ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘီလီယံချမ်းသာသော ဘီလျံနာကြီးဖြစ်လာ

ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘီလီယံချမ်းသာသော ဘီလျံနာကြီးဖြစ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
5 Nov 2024 12:04 pm တွင် တင်ခဲ့သည်
771 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဟီတစ်ရှ် ချမဲလား ဒိုရှီ (Hitesh Chimanlal Doshi) သည် ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝလမ်းကြောင်းကို စတင်ခဲ့သည်။

ယင်းနောက် နှစ်ပေါင်း ၄၀ နီးပါးကြာသောအခါ ဒိုရှီသည် အိန္ဒိယ၏ အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကုမ္ပဏီကြီးများတွင် အပါအဝင်ဖြစ်သော Waaree Group ကို ဦးဆောင်လျက် ရှိနေသည်။

ဒိုရှီသည် အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်တရာပြည်နယ်အလယ်ပိုင်း Tunki မြို့လေးရှိ ကျေးရွာတစ်ခုတွင် မွေးဖွားသည်။

ဒိုရှီသည် သူ၏ ရွာလေးမှ ၃၇၃ မိုင်ဝေးကွာသော မွမ်ဘိုင်းတက္ကသိုလ်ရှိ Shri Chinai ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးကောလိပ်တွင် ၁၉၈၅ ခုနှစ်၌ ကျောင်းတက်ခဲ့သည်။

ကျောင်းစရိတ်ရရန်အတွက် ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ချေးယူကာ ကုန်မာနှင့် လျှပ်စစ်ပစ္စည်းဆိုင်ငယ်လေး ဖွင့်လှစ်ခဲ့ကြောင်း ဒိုရှီက Economic Times သတင်းဌာနသို့ ၂၀၁၄ ခုနှစ်အတွင်းက ပြောခဲ့ဖူးသည်။

ဘွဲ့ရပြီးနောက်ပိုင်း ဒိုရှီသည် ဘဏ်မှ ရူပီး ၁၅၀,၀၀၀ ငွေချေးကာ ပရက်ရှာ ဂိတ်များ၊ ဆီဆိုင်သုံးပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံး Valve များ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။

ထောင်စုနှစ် အပြောင်းအလဲတွင် ဒိုရှီက ရေပန့်များ၊ အပူပေးစက်များ၊ cooker များနှင့် မီးအိမ်များ၏ ဈေးကွက် အလားအလာကို တွက်ဆမိခဲ့သည်။

သူ၏ အကြီးမားဆုံး ဖောက်သည်မှာ အမေရိကန်နှင့် ဥရောပတို့မှ ဖြစ်သည်။

ဒိုရှီသည် ၂၀၀၇ ခုနှစ်အတွင်း ဂျာမနီရှိ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ရာတွင် ဆိုလာစွမ်းအင်ကဏ္ဍ၏ အလားအလာကို တွေ့မြင်ခဲ့သည်။

ယင်းနောက်ပိုင်း သူ၏ thermal equipment လုပ်ငန်းကို ရောင်းချကာ ဆိုလာပြားများ ထုတ်လုပ်သည့် လုပ်ငန်းဘက်တွင် အာရုံစိုက်ခဲ့သည်။

သူ၏ ဇာတိရွာလေးရှိ Wari ဘုရားကျောင်းကို ဂုဏ်ပြုသောအားဖြင့် ကုမ္ပဏီ၏ အမည်ကို Waaree Energies ဟု ဒိုရှီက အမည်ပေးခဲ့သည်။

Waaree ၏ ဆိုလာပြား ထုတ်လုပ်သည့် ကုမ္ပဏီခွဲဖြစ်သော Waaree Energies ၏ ရှယ်ယာများကို ပြီးခဲ့သော တနင်္လာနေ့က မွမ်ဘိုင်းစတော့ရှယ်ယာဈေးကွက်တွင် ရောင်းချခဲ့ရာ ဒိုရှီတို့မိသားစုမှာ ဘီလျံနာသူဌေး ဖြစ်လာခဲ့ကြသည်။

မွမ်ဘိုင်းရှယ်ယာဈေးကွက်တွင် ရောင်းချခဲ့ပြီးနောက် Waaree Energies ၏ ရှယ်ယာဈေးမှာ ၅၆ ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့ရာ ဒိုရှီတို့ မိသားစုကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံခန့် ရှိလာခဲ့ကြောင်း Bloomberg ဘီလျံနာညွှန်းကိန်းက ဖော်ပြသည်။

ထိုပမာဏမှာ ဒိုရှီ၏ ယခင်ကြွယ်ဝမှုထက် ၂ ဆခန့် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

အသက် ၅၇ နှစ်အရွယ်ရှိ ဒိုရှီသည် Waaree Energies တွင် ဥက္ကဌ၊ မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူထားပြီး သူ၏ ညီနှစ်ဦးနှင့် တူဖြစ်သူတို့မှာ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်ကြသည်။

၎င်းတို့မိသားစုသည် Engineering ကုမ္ပဏီခွဲဖြစ်သော Waaree Renewable Technologies Ltd နှင့် စွမ်းအင်သိုလှောင်မှုကုမ္ပဏီ Waaree Technologies Ltd တို့တွင်လည်း အကြီးမားဆုံး ရှယ်ယာရှင် ဖြစ်သည်။

Waaree Energies သည် အိန္ဒိယတွင် အကြီးမားဆုံး ဆိုလာထုတ်လုပ်သူဖြစ်ပြီး မဂ္ဂါဝပ် ၁၂၀၀၀ ထုတ်လုပ်န်ိုင်စွမ်း ရှိသည်။

အဓိက ဝင်ငွေမှာ အမေရိကန်ပြည်သို့ တင်ပို့ ရောင်းချရမှုမှ ရရှိသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်မှ ဆိုလာများကို အကောက်ခွန် များ မြှင့်တင်လာခဲ့ပြီးနောက်ပိုင်း Waaree ၏ ဆိုလာပြားများ ရောင်းအားအလွန်မြင့်တက်လာခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian tycoon who started his company using a $60 loan is now worth $5 billion (economictimes)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service