ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး လူနေအိမ်ခန်း မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် စီစဉ်

ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး လူနေအိမ်ခန်း မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
20 Aug 2024 2:31 pm တွင် တင်ခဲ့သည်
535 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရာဇီးနိုင်ငံ၊ Balneario Camboriu မြို့တွင် ကမ္ဘာ့အမြင့်မားဆုံး လူနေအိမ်ခန်း မိုးမျှော်တိုက်ကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်နေသည်။

Developer တို့၏ ပြောကြားချက်အရ အမြင့် ၅၅၀ မီတာနီးပါး ရှိမည်ဟု ဆိုသည်။

ဘရာဇီး developer ကုမ္ပဏီ FG Empreendimentos က ဆောက်လုပ်မည့် Triumph Tower မိုးမျှော်တိုက် ကြီးသည် အထပ်ပေါင်း ၁၀၀ ပါဝင်မည် ဖြစ်သည်။

အမြင့် ၅၄၄ မီတာ (၁၇၈၅ ပေ) မြင့်မားမည်ဖြစ်ရာ လက်ရှိ ကမ္ဘာ့အမြင့်ဆုံး လူနေမိုးမျှော်တိုက်ကြီးဖြစ်သော နယူးယောက်မြို့မှ Central Park Tower ထက် ၇၂ မီတာ (၂၃၆ ပေ) ပိုမိုမြင့်မားမည် ဖြစ်သည်။

ဘရာဇီးပြည်တွင်းသတင်းဌာနဖြစ်သော NSC Total ၏ ဖော်ပြချက်အရ Balneario Camboriu မြို့ စည်ပင်သာယာရေးအဖွဲ့က ယခုစီမံကိန်းကို ဇွန်လလယ်ပိုင်းက အတည်ပြုခွင့်ပြုချက်ပေးခဲ့သော်လည်း ဆောက်လုပ်ရေးစီမံကိန်း၏ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်သေးခြင်းမရှိကြောင်း ဖော်ပြသည်။

((မိုးမျှော်တိုက်များ၏ မြို့တော်))

“Triumph Tower (TT) စီမံကိန်းကို Balneario Camboriu မြို့ စည်ပင်သာယာအဖွဲ့က ခွင့်ပြုချက် ပေးလိုက်ပြီ ဆိုတာ FG Empreendimentos ကုမ္ပဏီအနေနဲ့ ဝမ်းမြောက်စွာ ကြေညာပါတယ်” ဟု အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

“နောက်ထပ်ခြေလှမ်းတွေ ဆက်လက်လျှောက်လှမ်းသွားပါမယ်” Balneario Camboriu မြို့၏ တောင်ဘက်တွင် တည်ရှိသော Barra Sul ကျွန်းဆွယ်ရှိ စတုရန်းမီတာ ၁၅၀,၀၀၀ ကျယ်ဝန်းသော နေရာတွင် TT မိုးမျှော်တိုက်ကြီးကို ဆောက်လုပ်မည် ဖြစ်သည်။

Balneario Camboriu မြို့သည် မိုးမျှော်တိုက်ကြီးများ များစွာရှိသည့်နေရာအဖြစ် လူသိများသည်။

တောင်အမေရိကတိုက်၏ အမြင့်မားဆုံး မိုးမျှော်တိိုက်ကြီးများမှာ ဤမြို့တွင် တည်ရှိပြီး အများစုကို FG Empreendimentos က ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ Epic Tower နှင့် One Tower တို့ အပါအဝင် ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သော Yachthouse Residence Club မှာလည်း ယခုမိုးမျှော်တိုက်ကြီး ဆောက်လုပ်မည့် Barra Sul ကျွန်းစွယ်တွင်ပင် တည်ရှိပြီး ထိုစီမံကိန်းတွင် လက်တင်အမေရိက၏ တတိယအမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ပါဝင်သည်။

လက်တင် အမေရိကတိုက်၏ အမြင့်မားဆုံး မိုးမျှော်တိုက်ဖြစ်သော Torres Obispado မှာ မက္ကဆီကို နိုင်ငံတွင်ရှိပြီး ဒုတိယအမြင့်မားဆုံး Torre Santiago မှာ ချီလီနိုင်ငံတွင် ရှိသည်။

Balneario Camboriu မြို့သည် ဘရာဇီး၏ တောင်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘရာဇီးတွင် အိမ်ခြံမြေဈေးနှုန်း အမြင့်မားဆုံးဒေသဖြစ်ကြောင်း Rio Times သတင်းဌာနက ဖော်ပြသည်။

မြို့အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ပံ့ကူညီမှုများစွာ ပြုလုပ်ပေးမှုကြောင့် မြို့၏ ဖွံ့ဖြိုးမှုမှာ လျင်မြန်ခဲ့သည်။

ထိုမြို့၏ ခရီးသွားလုပ်ငန်းမှာလည်း ဖွံ့ဖြိုးတိုးတက်နေပြီး ၂၀၂၂ မှ ၂၀၂၃ ကြား ဘတ်စ်ကားဖြင့် လာရောက် လည်ပတ်သူ ၇၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World's tallest residential skyscraper approved in Brazil (dezeen)

 

[Zawgyi]

ဘရာဇီးႏိုင္ငံတြင္ ကမၻာ့အျမင့္မားဆံုး လူေနအိမ္ခန္း မိုးေမွ်ာ္တိုက္ၾကီး ေဆာက္လုပ္ရန္ စီစဥ္

ဘရာဇီးႏိုင္ငံ၊ Balneario Camboriu ျမိဳ႕တြင္ ကမၻာ့အျမင့္မားဆံုး လူေနအိမ္ခန္း မိုးေမွ်ာ္တိုက္ၾကီးတစ္ခု ေဆာက္လုပ္ရန္ စီစဥ္ေနသည္။

