အညတရ ဘဝမှ ကမ္ဘာ့အမြင့်မားဆုံးမိုးမျှော်တိုက်ကြီး အပါအဝင် အထင်ကရ အဆောက်အအုံကြီးများကို ဆောက်လုပ်ခဲ့သော အိမ်ခြံမြေ Developer ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သူတစ်ဦး

အညတရ ဘဝမှ ကမ္ဘာ့အမြင့်မားဆုံးမိုးမျှော်တိုက်ကြီး အပါအဝင် အထင်ကရ အဆောက်အအုံကြီးများကို ဆောက်လုပ်ခဲ့သော အိမ်ခြံမြေ Developer ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သူတစ်ဦး - Property News in Myanmar from iMyanmarHouse.com
2 Sep 2024 11:10 am တွင် တင်ခဲ့သည်
527 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုဟာမက် အယ်လဘာ (Mohammed Alabbar) …။

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၌ မွေးဖွားသူ မိုဟာမက် အယ်လဘာသည် ခေတ်သစ် ကမ္ဘာ့ skyline ကို ပြန်လည်ပုံဖော်ပေးခဲ့သည့် ကုမ္ပဏီ၏ ပဲ့ကိုင်ရှင် ဖြစ်သည်။

မွေးချင်း ၁၂ ဦးအနက် အကြီးဆုံးသားဖြစ်သူ အယ်လဘာသည် အညတရဘဝမှ ကမ္ဘာ့အိမ်ခြံမြေလောက၏ အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် လျှောက်လှမ်းခဲ့သည့် ဘဝဖြတ်သန်းမှုမှာ အောင်မြင်မှု ပန်းတိုင်ဆီသို့ ကြိုးစားရုန်းကန်နေသူများအတွက် စိတ်ခွန်အားရစရာ ဘဝဇာတ်ကြောင်း ဖြစ်သည်။

ဆီယက်တဲ တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် စီးပွားရေးစီမံခန့်ခွဲမှုဖြင့် ဘွဲ့ရခဲ့ပြီးနောက် အယ်လဘာသည် အာရပ်စော်ဘွားများပြည်ထောင်စုရှိ ဗဟိုဘဏ်တွင် မန်နေဂျာတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စု၊ စီးပွားရေးဖွံ့ဖြိုးမှုဌာန (DED) ကို တည်ထောင်သူ၊ အထွေထွေညွှန်ကြားရေးမှူး ဖြစ်လာပြီးနောက်ပိုင်း အယ်လဘာ၏ ဘဝလမ်းကြောင်း ကြီးမားစွာ ပြောင်းလဲခဲ့သည်။

အယ်လဘာသည် DED တွင် တာဝန်ထမ်းဆောင်ရင်း ဒူဘိုင်း၏ အကြီးအကဲ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုအမ်နှင့် အလွန်ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိလာသည်။

၎င်းတို့နှစ်ဦး ခင်မင်ရင်းနှီးခဲ့မှုမှာ ဒူဘိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ကမ္ဘာ့အဆင့် ရပ်တည်နိုင်မှုတို့အတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

အယ်လဘာသည် ၁၉၉၇ ခုနှစ်တွင် Emaar Properties ကို တည်ထောင်ခဲ့သည်။

အဆိုပါကုမ္ပဏီသည် နောင်အခါတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးဖြစ်သော Burj Khalifa နှင့် Dubai Mall တို့ အပါအဝင် ဒူဘိုင်းရှိ အထင်ကရအရှိဆုံး အဆောက်အအုံကြီးများကို ဆောက်လုပ်ခဲ့၏။

အယ်လဘာ၏ မျှော်မှန်းချက်က Emaar ကို ကမ္ဘာပေါ်တွင် တန်ကြေးအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီတစ်ခု ဖြစ်လာစေရန် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ Emaar တွင် အယ်လဘာက ရှယ်ယာ ၂၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်။

Emaar ကုမ္ပဏီ၏ တန်ကြေးမှာ အိန္ဒိယ ရူပီးငွေအားဖြင့်ဆိုလျှင် ကုဋေပေါင်း ၄၀၅၁၈၈ နီးပါး တန်ကြေးရှိသည်ဟု ဆိုသည်။

Emaar သည် လူနေအိမ်ခြံမြေကဏ္ဍအပြင် Luxury ဟိုတယ်၊ လက်လီ၊ သတ္တုတွင်းနှင့် ကုန်စည် ကဏ္ဍတို့အထိ ဖြန့်ကျက် လုပ်ကိုင်သည်။

