Slumdog Millionaire ဇာတ်ကား၏ ဇာတ်ဝင်တေး Jai Ho ကို ပြန်လည်သီဆိုသော You are my Destiny သီချင်းကြောင့် Pussycat Dolls အဖွဲ့မှ ထွက်ခဲ့သူ အမေရိကန်အဆိုတော်၊ ရုပ်ရှင်မင်းသမီး နစ်ကိုး ရှာဇင်ဂါ ဟောလိဝုဒ်ဟေးလ်စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်တင်

Slumdog Millionaire ဇာတ်ကား၏ ဇာတ်ဝင်တေး Jai Ho ကို ပြန်လည်သီဆိုသော You are my Destiny သီချင်းကြောင့် Pussycat Dolls အဖွဲ့မှ ထွက်ခဲ့သူ အမေရိကန်အဆိုတော်၊ ရုပ်ရှင်မင်းသမီး နစ်ကိုး ရှာဇင်ဂါ ဟောလိဝုဒ်ဟေးလ်စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
24 Sep 2024 11:35 am တွင် တင်ခဲ့သည်
445 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(နစ်ကိုးရှာဇင်ဂါ ဘယ်သူလဲ)

အမေရိကန် အဆိုတော်၊ ရုပ်ရှင်မင်းသမီး နစ်ကိုး ရှာဇင်ဂါ (မွေး ၁၉၇၈) သည် အမေရိကန် R&B ပေါ့ပ်အဖွဲ့ Pussycat Dolls တွင် ပါဝင်ကာ အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။

Pussycat Dolls သည် single သီချင်း အများအပြားထွက်ခဲ့သော်လည်း တေးအယ်လ်ဘမ် ၂ ခုတည်းသာ ထွက်ခဲ့သည်။

သို့သော် ကမ္ဘာတဝန်းတွင် တေးအယ်လ်ဘမ် အချပ်ရေ ၅၅ သန်းကျော် ရောင်းချထားရပြီး သမိုင်းတလျှောက် အရောင်းရဆုံး girl group များတွင် တစ်ခုအပါအဝင် ဖြစ်သည်။

Pussycat Dolls အဖွဲ့ ကွဲခဲ့ရသည့် အကြောင်းရင်းမှာ နစ်ကိုး ရှာဇင်ဂါကို Jai Ho! (You are my destiny) သီချင်းတွင် featuring artist အဖြစ် သတ်မှတ်ခဲ့မှုကြောင့်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် အဖွဲ့ပြိုကွဲသွားသည်။

Jai Ho! (You are my Destiny) သီချင်းမှာ YouTube တွင် လက်ရှိအချိန်အထိ ကြည့်ရှုမှုအကြိမ်ရေ ၂၅၃ သန်းအထိ ရှိသည်။

Jai Ho သည် ဟိန္ဒူသီချင်းဖြစ်ပြီး Pussy Catdoll အဖွဲ့က အင်္ဂလိပ်စာသားဖြင့် ပြန်လည်သီဆိုထားခြင်း ဖြစ်သည်။

Jai Ho ကို ၂၀၀၈ ခုနှစ်က ရုံတင်ပြသခဲ့သည့် Slumdog Millionaire ဇာတ်ကားတွင် ဇာတ်ဝင်တေးအဖြစ် အသုံးပြုခဲ့ပြီးအကောင်းဆုံး ဇာတ်ဝင်တေးအဖြစ် အော်စကာဆု ရရှိခဲ့သည်။

နစ်ကိုးရှာဇင်ဂါသည် ဂီတနှင့် ရုပ်ရှင်လောက ဖြတ်သန်းမှုများအပြင် X-Factor US , X-Factor UK, Australia’s Got Talent နှင့် The Masked Singer တို့တွင် ဒိုင်လူကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

(မှတ်ချက်။ မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုအနေဖြင့် Pussycat Dolls ၏ Wait a minute ကို ရဲလေးနှင့် ဟဲလေးတို့က နည်းနည်းလေးပဲဟူသောအမည်ဖြင့် ပြန်လည်သီဆိုထားခြင်းမျှသာ ရှိသည်)

