မလေးရှားနိုင်ငံ တတိယအချမ်းသာဆုံးပုဂ္ဂိုလ်၏သား ၊ အိမ်ခြံမြေအပါအဝင် ကုမ္ပဏီများစွာနှင့် ဒေါ်လာ ၅ ဘီလီယံ အမွေကို စွန့်လွှတ်ကာ ဗုဒ္ဓဘာသာဝင် ရဟန်းဘဝခံယူခဲ့သူ အရှင် သီရိပန်ယို

မလေးရှားနိုင်ငံ တတိယအချမ်းသာဆုံးပုဂ္ဂိုလ်၏သား ၊ အိမ်ခြံမြေအပါအဝင် ကုမ္ပဏီများစွာနှင့် ဒေါ်လာ ၅ ဘီလီယံ အမွေကို စွန့်လွှတ်ကာ ဗုဒ္ဓဘာသာဝင် ရဟန်းဘဝခံယူခဲ့သူ အရှင် သီရိပန်ယို - Property News in Myanmar from iMyanmarHouse.com
14 Jul 2023 12:21 pm တွင် တင်ခဲ့သည်
2758 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

သင်သာဆိုလျှင် လောကုတ္တရာချမ်းသာမှုရရန်အတွက် လောကီချမ်းသာတို့ကို စွန့်ပစ်မည်လော။ အရှင် သီရိ ပန်ယိုသည်ကား စွန့်ပစ်ခဲ့ပါသည်။

အရှင်သီရိယန်ယိုသည် ချမ်းသာအစစ်ကို ရှာဖွေရန်အတွက် များစွာသောစည်းစိမ်ဥစ္စာတို့ကို ကျောခိုင်း ထားရစ်ခဲ့သည်။

သီရိပန်ယို စွန့်လွှတ်ခဲ့သော စည်းစိမ်ဥစ္စာ ပမာဏအတိုင်းအတာ မည်မျှရှိပါသနည်း။

အလွန်များပြားပါသည်။ သူသည် မလေးရှားနိုင်ငံ၏ တတိယအချမ်းသာဆုံးပုဂ္ဂိုလ် ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာကြီး အာနန္ဒ ကရစ်ရှ်နန် (Ananda Krishnan) ၏ သားဖြစ်ပြီး ကရစ်ရှ်နန်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅ ဘီလီယံခန့် ရှိသည်။

သီရိပန်ယိုက ထင်ပေါ်မှုကို မနှစ်မြို့။ သူ၏ ဘဝကို တတ်နိုင်သမျှ သိုသိုသိပ်သိပ်သာ ရှိစေလိုသည်။

သို့ကြောင့် ရဟန်းတစ်ပါးဖြစ်မလာမီ သီရိပန်ယိုဖြတ်သန်းခဲ့သောဘဝကို ခြေရာခံနိုင်ရန် ခက်ခဲလှသည်။

ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ကာ တောထွက်ခဲ့သော သိဒတ္ထအပေါ် များစွာကြည်ညိုခဲ့သူ သီရိပန်ယို ရဟန်းမဖြစ်မီဖြတ်သန်းခဲ့သောဘဝနှင့် ပတ်သက်ပြီး သိရှိလာရသည့် အချက် ၅ ချက်ကား ရှိပါသည်။

 

(၁။ သူသည် ၁၈ နှစ်သားအရွယ်ကတည်းက သာ့သနာ့ဘောင်သို့ ဝင်ခဲ့သူဖြစ်)

အရှင် သီရိပန်ယိုသည် သူဖြတ်သန်းမည့် ဗုဒ္ဓဘာသာ ဘဝလမ်းကြောင်းကို ငယ်ရွယ်စဉ်ကတည်းက ရှာဖွေ တွေ့ရှိခဲ့သည်။

အရှင် သီရိပန်ယိုသည် ဗုဒ္ဓဘာသာ ရဟန်းတော်ဘဝသို့ ရည်ရွယ်မထားဘဲ ရောက်ရှိသွားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုင်းနိုင်ငံတွင် နေထိုင်သော မိခင်ဘက်မှ ဘိုးဘွားမိသားစုထံ သွားရောက်လည်ပတ်စဉ် သီရိပန်ယိုသည် ခေတ္တ ဒုလ္လဘအဖြစ် ကိုရင်ဝတ်ခဲ့၏။ ထိုစဉ်က သူ၏အသက်မှာ ၁၈ နှစ်သာ ရှိသေးသည်။

