တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ - Property News in Myanmar from iMyanmarHouse.com
10 Jan 2025 11:18 am တွင် တင်ခဲ့သည်
1356 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် နေထိုင်သော အိမ်ရှင်တစ်ဦးက သူ၏ တိုက်ခန်းအကြောင်း လူမှုကွန်ရက်တွင် မျှဝေခဲ့ရာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ရိုက် ပျံ့နှံ့လျက် ရှိသည်။

တိုက်ခန်းငှားရမ်းနေထိုင်သော အိမ်ငှားခ ကြက်အကောင်ရေ များစွာ မွေးမြူခဲ့ပြီး ကြက်ခြံအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်သော အိမ်ရှင်သည် ၎င်းအငှားချထားသော တိုက်ခန်းသို့ မရောက်ဖြစ်ခဲ့သည်မှာ ၂ နှစ်ရှိခဲ့ပြီ ဖြစ်သည်။

ယခုလအစောပိုင်းတွင် ထိုအခန်းသို့ ရောက်ရှိခဲ့ပြီး တံခါးဖွင့်လိုက်ချိန်၌ တွေ့လိုက်ရသော မြင်ကွင်းမှာ အိမ်ရှင်ဖြစ်သူအား ကြက်သေ သေသွားစေခဲ့ကြောင်း Dianshi News သတင်းဌာနက ဖော်ပြသည်။

ဧည့်ခန်းတွင် ကြက်လှောင်အိမ်များဖြင့် အပြည့်ဖြစ်နေပြီး တခန်းလုံး ကြက်များလှည့်လည်သွားလာခြင်း၊ အတောင်တဖျပ်ဖျပ်ရိုက်ကာ မြူးတူးခုန်ပေါက်ပျံသန်းနေခြင်းများ တွေ့လိုက်ရကြောင်း အိမ်ရှင်က ပြောသည်။

“နံဟောင်နေတာပါ။ ကြမ်းပြင်တွေရော..နံရံတွေရော ဆိုးဆိုးရွားရွား ပျက်စီးနေပါတယ်။ တစ်ခန်းလုံးကို အလုံးစုံ ပြန်ပြင်မှ ရတော့မှာပါ။ အဲ့လိုမှ မလုပ်ရင် လူနေလို့ မရနိုင်တော့ပါဘူး” ဟု အိမ်ရှင်က ပြောသည်။

“ကျွန်တော် တော်တော်ဒေါသထွက်ပါတယ်။”

(သားနားသော ဧည့်ခန်းတွင် အိမ်ငှားခ ကြက်လှောင်အိမ်များ အပြည့်ထားရှိကာ နံစော်သော ကြက်ခြံအဖြစ် ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ-Sohu )

အိမ်ရှင်က ဆက်လက်ပြောပြသည်မှာ ပြီးခဲ့သော ၂ နှစ်တာအတွင်း မိမိရရှိခဲ့သော စုစုပေါင်း အိမ်လခထက် အဆပေါင်းများစွာ သုံးစွဲကာ ပြန်လည်ပြုပြင်ရတော့မည်ဖြစ်ကြောင်း ပြောသည်။

အိမ်ငှား၏ အမည်နှင့် အချက်အလက်များကိုမူ မသိရချေ။

အိမ်နီးချင်းအနီးဝန်းကျင်တွင် နေထိုင်သော မျိုးရိုးအမည် ဝူဟုခေါ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်မှာ မိမိနှင့် အနီးဝန်းကျင်ရှိ အခြားသူတို့က အဆိုပါအခန်း၏ အနံ့ဆိုးများနှင့် ပတ်သက်ပြီး အိမ်ရာ အုပ်ချုပ်ရေးအဖွဲ့ထံ တိုင်တန်းခဲ့ကြောင်း ပြောသည်။

“အဲလို တိုင်တန်းခဲ့ပေမဲ့ ပြောင်းလဲသွားတာဆိုလို့ အဲဒီအိမ်ငှားက ပြတင်းပေါက်တွေ အကုန်လုံး ပိတ်ထားခဲ့တာ ပဲ ရှိပါတယ်။ အိမ်ရှင်ရောက်လာတဲ့ အချိန်မှာ အခန်းက ဆိုးဆိုးရွားရွား ပျက်စီးနေပါပြီ”ဟု ဝူက ပြောသည်။

အိမ်ရှင်က အဆိုပါ အိမ်ငှားကို မည်သို့ ဖြေရှင်းရမည့်အကြောင်း လူမှုကွန်ရက်တွင် အကြံဉာဏ်တောင်းခဲ့သည်။

Jilin Subang ဥပဒေအဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်သူ ကျန်းယင်က ပြောသည်မှာ တရုတ်ပြည်၏ တရားမ ဥပဒေအရ အိမ်ငှားသည် နေအိမ်အသုံးပြုပုံ ပြောင်းလဲခဲ့ပါက အိမ်ရှင်အနေဖြင့် အငှားစာချုပ်ကို ဖျက်သိမ်းနိုင်ကြောင်း ပြောသည်။

“အိမ်ငှားစာချုပ်မှာ နေအိမ်ကို ဘယ်လို အသုံးပြုရမယ်ဆိုတဲ့အချက် ထည့်မရေးထားရင်တောင်မှ အိမ်ရှင်အနေနဲ့ အိမ်ငှားကို အလျော်တောင်းလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ငှားကြောင့် နေအိမ် ပျက်စီးသွားလို့ ဖြစ်ပါတယ်”ဟု ကျန်းယင်က Jilin TV သို့ ပြောသည်။

အဆိုပါ ဖြစ်ရပ်မှာ တရုတ် ပြည်မကြီး လူမှုကွန်ရက် သုံးစွဲသူတို့အကြား အလွန်ပျံ့နှံ့ခဲ့သည်။

(ကြက်လှောင်အိမ်များဖြင့် မပျက်စီးသေးမီက ဧည့်ခန်း၏ မြင်ကွင်းကို တွေ့ရပုံ။ ဓာတ်ပုံ-Sohu)

“အိမ်ငှားက တကိုယ်ကောင်းဆန်လွန်းပါတယ်။ ကိုယ့်အိမ်မဟုတ်ဘူးလို့ သိထားရင် ဆင်ဆင်ခြင်ခြင် နေထိုင်ပြုမူသင့်ပါတယ်။ သူ့လုပ်ရပ်အတွက် သူပြန်ပေးဆပ်သင့်တယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အခြားတစ်ဦးကမူ “ဒီလိုအနေအထားမျိုးမှာ အဲ့လူ ဘယ်လိုနေနိုင်လဲမသိဘူး။ ဒီလောက် အနံ့ဆိုးတွေကို သူဘယ်လို ခံနိုင်လဲ” ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China renter converts flat into chicken farm, causing foul odor, damage to property Photo Credit-Sohu

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service