Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က သွားလေရာ တကောက်ကောက်လိုက်ပါလေ့ရှိပြီး အိမ်သာတက်လျှင်ပင် လိုက်ပါစောင့်ကြပ်

Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က သွားလေရာ တကောက်ကောက်လိုက်ပါလေ့ရှိပြီး အိမ်သာတက်လျှင်ပင် လိုက်ပါစောင့်ကြပ် - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2024 9:32 am တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အာကာသခရီးသည် (Voyager ) ဟူသည်မှာ အမေရိကန် လေကြောင်းနှင့် အာကာသအဖွဲ့ (NASA) က ၁၉၇၀ ပြည့်လွန်ကာလများတွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ကို လေ့လာရန်အတွက် အာကာသသို့ လွှတ်တင် ခဲ့သော လူလိုက်ပါခြင်းမရှိသည့် အာကာသယာဉ်များ၏ အမည်ဖြစ်သည်။

ယခုအခါ ထိုအမည်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကို ခေါ်ဆိုသည့်အမည် ဖြစ်လာသည်။ အာကာသ ခရီးသည်ဟူသောအမည်မှာ Elon Musk ၏ လုံခြုံရေးအဖွဲ့ဝင်တို့က Elon Musk ကို ရည်ညွှန်း ပြောဆိုရာတွင် အသုံးပြုသည့် စကားဝှက်အမည်ဖြစ်ကြောင်း Tesla စီအီးအို၏ လုံခြုံရေး အစီအမံများနှင့် စပ်လျဉ်းပြီး နယူးယောက်တိုင်းမ်သတင်းစာကြီးက ရေးသားဖော်ပြရာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

‘အာကာသ ခရီးသည်’ ကြီးသည် လုံခြုံရေးအဖွဲ့ဝင်များ မပါဘဲ ဝေးဝေးလံလံ သွားလေ့မရှိ။

မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လုံခြုံရေးဝန်ထမ်း ၂၀ ဦးအပြင် ဆေးပညာရှင်တစ်ဦး ခြံရံလိုက်ပါကာ သွားလာလေ့ရှိကြောင်း၊ လုံခြုံရေးဝန်ထမ်းအချို့တွင် လက်နက်တပ်ဆင်ပေးထားကြောင်း နယူးယောက်တိုင်းမ် က ဖော်ပြသည်။

Elon Musk အနေဖြင့် လုံခြုံရေးများစွာထားရှိရခြင်းမှာ မည်သည့်ရှုထောင့်မှကြည့်သည်ဖြစ်စေ လျော်ကန်သည်။

Bloomberg ဘီလျံနာညွှန်းကိန်းအရ Elon Musk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၅၀ ဘီလီယံကျော်ရှိသည်။

Elon Musk သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည်။

ထိုမျှ များပြားလှသည့် ဓနစည်းစိမ်တို့က အန္တရာယ်ကို ဖိတ်ခေါ်နေသည်ကား အမှန်ပင်။

Elon Musk အနေဖြင့်မူ လုံခြုံရေးများ ပတ်ချာလည်ဝန်းရံလိုက်ပါခြင်းမရှိဘဲ သွားလာရခြင်းကို ပိုမိုသဘောကျ သည်ဟု ဆိုသည်။

သို့သော် ၂၀၁၄ ခုနှစ်တွင် Elon Musk က သူ၏ လုံခြုံရေးအဖွဲ့ကို သူ၏ လက်တိုလက်တောင်းကိစ္စများ လုပ်ဆောင်ခိုင်းခြင်း၊ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ခြင်း၊ နောက်မှလိုက်နေသူများရှိ မရှိ စောင့်ကြည့်ခြင်းများ ပြုလုပ်စေခဲ့သည်။

လုံခြုံရေးအတွက် Elon Musk ၏ အသုံးစရိတ်မှာ လစဉ် ဒေါ်လာ သိန်းဂဏန်းခန့်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက Elon Musk ၏ လုံခြုံရေးအသုံးစရိတ်မှာ ဒေါ်လာ ၁၆၃,၀၀၀ ရှိခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြသည်။

သူ၏ ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်းနှင့် လုံခြုံရေးအန္တရာယ် ပိုမိုကြီးမားလာသောကြောင့် Elon Musk က သူ၏ လုံခြုံရေးအစီအမံများကို တိုးမြှင့်လာခဲ့ရသည်။

