.com
7 Feb 2025 11:11 am တွင် တင်ခဲ့သည်
1327 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးအကြီးဆုံးနေရာများ၌ တစ်ခုအပါအဝင်ဖြစ်သော နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်တွင် ၆၇၀ ပေ မြင့်မားသော မိုးမျှော်တိုက်ကြီးကို luxury living အား အဓိပ္ပာယ်ဖွင့်ဆိုပေးမည့် အဆောက်အအုံကြီးတစ်ခုအဖြစ် မျှော်ရည်ကာ ဆောက်လုပ်ခဲ့သော်လည်း ဆောက်လက်စတန်းလန်းဖြင့် စွန့်ပစ်ခံလိုက်ရသည်။

နယူးယောက်မြို့လယ် ဘဏ္ဍာရေးရပ်ကွက်ကို စီးမိုးတွေ့မြင်ရမည့် မိုးမျှော်တိုက်ကြီးကို Tower 1 Seaport ဟု အမည်ပေးထားပြီး မှန်သားအတိပြီးသည့် လူနေ အထပ်မြင့်အဆောက်အအုံကြီးဖြစ်ကာ အထပ်ပေါင်း ၆၀ ပါဝင်သည်။

Tower 1 Seaport ၏ ပြဿနာကြီးမှာ စတင် တိမ်းစောင်းစပြုလာနေခြင်း ဖြစ်သည်။

အဆောက်အအုံကြီး ဆောက်လုပ်နေမှု အမြင့်ပေ ၆၇၀ သို့ အရောက်တွင် developer တို့မှာ ခြောက်ခြားဖွယ် လွဲချော်မှုကြီးကို စတင်သတိပြုမိခဲ့သည်။

အဆောက်အအုံ မြောက်ဘက်ရှိ ဆလပ်ပြားစွန်းမှာ ၈ လက်မခန့်အထိ စောင်းနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ရှိမှုကြောင့် Fortis Property Group ၏ high-profile စီမံကိန်းကြီး နိဂုံးချုပ်စေခဲ့သည်။

နယူးယောက်၏ နှလုံးသည်းပွတ်ဖြစ်လာစေရန် ရည်မှန်းခဲ့သည့် စီမံကိန်းကြီးမှာ အင်ဂျင်နီယာ ဖြတ်လမ်းလိုက်မှု၊ အတွက်အချက်မှားယွင်းမှုတို့ကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရသည့် ကြေကွဲဖွယ် ပြယုဂ်တစ်ခု ဖြစ်လာသည်။

((အထိနာစေခဲ့သည့် အားနည်းချက်- Tower 1 Seaport အဆောက်အအုံကြီးအောက်ခံ မြေသား))

မန်ဟက်တန်အရပ်မှ မိုးမျှော်တိုက်တို့သည် အထပ်မြင့် အဆောက်အအုံများအတွက် အထူးသင့်တော်သော အောက်ခံကျောက်သားအမာလွှာပေါ်တွင် ဆောက်လုပ်ထားကြခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် မိုးမျှော်တိုက်များကို အောက်ခံ အမာခံ ကျောက်လွှာသို့ ရောက်သည်အထိ pile နက်နက် စိုက်ထားပြီး သံမဏိချောင်းတို့၏ ထောက်မမှုဖြင့် ဖောင်ဒေးရှင်း အခိုင်အမာယူကာ ဆောက်လုပ်ကြသည်။

ပုံမှန်အားဖြင့် မြေအောက် ၁၅ မီတာအနက်အထိ pile ချလေ့ရှိသည်။

သို့သော် Maiden Lane တွင်ရှိသော Tower 1 Seaport အဆောက်အအုံကြီး ဆောက်လုပ်သည့် မြေကွက်နေရာမှာ ပုံမှန်မြေမျိုး မဟုတ်ချေ။

 

 

(Tower 1 Seaport အဆောက်အအုံကြီး။ ဓာတ်ပုံ-Wikimedia Commons)

 

အဆိုပါနေရာသည် ရှေးယခင် ၁၇ ရာစုခန့်က ဒတ်ချ်တို့ နယ်ချဲ့ကာ အခြေချခဲ့သော ဒေသတစ်ခု ဖြစ်၏။