((နစ်ကိုးရှာဇင်ဂါ၏ ဟောလိဝုဒ်ဟေးလ်စံအိမ်))

နစ်ကိုးရှာဇင်ဂါက လော့စ်အိန်ဂျလိ၏ အထင်ကရလမ်းတစ်ခု၏ ပြိုင်ဘက်ကင်းရှုခင်းများ ပိုင်ဆိုင်ထားသည့် စံအိမ်ကို ကံကောင်းသည့် ပိုင်ရှင်သစ် ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အလမ်းတစ်ခု ပေးလာသည်။

ဈေးနှုန်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၇ သန်း ဈေးခေါ်ထားသည်။

အသက် ၄၆ နှစ်ရှိပြီဖြစ်သူ ၊ တချိန်က Pussycat Dolls ပေါ့ပ်အဖွဲ့၏ ဦးဆောင်အဆိုရှင်အဖြစ် ပါဝင်ခဲ့သူ နစ်ကိုးရှာဇင်ဂါက ယခုစံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအရောင်းဈေးကွက် တင်ရာတွင် ခေါ်ဈေးမှာ ဝယ်ယူခဲ့သောဈေးထက် ၂ ဆနီးပါး များပြားသော ဈေးနှုန်းလည်း ဖြစ်သည်။

တောင်စောင်းတွင် တည်ရှိကာ အိပ်ခန်း ၄ ခန်းပါပြီး ၁၉၉၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နစ်ကိုးရှာဇင်ဂါ ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၃,၇၆၀,၀၀၀ ပေးခဲ့ရပြီး ဝယ်ယူပြီးနောက်ပိုင်း ထိုအိမ်တွင် နေတလှည့် မနေတလှည့် ဖြစ်နေခဲ့သည်။

ထိုကာလအတွင်း နစ်ကိုးရှာဇင်ဂါက မကြာခဏ အငှားဈေးကွက်တင်ခဲ့ပြီး အိမ်လခ တစ်လလျှင် ဒေါ်လာ ၄၀,၀၀၀ ဖြင့် အငှားတင်ခဲ့ခြင်း ဖြစ်သည်။

(မော်ဒန်ဗိသုကာဟန် အပြင်ပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Realtor)

(လှပသော ဝန်းကျင်မြင်ကွင်းများကို ခံစားနိုင်ရန် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Realtor)

(ခမ်းနားသောရှုခင်းနှင့် ခမ်းနားသောအခန်း။ ဓာတ်ပုံ-Realtor)

(မီးဖိုခုံနှင့် စားသောက်ရန်နေရာပါသော မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

(မီးလင်းဖိုပါသော သီးသန့်ခန်း။ ဓာတ်ပုံ-Realtor)

၄၆၀၂ စတုရန်းပေကျယ်ဝန်းသော ၃ ထပ်အိမ်ဖြစ်ပြီး အရောင်းဈေးကွက်တွင် နှစ်ပေါင်းများစွာ ဝင်ချည်၊ ထွက်ချည်ဖြစ်နေခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ကန်ဒေါ်လာ ၇၉၉၅၀၀၀ ဈေးခေါ်ခဲ့သည်။

(မီးလင်းဖိုပါသော ပင်မအိပ်ခန်း။ ဓာတ်ပုံ-Realtor)

(outdoor tub ။ ဓာတ်ပုံ-Realtor)

(ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော မှန်နံရံများ ကာရံထားသည့် အားကစားလေ့ကျင့်ခန်းမ။ ဓာတ်ပုံ-Realtor)

(လူ ၁၀ ဦးဆန့် အိမ်တွင်းရုပ်ရှင်ရုံ။ ဓာတ်ပုံ-Realtor)

(ရေကူးကန်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Pussycat Doll Nicole Scherzinger Lists Glittering Hollywood Hills Mansion for $6.7 Million (realtor) Photo Credit-Realtor

[Zawgyi]

Slumdog Millionaire ဇာတ္ကား၏ ဇာတ္ဝင္ေတး Jai Ho ကို ျပန္လည္သီဆိုေသာ You are my Destiny သီခ်င္းေၾကာင့္ Pussycat Dolls အဖြဲ႔မွ ထြက္ခဲ့သူ အေမရိကန္အဆိုေတာ္၊ ရုပ္ရွင္မင္းသမီး နစ္ကိုး ရွာဇင္ဂါ ေဟာလိဝုဒ္ေဟးလ္စံအိမ္ကို ကန္ေဒၚလာ ၆ ဒသမ ၇ သန္းျဖင့္ အေရာင္းေစ်းကြက္တင္