ယခုနှစ်ဇွန်လတွင် ပြုလုပ်ခဲ့သော Tesla ၏ နှစ်ပတ်လည် ရှယ်ယာရှင်များ အစည်းအဝေးတွင် Elon Musk က ပြောခဲ့သည်မှာ မကြာသေးမီလများအတွင်း စိတ္တဇလူသတ်သမား ၂ ဦးက မိမိကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက် လာကြကြောင်း ပြောသည်။

သို့အတွက် Elon Musk က သူ၏လုံခြုံရေးအစီအမံများ တိုးမြှင့်ပြုလုပ်လာရသည်။

၂၀၂၂ ခုနှစ်အတွင်း Business Insider သတင်းဌာနက ရေးသားဖော်ပြသည်မှာ Elon Musk က သူ၏ မူလအိမ်လိပ်စာမှာ လူတိုင်းသိသောနေရာဖြစ်နေသောကြောင့် နေအိမ်တစ်လုံး လျှို့ဝှက်ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။

သူ၏ အိမ်နီးချင်းတစ်ဦးက Business Insider သတင်းဌာနသို့ ပြောခဲ့ဖူးသည်မှာ Elon Musk ၏ အိမ်တွင် ၂၄ နာရီ၊ ၇ ရက်လုံး လုံခြုံရေးရှိကြောင်း ပြောပြသည်။

Elon Musk က သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ် သွားလာမှုများကို ခြေရာခံဖော်ပြနေသည့် X (ယခင်အမည် တွစ်တာ) လူမှုကွန်ရက်အကောင့်တစ်ခုကို ဖယ်ရှားရန် ကြိုးစားခဲ့ဖူးသည်။

Tesla ၏ ထုတ်ပြန်ချက်အရ Elon Musk လုံခြုံရေးဝန်ဆောင်မှုရယူထားသည့် ကုမ္ပဏီသို့ ၂၀၂၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းပေးခဲ့ရပြီး ယခုနှစ်တွင် ဖေဖော်ဝါရီလအထိ ဒေါ်လာ ၅၀၀,၀၀၀ ပေးခဲ့ရကြောင်း ဖော်ပြသည်။

ထိုပမာဏမှာ Elon Musk ၏ လုံခြုံရေးအသုံးစရိတ်များအနက် တစိတ်တဒေသသာ ရှိသေးသည်။

လုံခြုံရေးတို့သည် Elon Musk သွားလေရာသို့ တကောက်ကောက်လိုက်ပါလေ့ရှိပြီး အိမ်သာတက်လျှင်ပင် နောက်မှ လိုက်ပါစောင့်ကြပ်လေ့ရှိသည်။

Elon Musk ၏ ဖခင် Errol ကမူ သားဖြစ်သူအနေဖြင့် ဘေးနားတွင် လုံခြုံရေး အယောက် ၁၀၀ ခန့်ထားလျှင်ပင် မိမိအနေဖြင့် သားဖြစ်သူ၏ လုံခြုံရေးကို စိုးရိမ်မိကြောင်း ပြောသည်။

Elon Musk က တောင်အာဖရိကရှိ ဖခင်ဖြစ်သူနေထိုင်သော နေအိမ်တွင်လည်း စောင့်ကြည့်ကင်မရာ၊ လျှပ်စစ်ခြံစည်းရိုးတို့ တပ်ဆင်ထားသည့်အပြင် လုံခြုံရေးများအဖြင့် အမြဲစောင့်ကြည့်ခိုင်းထားကြောင်း ဖခင်ဖြစ်သူ Errol က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk now travels with up to 20 bodyguards who refer to him by the code name 'Voyager,' report says (businessinsider)

 

[Zawgyi]

Elon Musk က စိတၱဇလူသတ္သမားတို႔၏ ျခိမ္းေျခာက္ခံရမႈေၾကာင့္ သြားေလရာသို႔ သက္ေတာ္ေစာင့္ ၂၀ ဦး ေခၚသြား၊ သက္ေတာ္ေစာင့္တို႔က သြားေလရာ တေကာက္ေကာက္လိုက္ပါေလ့ရွိျပီး အိမ္သာတက္လွ်င္ပင္ လိုက္ပါေစာင့္ၾကပ္