ဒတ်ချ်တို့သည် မန်ဟက်တန်ရှိ ကမ်းခြေနေရာကို ကျောက်တုံးများ၊ သဲများဖို့ကာ မြေနေရာချဲ့ထွင်ခဲ့ကြသည်။

ရေထဲသို့ အမှိုက်များဖို့၍ပင် မြေချဲ့ကြသည်။

Tower 1 Seaport အဆောက်အအုံကြီး ဆောက်လုပ်ထားသည့်နေရာသည် ရှေးယခင်က ဒတ်ချ်တို့ လုပ်ဆောင်ခဲ့သော ဖို့ထားသော မြေများ၊ သင်္ဘောပျက်အစိတ်အပိုင်းများ၊ စိမ့်မြေရှိခဲ့သည့်နေရာဖြစ်ကာ အောက်ခံမှာ သဲပျော့အလွှာသာဖြစ်သည်။

အောက်ခံမြေအမာမှာ မြေအောက် မီတာ ၅၀ အနက်တွင်သာ ရှိသည်။

ထိုသို့ မြေအနေအထားမကောင်းသော်လည်း နည်းမှန်လမ်းမှန်သာ ဆောက်လုပ်မည်ဆိုပါက မိုးမျှော်တိုက်ကြီးတစ်လုံး ခိုင်ခိုင်မာမာ ဆောက်လုပ်ရန် ဖြစ်နိုင်သည်။

ရာစုနှစ်တစ်ခုခန့်အတွင်း နယူးယောက်တွင် ဆောက်လုပ်ခဲ့သော မိုးမျှော်တိုက်တို့မှာ အောက်ခံမြေမာအလွှာအထိ သံမဏိ pile များ နက်နက်သွင်းကာ ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် pile ရိုက်သွင်းခြင်းများမှာ ဥပဒေကြောင်း ရင်ဆိုင်နေရဆဲ ပြဿနာ အရှုပ်အထွေးများစွာ ရှိနေခြင်းကြောင့် Fortis Property Group က Tower 1 Seaport ကို ဆောက်လုပ်ရာတွင် အကုန်အကျသက်သာသော Soil improvement ဟုခေါ်သည့် နည်းစနစ်ကို သုံးခဲ့သည်။

အောက်ခံမြေမာအထိ pile မသွင်းဘဲ မြေပျော့လွှာအတွင်း ကွန်ကရစ်များ လောင်းထည့်ခဲ့ခြင်း ဖြစ်သည်။

ထိုနည်းလမ်းဖြင့် လုပ်ဆောင်သောကြောင့် ဒေါ်လာ ၅၆ သန်းခန့် အကုန်အကျ သက်သာခဲ့သည်။

ထိုသို့ ဖောင်ဒေးရှင်းမခိုင်ဘဲ ဆောက်လုပ်သောကြောင့် အဆောက်အအုံကြီးမှာ သိသိသာသာ စောင်းနေသည်ကို သတိပြုမိချိန်ရောက်သည့်တိုင် ဆောက်လုပ်မှု မရပ်တန့်ဘဲ ဆက်လုပ်အကောင်အထည်ဖော်ခဲ့သည်။

Developer တို့က အပေါ်တွင် ဆက်လက်ဆောက်လုပ်သည့်အထပ်များကို ဆန့်ကျင်ဘက် လားရာသို့ ပြန်တည့်မတ်ကာ ဆောက်လုပ်ခဲ့ကြသည်။

ထိုသို့လုပ်ဆောင်သော်လည်း အလုပ်မဖြစ်ခဲ့ဘဲ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် တရားစွဲခံရမှုများ ရင်ဆိုင်ခဲ့ရပြီး စီမံကိန်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြသည်။

ယနေ့အခါတွင် Tower 1 Seaport အဆောက်အအုံကြီးမှာ ငှက်ပျောသီးတစ်လုံးအသွင် ကွေးကောက်ကောက်ဖြင့် ဆောက်လက်စတန်းလန်း အခြေအနေဖြင့် စွန့်ပစ်ခံထားရတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: New York’s ‘Tower of Pisa’: 200-meter skyscraper left twisted in the middle of Manhattan

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုများရှိ တရားဝင်ကိုယ်စားလှယ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများရှိ တရားဝင်ကိုယ်စားလှယ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service