သို့သော် အရှင်သီရိပန်ယို လူပြန်မထွက်တော့။

ယနေ့အချိန်တွင် အရှင်သီရိပန်ယိုသည် ထိုင်း-မြန်မာနယ်စပ်မှ Dtao Dum အမည်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် သာသနာပြုလျက်ရှိနေသည်။

 

(၂။ တော်ဝင်မျိုးနွှယ်မှ ဆင်းသက်သူဖြစ်)

အရှင် သီရိပန်ယိုသည် မိခင်ဘက်မှ တော်ဝင်သွေး အမွေဆက်ခံရရှိထားသူ ဖြစ်သည်။

သူ၏ မိခင်နှင့် ပတ်သက်ပြီး လူအများသိရှိထားကြမှု အလွန်နည်းပါးသော်လည်း လေ့လာမှုများအရ ထိုင်းတော်ဝင်မိသားစုမှ ဆင်းသက်သူ Momwajarongse Suprinda Chakraban ကို အထောက်အထားများက ညွှန်ပြနေသည်။

ထို့ကြောင့် အရှင်သီရိပန်ယိုသည် ဘီလျံနာကြီး၏ သားဖြစ်သည့်အပြင် တော်ဝင်မျိုးနွှယ်မှ ဆင်းသက်သူဟု ဆိုနိုင်သည်။

(၃။ ဗြိတိန်နိုင်ငံတွင် ကြီးပြင်းခဲ့)

အရှင်သီရိပန်ယိုသည် လန်ဒန်တွင် ကြီးပြင်းခဲ့ပြီး သူ၏ ညီမ ၂ ဦးနှင့်အတူ အင်္ဂလန်တွင် ပညာသင်ကြားခဲ့သည်ဟူသော အချက်မှလွဲ၍ သူ၏ငယ်ဘဝနှင့် စပ်လျဉ်းပြီး များစွာ မသိရချေ။

 

(၄။ ဘာသာစကား ၈ မျိုး ပြောနိုင်သူဖြစ်)

အရှင် သီရိပန်ယိုသည် ဘာသာစကား ၈ မျိုး ပြောဆိုနိုင်သည်ဟု သိထားသူ များသည်။

သို့သော် အရှင်သီရိပန်ယိုက သိုသိပ်စွာ နေထိုင်တတ်သူဖြစ်သောကြောင့် မည့်သည့်ဘာသာစကားများ ပြောဆိုနိုင်သည်ကိုမူ မည်သူမျှ အတိအကျ မသိ။

သို့သော် အရှင်သီရိပန်ယို တတ်ကျွမ်းသည့် ဘာသာစကားများတွင် အင်္ဂလိပ်စကား ပါဝင်ပြီး တမီလ်နှင့် ထိုင်းစကားများလည်း ပါနိုင်ချေ များသည်။

 

(၅။ မိဘများနှင့် အခါအားလျော်စွာ တွေ့ဆုံလေ့ရှိ)

အရှင် သီရိပန်ယိုသည် ဗုဒ္ဓဘာသာရဟန်းတော်ဖြစ်သည့်အားလျော်စွာ ဒကာဒကာမတို့၏ လှူဒါန်းမှုများဖြင့် နေထိုင်ဖြတ်သန်းရသော်လည်း လိုအပ်သည့်အခါများတွင် ခမ်းနားထည်ဝါမှုများကို လက်ခံရန် ငြင်းဆိုခြင်း မရှိချေ။

ဉာတကာနဉ္ဓသင်္ဂဟောဟူသော ဗုဒ္ဓဟောကြားချက်နှင့်အညီ အရှင် သီရိပန်ယိုသည် ခမည်းတော်ကြီးကို အခါအားလျော်စွာ သွားရောက်တွေ့ဆုံလေ့ရှိသည်။

တစ်ခါတွင် ခမည်းတော်ကြီး ကရစ်ရှ်နန်ကို တွေ့ဆုံရန်အတွက် အီတလီသို့ သီးသန့် ဂျက်လေယာဉ်ဖြင့် အရှင် သီရိပန်ယို သွားရောက်ခဲ့သည်ကို တွေ့ခဲ့ကြဖူးသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: The billionaire heir who became a monk: Why the son of Malaysia’s third-richest man renounced luxury and fortune for spiritual peace (dnaindia)

 

 

[Zawgyi]

မေလးရွားႏိုင္ငံ တတိယအခ်မ္းသာဆံုးပုဂၢိဳလ္၏သား ၊ အိမ္ျခံေျမအပါအဝင္ ကုမၸဏီမ်ားစြာႏွင့္ ေဒၚလာ ၅ ဘီလီယံ အေမြကို စြန္႔လႊတ္ကာ ဗုဒၶဘာသာဝင္ ရဟန္းဘဝခံယူခဲ့သူ အရွင္ သီရိပန္ယို