အာကာသခရီးသည္ (Voyager ) ဟူသည္မွာ အေမရိကန္ ေလေၾကာင္းႏွင့္ အာကာသအဖြဲ႔ (NASA) က ၁၉၇၀ ျပည့္လြန္ကာလမ်ားတြင္ ၾကာသပေတးျဂိဳဟ္ႏွင့္ စေနျဂိဳဟ္တို႔ကို ေလ့လာရန္အတြက္ အာကာသသို႔ လႊတ္တင္ ခဲ့ေသာ လူလိုက္ပါျခင္းမရွိသည့္ အာကာသယာဥ္မ်ား၏ အမည္ျဖစ္သည္။

ယခုအခါ ထိုအမည္မွာ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ကို ေခၚဆိုသည့္အမည္ ျဖစ္လာသည္။ အာကာသ ခရီးသည္ဟူေသာအမည္မွာ Elon Musk ၏ လံုျခံဳေရးအဖြဲ႔ဝင္တို႔က Elon Musk ကို ရည္ညႊန္း ေျပာဆိုရာတြင္ အသံုးျပဳသည့္ စကားဝွက္အမည္ျဖစ္ေၾကာင္း Tesla စီအီးအို၏ လံုျခံဳေရး အစီအမံမ်ားႏွင့္ စပ္လ်ဥ္းျပီး နယူးေယာက္တိုင္းမ္သတင္းစာၾကီးက ေရးသားေဖာ္ျပရာတြင္ ထည့္သြင္း ေဖာ္ျပခဲ့သည္။

‘အာကာသ ခရီးသည္’ ၾကီးသည္ လံုျခံဳေရးအဖြဲ႔ဝင္မ်ား မပါဘဲ ေဝးေဝးလံလံ သြားေလ့မရွိ။

မည္သည့္ေနရာသို႔ သြားသည္ျဖစ္ေစ လံုျခံဳေရးဝန္ထမ္း ၂၀ ဦးအျပင္ ေဆးပညာရွင္တစ္ဦး ျခံရံလိုက္ပါကာ သြားလာေလ့ရွိေၾကာင္း၊ လံုျခံဳေရးဝန္ထမ္းအခ်ဳိ႕တြင္ လက္နက္တပ္ဆင္ေပးထားေၾကာင္း နယူးေယာက္တိုင္းမ္ က ေဖာ္ျပသည္။

Elon Musk အေနျဖင့္ လံုျခံဳေရးမ်ားစြာထားရွိရျခင္းမွာ မည္သည့္ရႈေထာင့္မွၾကည့္သည္ျဖစ္ေစ ေလ်ာ္ကန္သည္။

Bloomberg ဘီလ်ံနာညႊန္းကိန္းအရ Elon Musk ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၂၅၀ ဘီလီယံေက်ာ္ရွိသည္။

Elon Musk သည္ ကမၻာေပၚတြင္ အခ်မ္းသာဆံုးပုဂၢိဳလ္လည္း ျဖစ္သည္။

ထိုမွ် မ်ားျပားလွသည့္ ဓနစည္းစိမ္တို႔က အႏၱရာယ္ကို ဖိတ္ေခၚေနသည္ကား အမွန္ပင္။

Elon Musk အေနျဖင့္မူ လံုျခံဳေရးမ်ား ပတ္ခ်ာလည္ဝန္းရံလိုက္ပါျခင္းမရွိဘဲ သြားလာရျခင္းကို ပိုမိုသေဘာက် သည္ဟု ဆိုသည္။

သို႔ေသာ္ ၂၀၁၄ ခုႏွစ္တြင္ Elon Musk က သူ၏ လံုျခံဳေရးအဖြဲ႔ကို သူ၏ လက္တိုလက္ေတာင္းကိစၥမ်ား လုပ္ေဆာင္ခိုင္းျခင္း၊ ျခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ျခင္း၊ ေနာက္မွလိုက္ေနသူမ်ားရွိ မရွိ ေစာင့္ၾကည့္ျခင္းမ်ား ျပဳလုပ္ေစခဲ့သည္။

လံုျခံဳေရးအတြက္ Elon Musk ၏ အသံုးစရိတ္မွာ လစဥ္ ေဒၚလာ သိန္းဂဏန္းခန္႔ရွိေၾကာင္း၊ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလက Elon Musk ၏ လံုျခံဳေရးအသံုးစရိတ္မွာ ေဒၚလာ ၁၆၃,၀၀၀ ရွိခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္က ေဖာ္ျပသည္။

သူ၏ ခ်မ္းသာၾကြယ္ဝမႈ၊ အဆင့္အတန္းႏွင့္ လံုျခံဳေရးအႏၱရာယ္ ပိုမိုၾကီးမားလာေသာေၾကာင့္ Elon Musk က သူ၏ လံုျခံဳေရးအစီအမံမ်ားကို တိုးျမွင့္လာခဲ့ရသည္။

