ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ

ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ - Property News in Myanmar from iMyanmarHouse.com
11 Oct 2024 10:35 am တွင် တင်ခဲ့သည်
697 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကနေဒါတွင် ၁၅ နှစ်ကျော် စွန့်ပစ်ခံထားရပြီး တစ်နိုင်ငံလုံး၌ အကြီးမားဆုံးဖြစ်သော ကြေကွဲဖွယ် စံအိမ်ကြီးအကြောင်း

ကနေဒါနိုင်ငံတွင် တချိန်က အကြီးမားဆုံး စံအိမ်ကြီးဖြစ်ခဲ့သော ခမ်းနားထည်ဝါသည့် ရေကန်စပ် စံအိမ်ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရကာ ကြေကွဲဖွယ် ယိုယွင်းပျက်စီးလျက်ရှိနေသည်။

ပြတင်းမှန်များမှာ ကွဲနေပြီး ကြမ်းခင်းများမှာလည်း ခင်းလက်စ တန်းလန်းအနေအထားဖြစ်သည်။

ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်မှ Temiskaming ရေကန်ကြီး၏ ကမ်းစပ်တွင် တည်ရှိကာ Peter Grant စံအိမ်ဟု အမည်ပေးထားသည်။

အကျယ်အဝန်း စတုရန်းပေ ၆၅၀၀၀ ခန့်အထိ ကြီးမားကျယ်ဝန်းလှသော စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။

Grant Forest Products ကုမ္ပဏီဥက္ကဌဖြစ်သူ Peter Grant က ဆောက်လုပ်ခဲ့သော စံအိမ်ကြီးဖြစ်ပြီး ခမ်းနားထည်ဝါသော အပန်းဖြေနေရာအဖြစ် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

(သစ်တောလုပ်ငန်းသူဌေးကြီး Peter Grant ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီးဖြစ်ပြီး မြေအောက်လှေအိမ်၊ ဂေါက်ကွင်း၊ ပန်းချီပြခန်းတို့ ပါဝင်သည်။ ဓာတ်ပုံ-Shutterstock/ Freaktography)

 

(၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ် ကာလတွင် စံအိမ်ဆောက်လုပ်မှု ရပ်တန့်သွားခဲ့ကာ စံအိမ်ကြီးမှာ အပြီးမသတ်ဘဲ ဆောက်လက်စ တန်းလန်းဖြင့် ကျန်ရစ်ခဲ့သည်။ ပြတင်းမှန်များ ကွဲနေပြီး တစ်အိမ်လုံးတွင် ဆောက်လုပ်ရေးပစ္စည်းများဖြင့် ပြန့်ကျဲလျက်ရှိသည်။ ဓာတ်ပုံ-Shutterstock/ Freaktography)

 

စံအိမ်ဆောက်လုပ်ရေးစီမံကိန်းတွင် ထိပ်တန်း feature များဖြစ်သော မြေအောက် လှေအိမ်၊ ပန်းချီပြခန်းနှင့် ကိုယ်ပိုင်ဂေါက်ကွင်းတို့ ပါဝင်ခဲ့သည်။

သူဌေးကြီး Grant ၏ ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်တွင် ဒေဝါလီခံသွားခဲ့ရာ သူ၏ ဆောက်လက်စ ဧရာမစံအိမ်ကြီးမှာ အခွံထည်ဘဝဖြင့် ကျန်ရစ်ခဲ့ပြီး နံရံများနှင့် ကြမ်းပြင်များမှာ တဝက်တပျက် အခြေအနေတွင်သာ ရှိနေပြီး လူနေထိုင်နိုင်သည့် အခြေအနေသို့ မရောက်ခဲ့။

 

(သူဌေးကြီး Grant သည် တချိန်က ကနေဒါ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်မူ ကုမ္ပဏီ ဒေဝါလီခံသွားခဲ့သည်။ ဓာတ်ပုံ-Shutterstock/ Freaktography)

 

စွန့်ပစ်ခံထားရသော စံအိမ်ကြီးဖြစ်သော်လည်း ကနေဒါတစ်နိုင်ငံလုံးတွင် အကြီးမားဆုံး စံအိမ်ကြီးအဖြစ် သတ်မှတ်ခံထားရသည်။

စံအိမ်ကြီးမှာ အရွယ်အစားကြီးမားလှသော်လည်း အတွင်းပိုင်းမှာမူ အိပ်မက်တို့နှင့် အလှမ်းဝေးနေသည်။

အတွင်းပိုင်းတွင် ဆောက်လုပ်ရေးပစ္စည်းများ ပြန့်ကျဲနေပြီး လက်သရမ်းထားသော graffiti ပုံများဖြင့် ပြည့်နှက်နေသည်။