(နစ္ကိုးရွာဇင္ဂါ ဘယ္သူလဲ)

အေမရိကန္ အဆိုေတာ္၊ ရုပ္ရွင္မင္းသမီး နစ္ကိုး ရွာဇင္ဂါ (ေမြး ၁၉၇၈) သည္ အေမရိကန္ R&B ေပါ့ပ္အဖြဲ႔ Pussycat Dolls တြင္ ပါဝင္ကာ အႏုပညာေလာကသို႔ စတင္ဝင္ေရာက္ခဲ့သည္။

Pussycat Dolls သည္ single သီခ်င္း အမ်ားအျပားထြက္ခဲ့ေသာ္လည္း ေတးအယ္လ္ဘမ္ ၂ ခုတည္းသာ ထြက္ခဲ့သည္။

သို႔ေသာ္ ကမၻာတဝန္းတြင္ ေတးအယ္လ္ဘမ္ အခ်ပ္ေရ ၅၅ သန္းေက်ာ္ ေရာင္းခ်ထားရျပီး သမုိင္းတေလွ်ာက္ အေရာင္းရဆံုး girl group မ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

Pussycat Dolls အဖြဲ႔ ကြဲခဲ့ရသည့္ အေၾကာင္းရင္းမွာ နစ္ကိုး ရွာဇင္ဂါကို Jai Ho! (You are my destiny) သီခ်င္းတြင္ featuring artist အျဖစ္ သတ္မွတ္ခဲ့မႈေၾကာင့္ျဖစ္ျပီး ၂၀၁၀ ျပည့္ႏွစ္တြင္ အဖြဲ႔ျပိဳကြဲသြားသည္။

Jai Ho! (You are my Destiny) သီခ်င္းမွာ YouTube တြင္ လက္ရွိအခ်ိန္အထိ ၾကည့္ရႈမႈအၾကိမ္ေရ ၂၅၃ သန္းအထိ ရွိသည္။

Jai Ho သည္ ဟိႏၵဴသီခ်င္းျဖစ္ျပီး Pussy Catdoll အဖြဲ႔က အဂၤလိပ္စာသားျဖင့္ ျပန္လည္သီဆိုထားျခင္း ျဖစ္သည္။

Jai Ho ကို ၂၀၀၈ ခုႏွစ္က ရံုတင္ျပသခဲ့သည့္ Slumdog Millionaire ဇာတ္ကားတြင္ ဇာတ္ဝင္ေတးအျဖစ္ အသံုးျပဳခဲ့ျပီးအေကာင္းဆံုး ဇာတ္ဝင္ေတးအျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

နစ္ကိုးရွာဇင္ဂါသည္ ဂီတႏွင့္ ရုပ္ရွင္ေလာက ျဖတ္သန္းမႈမ်ားအျပင္ X-Factor US , X-Factor UK, Australia’s Got Talent ႏွင့္ The Masked Singer တို႔တြင္ ဒိုင္လူၾကီးအျဖစ္ ပါဝင္ေဆာင္ရြက္ခဲ့သည္။

(မွတ္ခ်က္။ ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈအေနျဖင့္ Pussycat Dolls ၏ Wait a minute ကို ရဲေလးႏွင့္ ဟဲေလးတို႔က နည္းနည္းေလးပဲဟူေသာအမည္ျဖင့္ ျပန္လည္သီဆိုထားျခင္းမွ်သာ ရွိသည္)

((နစ္ကိုးရွာဇင္ဂါ၏ ေဟာလိဝုဒ္ေဟးလ္စံအိမ္))

နစ္ကိုးရွာဇင္ဂါက ေလာ့စ္အိန္ဂ်လိ၏ အထင္ကရလမ္းတစ္ခု၏ ျပိဳင္ဘက္ကင္းရႈခင္းမ်ား ပိုင္ဆိုင္ထားသည့္ စံအိမ္ကို ကံေကာင္းသည့္ ပိုင္ရွင္သစ္ ပိုင္ဆိုင္ခြင့္ရမည့္ အခြင့္အလမ္းတစ္ခု ေပးလာသည္။

ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၆ ဒသမ ၇ သန္း ေစ်းေခၚထားသည္။

အသက္ ၄၆ ႏွစ္ရွိျပီျဖစ္သူ ၊ တခ်ိန္က Pussycat Dolls ေပါ့ပ္အဖြဲ႔၏ ဦးေဆာင္အဆိုရွင္အျဖစ္ ပါဝင္ခဲ့သူ နစ္ကိုးရွာဇင္ဂါက ယခုစံအိမ္ကို ၂၀၁၆ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ယခုအေရာင္းေစ်းကြက္ တင္ရာတြင္ ေခၚေစ်းမွာ ဝယ္ယူခဲ့ေသာေစ်းထက္ ၂ ဆနီးပါး မ်ားျပားေသာ ေစ်းႏႈန္းလည္း ျဖစ္သည္။

ေတာင္ေစာင္းတြင္ တည္ရွိကာ အိပ္ခန္း ၄ ခန္းပါျပီး ၁၉၉၀ ျပည့္ႏွစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

နစ္ကိုးရွာဇင္ဂါ ဝယ္ယူခဲ့စဥ္က ကန္ေဒၚလာ ၃,၇၆၀,၀၀၀ ေပးခဲ့ရျပီး ဝယ္ယူျပီးေနာက္ပိုင္း ထိုအိမ္တြင္ ေနတလွည့္ မေနတလွည့္ ျဖစ္ေနခဲ့သည္။

ထိုကာလအတြင္း နစ္ကိုးရွာဇင္ဂါက မၾကာခဏ အငွားေစ်းကြက္တင္ခဲ့ျပီး အိမ္လခ တစ္လလွ်င္ ေဒၚလာ ၄၀,၀၀၀ ျဖင့္ အငွားတင္ခဲ့ျခင္း ျဖစ္သည္။

(ေမာ္ဒန္ဗိသုကာဟန္ အျပင္ပိုင္းျမင္ကြင္း။ ဓာတ္ပံု-Realtor)

(လွပေသာ ဝန္းက်င္ျမင္ကြင္းမ်ားကို ခံစားႏိုင္ရန္ ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-Realtor)

(ခမ္းနားေသာရႈခင္းႏွင့္ ခမ္းနားေသာအခန္း။ ဓာတ္ပံု-Realtor)

(မီးဖိုခံုႏွင့္ စားေသာက္ရန္ေနရာပါေသာ မီးဖုိေဆာင္။ ဓာတ္ပံု-Realtor)

(မီးလင္းဖိုပါေသာ သီးသန္႔ခန္း။ ဓာတ္ပံု-Realtor)

၄၆၀၂ စတုရန္းေပက်ယ္ဝန္းေသာ ၃ ထပ္အိမ္ျဖစ္ျပီး အေရာင္းေစ်းကြက္တြင္ ႏွစ္ေပါင္းမ်ားစြာ ဝင္ခ်ည္၊ ထြက္ခ်ည္ျဖစ္ေနခဲ့ျပီး ၂၀၂၀ ျပည့္ႏွစ္က ကန္ေဒၚလာ ၇၉၉၅၀၀၀ ေစ်းေခၚခဲ့သည္။

(မီးလင္းဖိုပါေသာ ပင္မအိပ္ခန္း။ ဓာတ္ပံု-Realtor)

(outdoor tub ။ ဓာတ္ပံု-Realtor)

(ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားေသာ မွန္နံရံမ်ား ကာရံထားသည့္ အားကစားေလ့က်င့္ခန္းမ။ ဓာတ္ပံု-Realtor)

(လူ ၁၀ ဦးဆန္႔ အိမ္တြင္းရုပ္ရွင္ရံု။ ဓာတ္ပံု-Realtor)

(ေရကူးကန္။ ဓာတ္ပံု-Realtor)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Pussycat Doll Nicole Scherzinger Lists Glittering Hollywood Hills Mansion for $6.7 Million (realtor) Photo Credit-Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service