အယ်လဘာ၏ စီးပွားရေးမှာ ထိုမျှမကသေး။

၂၀၀၆ ခုနှစ်တွင် Noon.com ကို ပူးတွဲ တည်ထောင်ခဲ့သည်။

အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဖြစ်ပြီး ဈေးကွက်တန်ကြေး ကန်ဒေါ်လာ ၁ ဘီလီယံ ရှိသည်။

Noon.com သည် အရှေ့အလယ်ပိုင်းဒေသ အွန်လိုင်းဈေးဝယ်မှုကို တော်လှန် ပြောင်းလဲပေးခဲ့သည်။

အယ်လဘာသည် ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ခြံမြေ Development ကုမ္ပဏီဖြစ်သော Eagle Hills ၏ ဥက္ကဌလည်း ဖြစ်သည်။

အယ်လဘာသည် စီးပွားရေးလောကအတွက် စွမ်းဆောင်ပေးခဲ့မှုများကြောင့် FDI မဂ္ဂဇင်းက ၂၀၁၀ ပြည့်နှစ် တွင် “အရှေ့အလယ်ပိုင်း Personality of the Year” အဖြစ် ဖော်ပြခံခဲ့ရသည်။

ထို့အပြင် ကမ္ဘာ့သြဇာအလွှမ်းဆုံး အာရပ်များစာရင်းတွင် ပဉ္စမနေရာ၌ ဖော်ပြခံရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အချက်အလက်များအရ သူ၏ ကြွယ်ဝမှုမှာ အိန္ဒိယရူပီးငွေအားဖြင့်ဆိုလျှင် ကုဋေ ၁၀၉၀၅ ရှိသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet man who built world's tallest building, UAE's Burj Khalifa, his net worth is Rs... (dnaindia)

 

[Zawgyi]

အညတရ ဘဝမွ ကမၻာ့အျမင့္မားဆံုးမိုးေမွ်ာ္တိုက္ၾကီး အပါအဝင္ အထင္ကရ အေဆာက္အအံုၾကီးမ်ားကို ေဆာက္လုပ္ခဲ့ေသာ အိမ္ျခံေျမ Developer ကုမၸဏီကို တည္ေထာင္ႏိုင္ခဲ့သူတစ္ဦး

မိုဟာမက္ အယ္လဘာ (Mohammed Alabbar) …။

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ ဒူဘိုင္းတြင္ ၁၉၅၆ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္၌ ေမြးဖြားသူ မိုဟာမက္ အယ္လဘာသည္ ေခတ္သစ္ ကမၻာ့ skyline ကို ျပန္လည္ပံုေဖာ္ေပးခဲ့သည့္ ကုမၸဏီ၏ ပဲ့ကိုင္ရွင္ ျဖစ္သည္။

ေမြးခ်င္း ၁၂ ဦးအနက္ အၾကီးဆံုးသားျဖစ္သူ အယ္လဘာသည္ အညတရဘဝမွ ကမၻာ့အိမ္ျခံေျမေလာက၏ အထင္ကရ ပုဂၢိဳလ္ၾကီးတစ္ဦးအျဖစ္ ေလွ်ာက္လွမ္းခဲ့သည့္ ဘဝျဖတ္သန္းမႈမွာ ေအာင္ျမင္မႈ ပန္းတိုင္ဆီသို႔ ၾကိဳးစားရုန္းကန္ေနသူမ်ားအတြက္ စိတ္ခြန္အားရစရာ ဘဝဇာတ္ေၾကာင္း ျဖစ္သည္။

ဆီယက္တဲ တကၠသိုလ္မွ ၁၉၈၁ ခုႏွစ္တြင္ စီးပြားေရးစီမံခန္႔ခြဲမႈျဖင့္ ဘြဲ႔ရခဲ့ျပီးေနာက္ အယ္လဘာသည္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုရွိ ဗဟိုဘဏ္တြင္ မန္ေနဂ်ာတစ္ဦးအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ စီးပြားေရးဖြံ႔ျဖိဳးမႈဌာန (DED) ကို တည္ေထာင္သူ၊ အေထြေထြညႊန္ၾကားေရးမွဴး ျဖစ္လာျပီးေနာက္ပိုင္း အယ္လဘာ၏ ဘဝလမ္းေၾကာင္း ၾကီးမားစြာ ေျပာင္းလဲခဲ့သည္။