ယခုႏွစ္ဇြန္လတြင္ ျပဳလုပ္ခဲ့ေသာ Tesla ၏ ႏွစ္ပတ္လည္ ရွယ္ယာရွင္မ်ား အစည္းအေဝးတြင္ Elon Musk က ေျပာခဲ့သည္မွာ မၾကာေသးမီလမ်ားအတြင္း စိတၱဇလူသတ္သမား ၂ ဦးက မိမိကို သတ္ျဖတ္မည္ဟု ျခိမ္းေျခာက္ လာၾကေၾကာင္း ေျပာသည္။

သို႔အတြက္ Elon Musk က သူ၏လံုျခံဳေရးအစီအမံမ်ား တိုးျမွင့္ျပဳလုပ္လာရသည္။

၂၀၂၂ ခုႏွစ္အတြင္း Business Insider သတင္းဌာနက ေရးသားေဖာ္ျပသည္မွာ Elon Musk က သူ၏ မူလအိမ္လိပ္စာမွာ လူတိုင္းသိေသာေနရာျဖစ္ေနေသာေၾကာင့္ ေနအိမ္တစ္လံုး လွ်ိဳ႕ဝွက္ဝယ္ယူခဲ့ေၾကာင္း ေဖာ္ျပသည္။

သူ၏ အိမ္နီးခ်င္းတစ္ဦးက Business Insider သတင္းဌာနသို႔ ေျပာခဲ့ဖူးသည္မွာ Elon Musk ၏ အိမ္တြင္ ၂၄ နာရီ၊ ၇ ရက္လံုး လံုျခံဳေရးရွိေၾကာင္း ေျပာျပသည္။

Elon Musk က သူ၏ ကိုယ္ပိုင္ဂ်က္ေလယာဥ္ သြားလာမႈမ်ားကို ေျခရာခံေဖာ္ျပေနသည့္ X (ယခင္အမည္ တြစ္တာ) လူမႈကြန္ရက္အေကာင့္တစ္ခုကို ဖယ္ရွားရန္ ၾကိဳးစားခဲ့ဖူးသည္။

Tesla ၏ ထုတ္ျပန္ခ်က္အရ Elon Musk လံုျခံဳေရးဝန္ေဆာင္မႈရယူထားသည့္ ကုမၸဏီသို႔ ၂၀၂၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၄ သန္းေပးခဲ့ရျပီး ယခုႏွစ္တြင္ ေဖေဖာ္ဝါရီလအထိ ေဒၚလာ ၅၀၀,၀၀၀ ေပးခဲ့ရေၾကာင္း ေဖာ္ျပသည္။

ထိုပမာဏမွာ Elon Musk ၏ လံုျခံဳေရးအသံုးစရိတ္မ်ားအနက္ တစိတ္တေဒသသာ ရွိေသးသည္။

လံုျခံဳေရးတို႔သည္ Elon Musk သြားေလရာသို႔ တေကာက္ေကာက္လိုက္ပါေလ့ရွိျပီး အိမ္သာတက္လွ်င္ပင္ ေနာက္မွ လိုက္ပါေစာင့္ၾကပ္ေလ့ရွိသည္။

Elon Musk ၏ ဖခင္ Errol ကမူ သားျဖစ္သူအေနျဖင့္ ေဘးနားတြင္ လံုျခံဳေရး အေယာက္ ၁၀၀ ခန္႔ထားလွ်င္ပင္ မိမိအေနျဖင့္ သားျဖစ္သူ၏ လံုျခံဳေရးကို စိုးရိမ္မိေၾကာင္း ေျပာသည္။

Elon Musk က ေတာင္အာဖရိကရွိ ဖခင္ျဖစ္သူေနထိုင္ေသာ ေနအိမ္တြင္လည္း ေစာင့္ၾကည့္ကင္မရာ၊ လွ်ပ္စစ္ျခံစည္းရိုးတို႔ တပ္ဆင္ထားသည့္အျပင္ လံုျခံဳေရးမ်ားအျဖင့္ အျမဲေစာင့္ၾကည့္ခိုင္းထားေၾကာင္း ဖခင္ျဖစ္သူ Errol က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk now travels with up to 20 bodyguards who refer to him by the code name 'Voyager,' report says (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service