မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်နေ

မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်နေ - Property Knowledge in Myanmar from iMyanmarHouse.com
2 Dec 2024 11:02 am တွင် တင်ခဲ့သည်
1066 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မလေးရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်ပြီး အိမ်ခြံမြေ၊ တယ်လီကွန်ဆက်သွယ်ရေး၊ သတင်းမီဒီယာနှင့် ရေနံလုပ်ငန်းတို့ အပါအဝင် လုပ်ငန်းနယ်ပယ်များစွာ လုပ်ကိုင်လျက်ရှိသူ ဘီလျံနာသူဌေးကြီး အာနန္ဒ ကရှစ်ရှနန် နိုဝင်ဘာ ၂၈ ရက်က ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။

အာနန္ဒ ကရစ်ရှနန်သည် ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြောင်း သူ၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Usaha Tegas က ထုတ်ပြန်ပြီး သူ၏မိသားစုက privacy ထားရန် တောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။

ကွယ်လွန်ရခြင်းအကြောင်းရင်းကိုမူ ဖော်ပြထားခြင်း မရှိချေ။

“အာနန္ဒသည် တိုင်းပြည်တည်ထောင်ရေးနှင့် စီးပွားရေးလောကအတွက် ကြီးမားသည့်ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့သည်။ သူ၏ ပရဟိတ လုပ်ဆောင်မှုများမှာ လူပေါင်းများစွာ၏ ဘဝများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာနန္ဒ၏ ကြွယ်ဝမှုမှာ ရင်းဂစ် ၂၂ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ) ရှိကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။

((အာနန္ဒ ကရစ်ရှနန် ဘယ်သူလဲ))

အာနန္ဒ ကရစ်ရှနန်ကို မလေးရှားစီးပွားရေးလောကတွင် အေကေဟု လူသိများသည်။

အာနန္ဒ ကရစ်ရှနန်ကို ၁၉၃၈ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကွာလာလမ်ပူမြို့၊ Brickfields အရပ်တွင် မွေးဖွားသည်။

မိဘမျိုးရိုးဇာစ်မြစ်မှာ သီရိလင်္ကာမှ ဖြစ်သည်။

ကရစ်ရှနန်သည် ကွာလာလမ်ပူမြို့၊ Victoria Institution အထက်တန်းကျောင်းတွင် တက်ခဲ့သည်။

ထို့နောက် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းတက္ကသိုလ်တွင် တက်ရောက်ကာ နိုင်ငံရေးသိပ္ပံဖြင့် ကျောင်းပြီးခဲ့သည်။

ကရစ်ရှနန်သည် ဟားဘတ်တက္ကသိုလ်မှလည်း MBA ဘွဲ့ရရှိထားသေးသည်။ ကရစ်ရှနန်သည် ရေနံလုပ်ငန်းနယ်သို့ ဦးစွာဝင်ရောက်ခဲ့ပြီးနောက် အခြားလုပ်ငန်းနယ်ပယ်များသို့ ဆက်လက်ဝင်ရောက်ခဲ့သည်။

တယ်လီကွန်ဆက်သွယ်ရေးကုမ္ပဏီ Maxis ၊ မီဒီယာကုမ္ပဏီ Astro ၊ ဂြိုဟ်တုဝန်ဆောင်မှုကုမ္ပဏီ Measat တို့အပြင် အခြားကုမ္ပဏီများစွာတွင် ရှယ်ယာများ ပိုင်ဆိုင်ထားသည်။

အာနန္ဒ ကရစ်ရှနန် ချမ်းသာလာသည်မှာ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်ကာလများအတွင်းဖြစ်ပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီ မိုဟာမက်နှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့သည်။

ကရစ်ရှနန်သည် နိုင်ငံပိုင် ရေနံကုမ္ပဏီ Petronas ကို တည်ထောင်ခဲ့သည့် ဒါရိုက်တာတစ်ဦးဖြစ်သည်။

Bernama သတင်းဌာနက ဖော်ပြသည်မှာ ကရစ်ရှနန်သည် ၈၈ ထပ်မြင့်မားသော Petronas Twin Tower ဆောက်လုပ်ရန် အကြံဉာဏ်ကို မဟာသီထံ ရောင်းချခဲ့သည်ဟု ဆိုသည်။

အဆိုပါ တာဝါကြီးများ ဆောက်လုပ်ရာတွင်လည်း မဟာသီက ကရစ်ရှနန်ကို ဦးစီးစေခဲ့သည်။

အာနန္ဒ ကရစ်ရှနန်သည် ပညာရေး၊ အနုပညာနှင့် အားကစားနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကဏ္ဍများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ကရစ်ရှနန်သည် မလေးရှားနှင့် ပြင်သစ်တို့တွင် တလှည့်စီနေထိုင်သည်။

သူ၏ တစ်ဦးတည်းသောသားမှာ ငယ်စဉ်ကတည်းက ထိုင်းနိုင်ငံသို့သွားကာ ဗုဒ္ဓဘာသာရဟန်းတော် ဘဝခံယူခဲ့ပြီး ယနေ့အခါတွင် ထိုင်း-မြန်မာနယ်စပ်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်နေသည်။

သမီးနှစ်ဦးရှိသော်လည်း ဖခင်၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်လုပ်ကိုင်ခြင်း မရှိချေ။

အာနန္ဒ ကရစ်ရှနန် ကွယ်လွန်မှုနှင့် စပ်လျဉ်းပြီး လက်ရှိ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောသည်မှာ ကရစ်ရှနန်၏ စီးပွားရေးလောက၊ ပရဟိတနယ်ပယ်နှင့် လူ့အသိုက်အဝန်းအတွက် ကြိုးပမ်းခဲ့မှုများကို အမှတ်ရမည်ဖြစ်ကြောင်း ပြောသည်။

(ဆက်စပ်သတင်း)

မလေးရှားနိုင်ငံ တတိယအချမ်းသာဆုံးပုဂ္ဂိုလ်၏သား၊ အိမ်ခြံမြေအပါအဝင် ကုမ္ပဏီများစွာနှင့် ဒေါ်လာ ၅ ဘီလီယံအမွေကို စွန့်လွှတ်ကာ ဗုဒ္ဓဘာသာဝင် ရဟန်းဘဝခံယူခဲ့သူ အရှင်သီရိပန်ယို

https://www.imyanmarhouse.com/news/read/1076013

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Anand Krishnan, richest man in Malaysia, whose son gave up Rs 55000 crore fortune to become monk, dies, his business was… (apnews)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service