 

သင္သာဆိုလွ်င္ ေလာကုတၱရာခ်မ္းသာမႈရရန္အတြက္ ေလာကီခ်မ္းသာတို႔ကို စြန္႔ပစ္မည္ေလာ။ အရွင္ သီရိ ပန္ယိုသည္ကား စြန္႔ပစ္ခဲ့ပါသည္။

အရွင္သီရိယန္ယိုသည္ ခ်မ္းသာအစစ္ကို ရွာေဖြရန္အတြက္ မ်ားစြာေသာစည္းစိမ္ဥစၥာတို႔ကို ေက်ာခိုင္း ထားရစ္ခဲ့သည္။

သီရိပန္ယို စြန္႔လႊတ္ခဲ့ေသာ စည္းစိမ္ဥစၥာ ပမာဏအတိုင္းအတာ မည္မွ်ရွိပါသနည္း။

အလြန္မ်ားျပားပါသည္။ သူသည္ မေလးရွားႏိုင္ငံ၏ တတိယအခ်မ္းသာဆံုးပုဂၢိဳလ္ ကိုယ့္ထူးကိုယ္ခၽြန္ ဘီလ်ံနာၾကီး အာနႏၵ ကရစ္ရွ္နန္ (Ananda Krishnan) ၏ သားျဖစ္ျပီး ကရစ္ရွ္နန္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၅ ဘီလီယံခန္႔ ရွိသည္။

သီရိပန္ယိုက ထင္ေပၚမႈကို မႏွစ္ျမိဳ႕။ သူ၏ ဘဝကို တတ္ႏိုင္သမွ် သိုသိုသိပ္သိပ္သာ ရွိေစလိုသည္။

သို႔ေၾကာင့္ ရဟန္းတစ္ပါးျဖစ္မလာမီ သီရိပန္ယိုျဖတ္သန္းခဲ့ေသာဘဝကို ေျခရာခံႏိုင္ရန္ ခက္ခဲလွသည္။

ထီးနန္းစည္းစိမ္ကို စြန္႔လႊတ္ကာ ေတာထြက္ခဲ့ေသာ သိဒတၳအေပၚ မ်ားစြာၾကည္ညိဳခဲ့သူ သီရိပန္ယို ရဟန္းမျဖစ္မီျဖတ္သန္းခဲ့ေသာဘဝႏွင့္ ပတ္သက္ျပီး သိရွိလာရသည့္ အခ်က္ ၅ ခ်က္ကား ရွိပါသည္။

 

(၁။ သူသည္ ၁၈ ႏွစ္သားအရြယ္ကတည္းက သာ့သနာ့ေဘာင္သို႔ ဝင္ခဲ့သူျဖစ္)

အရွင္ သီရိပန္ယိုသည္ သူျဖတ္သန္းမည့္ ဗုဒၶဘာသာ ဘဝလမ္းေၾကာင္းကို ငယ္ရြယ္စဥ္ကတည္းက ရွာေဖြ ေတြ႔ရွိခဲ့သည္။

အရွင္ သီရိပန္ယိုသည္ ဗုဒၶဘာသာ ရဟန္းေတာ္ဘဝသို႔ ရည္ရြယ္မထားဘဲ ေရာက္ရွိသြားျခင္းျဖစ္သည္ဟု ဆိုႏိုင္သည္။

ထိုင္းႏိုင္ငံတြင္ ေနထိုင္ေသာ မိခင္ဘက္မွ ဘိုးဘြားမိသားစုထံ သြားေရာက္လည္ပတ္စဥ္ သီရိပန္ယိုသည္ ေခတၱ ဒုလႅဘအျဖစ္ ကိုရင္ဝတ္ခဲ့၏။ ထိုစဥ္က သူ၏အသက္မွာ ၁၈ ႏွစ္သာ ရွိေသးသည္။

သို႔ေသာ္ အရွင္သီရိပန္ယို လူျပန္မထြက္ေတာ့။

ယေန႔အခ်ိန္တြင္ အရွင္သီရိပန္ယိုသည္ ထိုင္း-ျမန္မာနယ္စပ္မွ Dtao Dum အမည္ရွိ ဘုန္းေတာ္ၾကီးေက်ာင္းတြင္ ေက်ာင္းထိုင္ဆရာေတာ္အျဖစ္ သာသနာျပဳလ်က္ရွိေနသည္။