အံ့မခန်းကြီးမားလှသော အဆိုပါစံအိမ်ကြီးကို ကန်ဒေါ်လာ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ရာ တိုရွန်တို အခြေစိုက် ကုမ္ပဏီတစ်ခုက ဝယ်ယူခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ်အထိ ထိုအိမ်ကြီးမှာ လုံခြုံရေးအတွက် မွမ်းမံမှုအချို့လုပ်ဆောင်ခဲ့ခြင်းမှလွဲပြီး ယခင်အတိုင်းသာ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

 

(တိုရွန်တို အခြေစိုက် ကုမ္ပဏီတစ်ခုက ဝယ်ယူထားသည်။ ဓာတ်ပုံ-Shutterstock/ Freaktography)

 

(စံအိမ်ကို အပြီးသတ်ဆောက်လုပ်ရန် ဒေါ်လာ ၁ သန်းခန့် ကုန်ကျဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ဓာတ်ပုံ-Shutterstock/ Freaktography)

 

ပြင်ပမှ စပ်စုသူများ အိမ်အတွင်း ဝင်မလာစေရန်အတွက် လုံခြုံရေးကင်မရာများတပ်ဆင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းများ ပြုလုပ်ထားသည်။

 

(အပြီးသတ်ဆောက်လုပ်နိုင်မည်ဆိုပါက အလွန်ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးဖြစ်လာမည် ဖြစ်သည်။ ဓာတ်ပုံ-Shutterstock/ Freaktography)

 

(စံအိမ်ကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၆၅၀၀၀ ရှိသည်။ ဓာတ်ပုံ-Shutterstock/ Freaktography)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Canada’s largest mansion — abandoned for more than 15 years and left to rot (nypost) Photo Credit- Shutterstock/ Freaktography

 

[Zawgyi]

ကေနဒါ၏ အၾကီးမားဆံုး စံအိမ္ၾကီးမွာ စြန္႔ပစ္ခံထားရသည္မွာ ၁၅ ႏွစ္ခန္႔ရွိေနျပီး ေၾကကြဲဖြယ္ရာ ယိုယြင္းပ်က္စီးေန

ကေနဒါတြင္ ၁၅ ႏွစ္ေက်ာ္ စြန္႔ပစ္ခံထားရျပီး တစ္ႏိုင္ငံလံုး၌ အၾကီးမားဆံုးျဖစ္ေသာ ေၾကကြဲဖြယ္ စံအိမ္ၾကီးအေၾကာင္း

ကေနဒါႏိုင္ငံတြင္ တခ်ိန္က အၾကီးမားဆံုး စံအိမ္ၾကီးျဖစ္ခဲ့ေသာ ခမ္းနားထည္ဝါသည့္ ေရကန္စပ္ စံအိမ္ၾကီးမွာ ယခုအခါ စြန္႔ပစ္ခံထားရကာ ေၾကကြဲဖြယ္ ယိုယြင္းပ်က္စီးလ်က္ရွိေနသည္။

ျပတင္းမွန္မ်ားမွာ ကြဲေနျပီး ၾကမ္းခင္းမ်ားမွာလည္း ခင္းလက္စ တန္းလန္းအေနအထားျဖစ္သည္။

ကေနဒါႏိုင္ငံ၊ အြန္ေတရီယုိျပည္နယ္မွ Temiskaming ေရကန္ၾကီး၏ ကမ္းစပ္တြင္ တည္ရွိကာ Peter Grant စံအိမ္ဟု အမည္ေပးထားသည္။

အက်ယ္အဝန္း စတုရန္းေပ ၆၅၀၀၀ ခန္႔အထိ ၾကီးမားက်ယ္ဝန္းလွေသာ စံအိမ္ၾကီးမွာ စြန္႔ပစ္ခံထားရသည္မွာ ၁၅ ႏွစ္ေက်ာ္ ရွိခဲ့ျပီ ျဖစ္သည္။

Grant Forest Products ကုမၸဏီဥကၠဌျဖစ္သူ Peter Grant က ေဆာက္လုပ္ခဲ့ေသာ စံအိမ္ၾကီးျဖစ္ျပီး ခမ္းနားထည္ဝါေသာ အပန္းေျဖေနရာအျဖစ္ ရည္ရြယ္ကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

(သစ္ေတာလုပ္ငန္းသူေဌးၾကီး Peter Grant ပိုင္ဆိုင္ခဲ့ေသာ စံအိမ္ၾကီးျဖစ္ျပီး ေျမေအာက္ေလွအိမ္၊ ေဂါက္ကြင္း၊ ပန္းခ်ီျပခန္းတို႔ ပါဝင္သည္။ ဓာတ္ပံု-Shutterstock/ Freaktography)

