ကမ္ဘောဒီးယားက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာမဲ့ လည်ပတ်ခွင့်ပေးလာ

ကမ္ဘောဒီးယားက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာမဲ့ လည်ပတ်ခွင့်ပေးလာ - Property News in Myanmar from iMyanmarHouse.com
4 Nov 2024 12:13 pm တွင် တင်ခဲ့သည်
930 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘောဒီးယားသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ မှ စတင်ပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာလွတ် ခရီးသွားလာခွင့် ပေးအပ်လာသည်။

ယခုခြေလှမ်းက ဒေသတွင်း ဆက်သွယ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ ကမ္ဘောဒီးယား၏ ပေါကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အံ့မခန်း ရှုခင်းအခင်းအကျင်းများနှင့် သမိုင်းဝင်နေရာများကို စူးစမ်းလေ့လာနိုင်ရန် အတွက် လည်ပတ်မည့်သူများ ပိုမိုဖိတ်ခေါ်နိုင်စေမည်လည်း ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားသည် ခမာ အင်ပါယာနှင့် အန်ကောဝပ်ကျောင်းတော် တို့ဖြင့် ထင်ရှားသည်။

((ကမ္ဘာလှည့်ခရီးသွားများကြား ကျော်ကြားလာနေ))

၂၀၂၄ ခုနှစ် ပထမ ၈ လတာအတွင်း ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၃ သန်းခန့် ရှိခဲ့သည်။

ကမ္ဘောဒီးယား၏ အံ့မခန်း ရှုမျှော်ခင်းများ၊ အန်ကောဝပ်ဘုရားကျောင်းတော်ကြီး အပါအဝင် သမိုင်းဝင်နေရာများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝမှုတို့ကို ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု မြင့်တက်နေခြင်းက ထပ်ဟပ်ပြသနေသည်။

ကိုဗစ်ကပ်ဘေးလွန်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရာ ကမ္ဘောဒီးယားရှိ ကြက်ပျံမကျ စည်ကားသော ဈေးများမှသည် ဆိတ်ငြိမ်အေးချမ်းသော ပင်လယ်ကမ်းခြေများအထိ လည်ပတ်စရာ နေရာအစုံအလင်တို့က နိုင်ငံတကာ ခရီးသွားများကို ကြိုလင့်နေသည်။

((ကမ္ဘောဒီးယား၏ GDP က စီးပွားရေးဆက်လက်ဖွံ့ဖြိုးနေမှုကို ပြသနေ))

၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယား၏ GDP မှာ ကန်ဒေါ်လာ ၃၁ ဒသမ ၇၇ ဘီလီယံရှိခဲ့ပြီး တိုင်းပြည်စီးပွားရေး ဆက်လက်ဖွံ့ဖြိုးနေမှုကို ပြသနေသည်။

ကမ္ဘောဒီးယားသည် အခက်အခဲအကျပ်အတည်းများမှ ကြံ့ကြံ့ခံနိုင်မှု၊ ဖွံ့ဖြိုးမှုတို့ရှိကြောင်း အဆိုပါကိန်းဂဏန်း က မီးမောင်းထိုးပြသနေပြီး အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍ တို့တွင် ဖြစ်သည်။

((ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်မှုများဆုံးမှာ တရုတ်ပြည်သားများဖြစ်နေဆဲဖြစ်))

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သူ အများဆုံးမှာ တရုတ်ပြည်မှဖြစ်ပြီး လာရောက်လည်ပတ်သူ ၂ ဒသမ ၃၆ သန်းရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင်လည်း ထိုအခြေအနေအတိုင်း ဆက်လက်ရပ်တည်ခဲ့ပြီး တရုတ်ပြည်နောက်တွင် ထိုင်းနှင့် ဗီယက်နမ်တို့ အသီးသီးရပ်တည်နေသည်။

((ကမ္ဘောဒီးယားသို့ ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ရလာသည့် နိုင်ငံများ))

● ဘရူနိုင်း ● အင်ဒိုနီးရှား ● လာအို ● မလေးရှား ● မော်လ်ဒိုက် ● မြန်မာ ● ဖိလစ်ပိုင် ● Seychelles ● စင်္ကာပူ ● ထိုင်း ● ဗီယက်နမ်

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cambodia is surging the tourism sector with Visa free travel for 11 countries including Thailand,Vietnam,Indonesia, Malaysia and Seychelles (travelandtourworld)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service