 

(၂။ ေတာ္ဝင္မ်ဳိးႏႊယ္မွ ဆင္းသက္သူျဖစ္)

အရွင္ သီရိပန္ယိုသည္ မိခင္ဘက္မွ ေတာ္ဝင္ေသြး အေမြဆက္ခံရရွိထားသူ ျဖစ္သည္။

သူ၏ မိခင္ႏွင့္ ပတ္သက္ျပီး လူအမ်ားသိရွိထားၾကမႈ အလြန္နည္းပါးေသာ္လည္း ေလ့လာမႈမ်ားအရ ထိုင္းေတာ္ဝင္မိသားစုမွ ဆင္းသက္သူ Momwajarongse Suprinda Chakraban ကို အေထာက္အထားမ်ားက ညြႊန္ျပေနသည္။

ထို႔ေၾကာင့္ အရွင္သီရိပန္ယိုသည္ ဘီလ်ံနာၾကီး၏ သားျဖစ္သည့္အျပင္ ေတာ္ဝင္မ်ဳိးႏႊယ္မွ ဆင္းသက္သူဟု ဆိုႏိုင္သည္။

(၃။ ျဗိတိန္ႏိုင္ငံတြင္ ၾကီးျပင္းခဲ့)

အရွင္သီရိပန္ယိုသည္ လန္ဒန္တြင္ ၾကီးျပင္းခဲ့ျပီး သူ၏ ညီမ ၂ ဦးႏွင့္အတူ အဂၤလန္တြင္ ပညာသင္ၾကားခဲ့သည္ဟူေသာ အခ်က္မွလြဲ၍ သူ၏ငယ္ဘဝႏွင့္ စပ္လ်ဥ္းျပီး မ်ားစြာ မသိရေခ်။

(၄။ ဘာသာစကား ၈ မ်ဳိး ေျပာႏိုင္သူျဖစ္)

အရွင္ သီရိပန္ယိုသည္ ဘာသာစကား ၈ မ်ဳိး ေျပာဆိုႏိုင္သည္ဟု သိထားသူ မ်ားသည္။

သို႔ေသာ္ အရွင္သီရိပန္ယိုက သိုသိပ္စြာ ေနထိုင္တတ္သူျဖစ္ေသာေၾကာင့္ မည့္သည့္ဘာသာစကားမ်ား ေျပာဆိုႏိုင္သည္ကိုမူ မည္သူမွ် အတိအက် မသိ။

သို႔ေသာ္ အရွင္သီရိပန္ယို တတ္ကၽြမ္းသည့္ ဘာသာစကားမ်ားတြင္ အဂၤလိပ္စကား ပါဝင္ျပီး တမီလ္ႏွင့္ ထိုင္းစကားမ်ားလည္း ပါႏိုင္ေခ် မ်ားသည္။

(၅။ မိဘမ်ားႏွင့္ အခါအားေလ်ာ္စြာ ေတြ႔ဆံုေလ့ရွိ)

အရွင္ သီရိပန္ယိုသည္ ဗုဒၶဘာသာရဟန္းေတာ္ျဖစ္သည့္အားေလ်ာ္စြာ ဒကာဒကာမတို႔၏ လွဴဒါန္းမႈမ်ားျဖင့္ ေနထိုင္ျဖတ္သန္းရေသာ္လည္း လိုအပ္သည့္အခါမ်ားတြင္ ခမ္းနားထည္ဝါမႈမ်ားကို လက္ခံရန္ ျငင္းဆိုျခင္း မရွိေခ်။

ဥာတကာနဥၶသဂၤေဟာဟူေသာ ဗုဒၶေဟာၾကားခ်က္ႏွင့္အညီ အရွင္ သီရိပန္ယိုသည္ ခမည္းေတာ္ၾကီးကို အခါအားေလ်ာ္စြာ သြားေရာက္ေတြ႔ဆံုေလ့ရွိသည္။

တစ္ခါတြင္ ခမည္းေတာ္ၾကီး ကရစ္ရွ္နန္ကို ေတြ႔ဆံုရန္အတြက္ အီတလီသို႔ သီးသန္႔ ဂ်က္ေလယာဥ္ျဖင့္ အရွင္ သီရိပန္ယို သြားေရာက္ခဲ့သည္ကို ေတြ႔ခဲ့ၾကဖူးသည္။

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: The billionaire heir who became a monk: Why the son of Malaysia’s third-richest man renounced luxury and fortune for spiritual peace (dnaindia)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service