အယ္လဘာသည္ DED တြင္ တာဝန္ထမ္းေဆာင္ရင္း ဒူဘိုင္း၏ အၾကီးအကဲ ရွိတ္ မိုဟာမက္ ဘင္ ရာရွစ္ အယ္လ္ မက္ခ္တိုအမ္ႏွင့္ အလြန္ခင္မင္ရင္းႏွီးေသာ ဆက္ဆံေရးရွိလာသည္။

၎တို႔ႏွစ္ဦး ခင္မင္ရင္းႏွီးခဲ့မႈမွာ ဒူဘိုင္းကမၻာလွည့္ခရီးသြားလုပ္ငန္း ဖြံ႔ျဖိဳးေရးႏွင့္ ကမၻာ့အဆင့္ ရပ္တည္ႏိုင္မႈတို႔အတြက္ အေရးပါသည့္ အခန္းက႑တစ္ခု ျဖစ္ခဲ့သည္။

အယ္လဘာသည္ ၁၉၉၇ ခုႏွစ္တြင္ Emaar Properties ကို တည္ေထာင္ခဲ့သည္။

အဆိုပါကုမၸဏီသည္ ေနာင္အခါတြင္ ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးျဖစ္ေသာ Burj Khalifa ႏွင့္ Dubai Mall တို႔ အပါအဝင္ ဒူဘိုင္းရွိ အထင္ကရအရွိဆံုး အေဆာက္အအံုၾကီးမ်ားကို ေဆာက္လုပ္ခဲ့၏။

အယ္လဘာ၏ ေမွ်ာ္မွန္းခ်က္က Emaar ကို ကမၻာေပၚတြင္ တန္ေၾကးအၾကီးဆံုး အိမ္ျခံေျမကုမၸဏီတစ္ခု ျဖစ္လာေစရန္ ေဆာင္ၾကဥ္းေပးႏိုင္ခဲ့သည္။ Emaar တြင္ အယ္လဘာက ရွယ္ယာ ၂၄ ဒသမ ၃ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္ထားသည္။

Emaar ကုမၸဏီ၏ တန္ေၾကးမွာ အိႏိၵယ ရူပီးေငြအားျဖင့္ဆိုလွ်င္ ကုေဋေပါင္း ၄၀၅၁၈၈ နီးပါး တန္ေၾကးရွိသည္ဟု ဆိုသည္။

Emaar သည္ လူေနအိမ္ျခံေျမက႑အျပင္ Luxury ဟိုတယ္၊ လက္လီ၊ သတၱဳတြင္းႏွင့္ ကုန္စည္ က႑တို႔အထိ ျဖန္႔က်က္ လုပ္ကိုင္သည္။

အယ္လဘာ၏ စီးပြားေရးမွာ ထုိမွ်မကေသး။

၂၀၀၆ ခုႏွစ္တြင္ Noon.com ကို ပူးတြဲ တည္ေထာင္ခဲ့သည္။

အြန္လိုင္း ကူးသန္းေရာင္းဝယ္ေရး ဝက္ဘ္ဆိုက္ျဖစ္ျပီး ေစ်းကြက္တန္ေၾကး ကန္ေဒၚလာ ၁ ဘီလီယံ ရွိသည္။

Noon.com သည္ အေရွ႕အလယ္ပိုင္းေဒသ အြန္လိုင္းေစ်းဝယ္မႈကို ေတာ္လွန္ ေျပာင္းလဲေပးခဲ့သည္။

အယ္လဘာသည္ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ အိမ္ျခံေျမ Development ကုမၸဏီျဖစ္ေသာ Eagle Hills ၏ ဥကၠဌလည္း ျဖစ္သည္။

အယ္လဘာသည္ စီးပြားေရးေလာကအတြက္ စြမ္းေဆာင္ေပးခဲ့မႈမ်ားေၾကာင့္ FDI မဂၢဇင္းက ၂၀၁၀ ျပည့္ႏွစ္ တြင္ “အေရွ႕အလယ္ပိုင္း Personality of the Year” အျဖစ္ ေဖာ္ျပခံခဲ့ရသည္။

ထို႔အျပင္ ကမၻာ့ၾသဇာအလႊမ္းဆံုး အာရပ္မ်ားစာရင္းတြင္ ပဥၥမေနရာ၌ ေဖာ္ျပခံရသည္။

၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ အခ်က္အလက္မ်ားအရ သူ၏ ၾကြယ္ဝမႈမွာ အိႏိၵယရူပီးေငြအားျဖင့္ဆိုလွ်င္ ကုေဋ ၁၀၉၀၅ ရွိသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet man who built world's tallest building, UAE's Burj Khalifa, his net worth is Rs... (dnaindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service