Developer တို႔၏ ေျပာၾကားခ်က္အရ အျမင့္ ၅၅၀ မီတာနီးပါး ရွိမည္ဟု ဆိုသည္။

ဘရာဇီး developer ကုမၸဏီ FG Empreendimentos က ေဆာက္လုပ္မည့္ Triumph Tower မိုးေမွ်ာ္တိုက္ ၾကီးသည္ အထပ္ေပါင္း ၁၀၀ ပါဝင္မည္ ျဖစ္သည္။

အျမင့္ ၅၄၄ မီတာ (၁၇၈၅ ေပ) ျမင့္မားမည္ျဖစ္ရာ လက္ရွိ ကမၻာ့အျမင့္ဆံုး လူေနမိုးေမွ်ာ္တိုက္ၾကီးျဖစ္ေသာ နယူးေယာက္ျမိဳ႕မွ Central Park Tower ထက္ ၇၂ မီတာ (၂၃၆ ေပ) ပိုမိုျမင့္မားမည္ ျဖစ္သည္။

ဘရာဇီးျပည္တြင္းသတင္းဌာနျဖစ္ေသာ NSC Total ၏ ေဖာ္ျပခ်က္အရ Balneario Camboriu ျမိဳ႕ စည္ပင္သာယာေရးအဖြဲ႔က ယခုစီမံကိန္းကို ဇြန္လလယ္ပိုင္းက အတည္ျပဳခြင့္ျပဳခ်က္ေပးခဲ့ေသာ္လည္း ေဆာက္လုပ္ေရးစီမံကိန္း၏ အေသးစိတ္အခ်က္အလက္မ်ားကိုမူ ထုတ္ျပန္ေသးျခင္းမရွိေၾကာင္း ေဖာ္ျပသည္။

((မိုးေမွ်ာ္တိုက္မ်ား၏ ျမိဳ႕ေတာ္))

“Triumph Tower (TT) စီမံကိန္းကို Balneario Camboriu ျမိဳ႕ စည္ပင္သာယာအဖြဲ႔က ခြင့္ျပဳခ်က္ ေပးလိုက္ျပီ ဆိုတာ FG Empreendimentos ကုမၸဏီအေနနဲ႔ ဝမ္းေျမာက္စြာ ေၾကညာပါတယ္” ဟု အဆိုပါကုမၸဏီက ထုတ္ျပန္သည္။

“ေနာက္ထပ္ေျခလွမ္းေတြ ဆက္လက္ေလွ်ာက္လွမ္းသြားပါမယ္” Balneario Camboriu ျမိဳ႕၏ ေတာင္ဘက္တြင္ တည္ရွိေသာ Barra Sul ကၽြန္းဆြယ္ရွိ စတုရန္းမီတာ ၁၅၀,၀၀၀ က်ယ္ဝန္းေသာ ေနရာတြင္ TT မိုးေမွ်ာ္တိုက္ၾကီးကို ေဆာက္လုပ္မည္ ျဖစ္သည္။

Balneario Camboriu ျမိဳ႕သည္ မိုးေမွ်ာ္တိုက္ၾကီးမ်ား မ်ားစြာရွိသည့္ေနရာအျဖစ္ လူသိမ်ားသည္။

ေတာင္အေမရိကတိုက္၏ အျမင့္မားဆံုး မိုးေမွ်ာ္တိုိက္ၾကီးမ်ားမွာ ဤျမိဳ႕တြင္ တည္ရွိျပီး အမ်ားစုကို FG Empreendimentos က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ကာ Epic Tower ႏွင့္ One Tower တို႔ အပါအဝင္ ျဖစ္သည္။

၂၀၂၄ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့ေသာ Yachthouse Residence Club မွာလည္း ယခုမိုးေမွ်ာ္တိုက္ၾကီး ေဆာက္လုပ္မည့္ Barra Sul ကၽြန္းစြယ္တြင္ပင္ တည္ရွိျပီး ထိုစီမံကိန္းတြင္ လက္တင္အေမရိက၏ တတိယအျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီး ပါဝင္သည္။

လက္တင္ အေမရိကတိုက္၏ အျမင့္မားဆံုး မိုးေမွ်ာ္တုိက္ျဖစ္ေသာ Torres Obispado မွာ မကၠဆီကို ႏိုင္ငံတြင္ရွိျပီး ဒုတိယအျမင့္မားဆံုး Torre Santiago မွာ ခ်ီလီႏိုင္ငံတြင္ ရွိသည္။

Balneario Camboriu ျမဳိ႕သည္ ဘရာဇီး၏ ေတာင္ဘက္ကမ္းရိုးတန္းတြင္ရွိျပီး ဘရာဇီးတြင္ အိမ္ျခံေျမေစ်းႏႈန္း အျမင့္မားဆံုးေဒသျဖစ္ေၾကာင္း Rio Times သတင္းဌာနက ေဖာ္ျပသည္။

ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔၏ ေထာက္ပံ့ကူညီမႈမ်ားစြာ ျပဳလုပ္ေပးမႈေၾကာင့္ ျမိဳ႕၏ ဖြ႔႔ံျဖိဳးမႈမွာ လ်င္ျမန္ခဲ့သည္။

ထိုျမိဳ႕၏ ခရီးသြားလုပ္ငန္းမွာလည္း ဖြ႔ံျဖိဳးတိုးတက္ေနျပီး ၂၀၂၂ မွ ၂၀၂၃ ၾကား ဘတ္စ္ကားျဖင့္ လာေရာက္ လည္ပတ္သူ ၇၉ ရာခုိင္ႏႈန္း ျမင့္တက္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World's tallest residential skyscraper approved in Brazil (dezeen)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service