ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ် - Property News in Myanmar from iMyanmarHouse.com
10 Jan 2025 11:25 am တွင် တင်ခဲ့သည်
938 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် အိမ်ငှားဖြစ်သူက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်ခဲ့သည်။

ရာသီဥတု အလွန်အေးသော ပြင်သစ် ဆောင်းတွင်းတွင် တံခါးများ ဖြုတ်ထားသောကြောင့် အိမ်ငှားများ နေမရဘဲ ထွက်သွားစေရန် အိမ်ရှင်က ကြိုးပမ်းခြင်းလည်း ဖြစ်သည်။

ပြင်သစ်အပါအဝင် ဥရောပ နိုင်ငံများစွာတွင် အိမ်ငှားများ အိမ်လခ မပေးသည့်တိုင် ဆောင်းတွင်း ကာလများတွင် အိမ်ရှင်က နှင်ထုတ်ခွင့် မရှိချေ။

သို့သော် ပြင်သစ်နိုင်ငံမြောက်ပိုင်း Pas-de-Calais ဒေသတွင် နေထိုင်သော အိမ်ရှင်က ဥပဒေကို လက်တစ်လုံးခြားလုပ်ရန် ကြိုးစားနေသည်။

အိမ်ငှားတို့ကို နေအိမ်မှ ထွက်ခွာသွားရန် ပြောစရာမလိုဘဲ ၎င်းတို့ဘာသာ ထွက်သွားစေရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာ ၂၀ ရက်က အငှားချထားသည့် နေအိမ်ရှိရာသို့ အလုပ်သမားအဖွဲ့ ရောက်ရှိလာပြီး အိမ်တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်ခဲ့သည်။

အသစ်ပြန်တပ်မည်ဟု အကြောင်းပြကာ တံခါးများ ဖြုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ငှားတို့က ပြောသည်မှာမူ အလုပ်သမားအဖွဲ့သည် တံခါးများနှင့် ပြတင်းပေါက်များကို ဖြုတ်ရုံသာဖြုတ်ကာ တံခါးသစ် ပြန်မတပ်ကြောင်း၊ တံခါးဟောင်းများကို ကားပေါ်တင်ပြီး မောင်းထွက်သွားကြောင်း ပြောသည်။

ကြောက်မက်ဖွယ် အေးစက်လှသော ဥရောပဆောင်း၏ အအေးဓာတ်ကို နေ့ရောညပါ ရင်ဆိုင်ခဲ့ရသည်။

အိမ်ငှားအမျိုးသမီးက မိမိရင်ဆိုင်နေရသည့် အအေးဒဏ်မှာ အလွန်ဆိုးရွားကြောင်း TF1 Info သတင်းဌာနသို့ ပြောသည်။

အိမ်ရှင်ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသောကြောင့် အိမ်ငှားအမျိုးသမီးမှာ ထိုအပေါက်များကို ကတ္ထူပြားများဖြင့် လိုက်ပိတ်ခဲ့ရသည်။

ပြင်သစ် သတင်းမီဒီယာတို့က အိမ်ရှင်ထံ ဆက်သွယ် မေးမြန်းရာတွင် အိမ်ရှင်က ၎င်း၏ လုပ်ဆောင်မှုကို ဝန်ခံပြောကြားသည်။

အိမ်ရှင်က ပြောသည်မှာ အိမ်ငှားသည် အိမ်လခများ မပေးသည့်အပြင် စာချုပ်ပါ သဘောတူညီချက်တို့ကို ချိုးဖောက်သောကြောင့် မိမိအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

“အိမ်ငှား အမျိုးသမီးက ကျွန်တော့်ကို အိမ်လခ ၅ လစာ ပေးစရာရှိပါတယ်။ ပြီးတော့ အိမ်ငှားစာချုပ်မှာ အိမ်အာမခံကြေး ပေးသွင်းဖို့ သဘောတူထားပေမယ့် အိမ်ငှားဘက်က ပျက်ကွက်ခဲ့ပါတယ်” ဟု အိမ်ရှင်က France Info သို့ ပြောသည်။

ထိုသို့ အိမ်ရှင်အတွက် နစ်နာမှုများ ရှိသော်လည်း ၎င်း၏ လုပ်ဆောင်မှုမှာ ပြင်သစ်အိမ်ခြံမြေ ဥပဒေအရ ဥပဒေကို ချိုးဖောက်မှု ဖြစ်နေသည်။

ပြင်သစ် အိမ်ရှင်များအသင်းက အိမ်ရှင်များ အိမ်လခမရသည့် စိတ်ပျက်ဖွယ် အခြေအနေ ရင်ဆိုင်ရမှု များစွာရှိနေကြောင်း၊ သို့သော် အိမ်ငှားများ ထွက်သွားစေရန် တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပြစ်ခြင်းမှာ ဥပဒေနှင့် ငြိစွန်းနေကြောင်း ပြောသည်။

ယခုအခါ အဆိုပါ အိမ်ငှားခ ဘေးကင်းလုံခြုံမှုရှိသော နေရာချထားပေးရန် တရားရုံးတွင် တင်ပြထားသည်။

ပြင်သစ်နိုင်ငံတွင် ဆောင်းရာသီအတွင်း နှင်ထုတ်မှု တင်းတင်းကျပ်ကျပ် တားမြစ်ထားသည့်ကြားမှ အိမ်ရှင်နှင့် အိမ်ငှားတို့ကြား ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ယခုဖြစ်ရပ်က ပြသနေသည်။

အာဏာပိုင်တို့က ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ဥပဒေပညာရှင်တို့က အိမ်ရှင်တို့အနေဖြင့် ဥပဒေနှင့် ငြိစွန်းသော နည်းလမ်းများ မသုံးရန် သတိပေးထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Homeowner Removes Doors and Windows After Tenants Stop Paying Rent

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service