(၂၀၀၈ ခုႏွစ္ ကမၻာ့စီးပြားပ်က္ကပ္ ကာလတြင္ စံအိမ္ေဆာက္လုပ္မႈ ရပ္တန္႔သြားခဲ့ကာ စံအိမ္ၾကီးမွာ အျပီးမသတ္ဘဲ ေဆာက္လက္စ တန္းလန္းျဖင့္ က်န္ရစ္ခဲ့သည္။ ျပတင္းမွန္မ်ား ကြဲေနျပီး တစ္အိမ္လံုးတြင္ ေဆာက္လုပ္ေရးပစၥည္းမ်ားျဖင့္ ျပန္႔က်ဲလ်က္ရွိသည္။ ဓာတ္ပံု-Shutterstock/ Freaktography)

စံအိမ္ေဆာက္လုပ္ေရးစီမံကိန္းတြင္ ထိပ္တန္း feature မ်ားျဖစ္ေသာ ေျမေအာက္ ေလွအိမ္၊ ပန္းခ်ီျပခန္းႏွင့္ ကိုယ္ပိုင္ေဂါက္ကြင္းတို႔ ပါဝင္ခဲ့သည္။

သူေဌးၾကီး Grant ၏ ကုမၸဏီမွာ ၂၀၀၈ ခုႏွစ္တြင္ ေဒဝါလီခံသြားခဲ့ရာ သူ၏ ေဆာက္လက္စ ဧရာမစံအိမ္ၾကီးမွာ အခြံထည္ဘဝျဖင့္ က်န္ရစ္ခဲ့ျပီး နံရံမ်ားႏွင့္ ၾကမ္းျပင္မ်ားမွာ တဝက္တပ်က္ အေျခအေနတြင္သာ ရိွေနျပီး လူေနထိုင္ႏိုင္သည့္ အေျခအေနသို႔ မေရာက္ခဲ့။

(သူေဌးၾကီး Grant သည္ တခ်ိန္က ကေနဒါ၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္ခဲ့ျပီး ၂၀၀၈ ခုႏွစ္တြင္မူ ကုမၸဏီ ေဒဝါလီခံသြားခဲ့သည္။ ဓာတ္ပံု-Shutterstock/ Freaktography)

စြန္႔ပစ္ခံထားရေသာ စံအိမ္ၾကီးျဖစ္ေသာ္လည္း ကေနဒါတစ္ႏိုင္ငံလံုးတြင္ အၾကီးမားဆံုး စံအိမ္ၾကီးအျဖစ္ သတ္မွတ္ခံထားရသည္။

စံအိမ္ၾကီးမွာ အရြယ္အစားၾကီးမားလွေသာ္လည္း အတြင္းပိုင္းမွာမူ အိပ္မက္တို႔ႏွင့္ အလွမ္းေဝးေနသည္။

အတြင္းပိုင္းတြင္ ေဆာက္လုပ္ေရးပစၥည္းမ်ား ျပန္႔က်ဲေနျပီး လက္သရမ္းထားေသာ graffiti ပံုမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

အံ့မခန္းၾကီးမားလွေသာ အဆိုပါစံအိမ္ၾကီးကို ကန္ေဒၚလာ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ရာ တိုရြန္တို အေျခစိုက္ ကုမၸဏီတစ္ခုက ဝယ္ယူခဲ့သည္။

သို႔ေသာ္ ၂၀၂၃ ခုႏွစ္အထိ ထိုအိမ္ၾကီးမွာ လံုျခံဳေရးအတြက္ မြမ္းမံမႈအခ်ိဳ႕လုပ္ေဆာင္ခဲ့ျခင္းမွလြဲျပီး ယခင္အတိုင္းသာ ရွိေနဆဲျဖစ္သည္ဟု ဆိုသည္။

(တိုရြန္တို အေျခစိုက္ ကုမၸဏီတစ္ခုက ဝယ္ယူထားသည္။ ဓာတ္ပံု-Shutterstock/ Freaktography)

(စံအိမ္ကို အျပီးသတ္ေဆာက္လုပ္ရန္ ေဒၚလာ ၁ သန္းခန္႔ ကုန္က်ဖြယ္ရွိသည္ဟု ခန္႔မွန္းထားသည္။ ဓာတ္ပံု-Shutterstock/ Freaktography)

ျပင္ပမွ စပ္စုသူမ်ား အိမ္အတြင္း ဝင္မလာေစရန္အတြက္ လံုျခံဳေရးကင္မရာမ်ားတပ္ဆင္ျခင္း၊ ျခံစည္းရိုး ကာရံျခင္းမ်ား ျပဳလုပ္ထားသည္။

(အျပီးသတ္ေဆာက္လုပ္ႏိုင္မည္ဆိုပါက အလြန္ၾကီးက်ယ္ခမ္းနားေသာ စံအိမ္ၾကီးျဖစ္လာမည္ ျဖစ္သည္။ ဓာတ္ပံု-Shutterstock/ Freaktography)

(စံအိမ္ၾကီး၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၆၅၀၀၀ ရွိသည္။ ဓာတ္ပံု-Shutterstock/ Freaktography)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Canada’s largest mansion — abandoned for more than 15 years and left to rot (nypost) Photo Credit- Shutterstock/ Freaktography

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service